ကြယ်ငါးပွင့်အဆင့်ရှိ ကမ္ဘာ့ပထမဆုံး ရေအောက်အပန်းဖြေစခန်းကြီး ဒူဘိုင်းတွင် စတင်ဆောက်လုပ်

ကြယ်ငါးပွင့်အဆင့်ရှိ ကမ္ဘာ့ပထမဆုံး ရေအောက်အပန်းဖြေစခန်းကြီး ဒူဘိုင်းတွင် စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 11:13 am တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး

ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Kleindienst Group သည် ဒူဘိုင်းတွင် ကြယ်ငါးပွင့်အဆင့်ရှိ ရေအောက်အပန်းဖြေ စခန်းကြီး စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကြယ်ငါးပွင့် အဆင့်ရှိ ရေအောက်အပန်းဖြေစခန်းကြီးသည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး The Floating Venice ဟု အမည်ပေးထားသည်။

ဒူဘိုင်း၏ ကမ်းလွန် ၄ ကီလိုမီတာအကွာတွင် ပြန့်ကျဲတည်ရှိသော ကျွန်းစုများစွာအနက်မှ ကမ္ဘာလုံးပုံသဏ္ဍာန် ကျွန်းတုငယ်တစ်ခု ဖြစ်သော The World အမည်ရှိ ကျွန်းအနီးတွင် ဆောက်လုပ်မည် ဖြစ်သည်။

အီတလီမှ နာမည်ကျော် Piazza San Marco ကဲိ့သု့ ပုံဖော်မည်ဖြစ်သည့် The Floating Venice ရေအောက်အပန်းဖြေစခန်းကြီးသည် သမားရိုးကျပုံစံများကို ဖောက်ထွက်ကာ လူနေမှုနှင့် အပန်းဖြေမှုအသွင်သစ်များကို ဖော်ဆောင်ပေးမည်ဖြစ်သည်။

ခမ်းနားလှသော အပန်းဖြေစခန်းကြီး၏ အထပ် ၄ ထပ်တွင် ငှားရမ်းနိုင်သည့်အခန်းပေါင်း ၄၁၄ ခန်း ဖြန့်ကျက်ပါဝင်မည် ဖြစ်သည်။

အဆိုပါ အခန်းများအနက် အခန်းပေါင်း ၁၈၀ ၊ ကမ္ဘာ့ပထမဆုံး ရေအောက် အားကစားလေ့ကျင့်ခန်းမနှင့် spa ၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များစွာမှာ ရေအောက်တွင် တည်ရှိမည်ဖြစ်ပြီး သန္တာကျောက်တန်းများ ပေါကြွယ်ဝသည့် ဝန်းကျင်ရေအောက် ရှုခင်းများ၏ ညှို့ယူဖမ်းစားသည့်အလှတရားများကို ရှုမြင်နိုင်မည်ဖြစ်ကြောင်း Kleindienst Group က ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် သန္တာကျောက်တန်းများ၏ အလှကို ကြည့်ရှုရင်း ကြယ်ငါးပွင့်အဆင့် တည်းခိုနေထိုင်မှု ၊ ညစာစားမှုနှင့် အဝတ်အစား ဝယ်ယူမှု များလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။

ရေပြင်နှင့် တပြေးညီအမြင့်တွင် ရေကူးကန် ၂၄ ကန် ၊ sea majlis နေရာများ၊ လှေငယ်ကလေးများ ထားရှိပေးမည်ဖြစ်ကြောင်း Burj Al Arab ဟိုတယ်ကြီးတွင် ကျင်းပသည့် The Floating Venice ရေအောက်အပန်းဖြေစခန်းစီမံကိန်း မိတ်ဆက်အခမ်းအနားတွင် ထိပ်တန်း အရာရှိတို့က ပြောကြားသည်။

ဒူဘိုင်း၏ The World ကျွန်းစုများတွင် ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ စိန့်ပီတာစဘတ်၊ ဥရောပအချက်အခြာ၊ ဆွစ်ဇာလန်နှင့်၊ မိုနာကိုဟု အမည်ပေးထားသော ကျွန်းစု ၇ ခုအတွက် ယခုစီမံကိန်းသည် အထင်ကရနေရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဒူဘိုင်း၏ ကမ်းခြေသို့ ဗင်းနစ် ၏ ညှို့ယူဖမ်းစားမှု ကျက်သရေ၊ အေးချမ်းမှုနှင့် ယဉ်ကျေးမှုတို့ကို ဆောင်ကြဉ်းပေးမည်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service