ကမ္ဘာကျော် အင်တာနက်အခြေပြုကုမ္ပဏီကြီး Tencent က တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်

ကမ္ဘာကျော် အင်တာနက်အခြေပြုကုမ္ပဏီကြီး Tencent က တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 11:25 am တွင် တင်ခဲ့သည်
852 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် အင်တာနက်အခြေပြုကုမ္ပဏီကြီး Tencent သည် တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်ဖြစ်သော Beike တွင် ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Beike Zhaofang အိမ်ခြံမြေဝက်ဘ်ဆိုက်သို့ Tencent ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူများက ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ပြည်တွင်း မီဒီယာတို့ကလည်း ဖော်ပြကြသည်။

Beike တွင် အဆုံးစွန်အားဖြင့် မည်မျှအထိ ရင်းနှီးမြှုပ်နှံမည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ အဆိုပါအကြောင်းရပ်ကို ရင်းနှီးမြှုပ်နှံသူတို့နှင့် ကုမ္ပဏီအကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်ဟု ဆိုသည်။

Beike ကို တရုတ်ထိပ်တန်းအကျိုးဆောင်ကုမ္ပဏီကြီး Lianjia က လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဘဏ္ဍာငွေမြှင့်တင်မှု ခြေလှမ်းများအတွင်း Beike ၏ မိခင်ကုမ္ပဏီတွင် ရှယ်ယာရှင် အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူ ၂၂ ဦးအထိ နှုတ်ထွက်မှုလည်း ဖြစ်ပေါ်ခဲ့သည်။

Beike ကို Ke.com ဟုလည်း လူသိများပြီး အိမ်ခြံမြေများ ရှာဖွေခြင်းအပြင် ဝယ်လက်နှင့် အိမ်ငှားတို့အတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများလည်း အကူအညီပေးသည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ပြီး Beike မှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရမူ ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် ၂၀၁၉ ခုနှစ်မကုန်မီတွင် ရှယ်ယာ ၁၀ ရာခိုင်နှုန်းခန့်ကို ယွမ်ငွေ ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၉ ဘီလီယံ) ဖြင့် ရောင်းချရန် စီစဉ်ထားသည်ဟု ဆိုသည်။

ကုမ္ပဏီ၏ တန်ဖိုးတွက်ချက်မှု ယွမ်ငွေ ၁၂၀ ဘီလီယံဟူသော ပမာဏအရ ယခုရင်းနှီးမြှုပ်နှံမှုတွင် Tencent သည် Beike ၏ ရှယ်ယာ ၄ ဒသမ ၄၇ ရာခိုင်နှုန်း ပိုင်ဆိုင်မည်လည်း ဖြစ်သည်။

တရုတ်စီးပွားရေးသတင်းအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်သော Huxiu ၏ ဖော်ပြချက်အရ Beike သည် ယခုရရှိလာသည့် ရင်းနှီးမြှုပ်နှံငွေကို စီးပွားရေးလုပ်ငန်းမှ-စီးပွားရေးလုပ်ငန်းသို့ (B2B)ဈေးကွက်အတွက် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ထုတ်ကုန်ဆန်းသစ်တီထွင်မှု၊ ဝန်ထမ်းအင်အားဖြည့်တင်းမှု အစရှိသည့်ကဏ္ဍများတွင် အသုံးပြုသွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service