ရန်ကုန်မြို့ကမ်းနားလမ်းညဈေးကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ကမ်းနားလမ်းညဈေးကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မည် - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 10:53 am တွင် တင်ခဲ့သည်
4663 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ရှိ ကမ်းနားလမ်းညဈေးကို အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်း၍ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ပြောကြားခဲ့သည်။

အဆိုပါညဈေး အဆင့်မြှင့်တင်ခြင်းကို A 25 Myanmar Development ကုမ္ပဏီကလုပ်ပိုင်ခွင့်ရရှိထားပြီး ယင်းကဲ့သို့အဆင့်မြှင့်တင်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှိုက်စနစ်တကျစွန့်ပစ်ခြင်း၊ ကျန်းမာရေးစင်တာ၊ ဖျော်ဖြေရေးအစီအစဉ်နှင့် ယာဉ်ရပ်နားသည့်စနစ်လည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။ စမ်းသပ်စီမံကိန်းအဖြစ် ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ငွေကျပ် ၂ ဒသမ ၆ ဘီလီယံအသုံးပြုဆောင်ရွက်မည်ဖြစ်သည်။ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဇုန်နှစ်ခုဖြင့် ခွဲခြားလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“ ကမ်းနားလမ်းညဈေး စည်စည်ကားကားပြန်ဖြစ်လာဖို့ လိုအပ်နေပါတယ်။ ကုမ္ပဏီဘက်ကလည်း အဆင့်မြှင့်တင်ချင်တယ်လို့တင်ပြလာပါတယ်။အခုက ကမ်းနားလမ်းညဈေးမှာ ရောင်းချသူအနည်းငယ်ပဲရှိတော့တယ်။ ညဈေးကို ပြုပြင်လုပ်ဆောင်ရမယ့် အပိုင်းတွေအများကြီးရှိပါတယ်။ အခုပြန်လည် အဆင့်မြှင့်တင်တဲ့အခါ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်လာမယ်ဆိုတော့ ပြန်ပြီးစည်ကားလာနိုင်ပါတယ်။ ကျွန်တော်တို့ညဈေးတန်းဖော်ဆောင်တဲ့နေရာမှာ အိမ်နီးချင်းနိုင်ငံတွေလိုမဟုတ်ဘဲ လိုအပ်ချက်တွေရှိနေပါသေးတယ်” ဟုဦးသန်းနိုင်ဦးကပြောပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ရှိ အဓိကလမ်းမကြီး ၁၀ ခုမှလမ်းဘေးဈေးသည်ပေါင်း ၁၆၀၀ ကျော်ကို ၂၀၁၇ ခုနှစ်နိုဝင်ဘာလအတွင်းက ကမ်းနားလမ်းညဈေးသို့ပြောင်းရွှေ့ရောင်း ချခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းညဈေးအကောင်အထည်ဖော်ခြင်းအတွက် ငွေကျပ် ၁ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လက်ရှိတွင် ညဈေးသို့လာရောက်သူနည်းပါးခြင်းကြောင့် ညဈေးတွင်ရောင်းချသည့်ဈေးသည်များလည်းအနည်းငယ်သာကျန်ရှိတော့ကြောင်း၊ ယင်းကဲ့သို့အခြေအနေတွင် A25 Myanmar Development ကုမ္ပဏီမှအဆင့်မြှင့်တင်ရန် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

Credit: Myawaddy Newspaper

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service