ဥရောပ၏ အမြင့်ဆုံးရှုခင်းကြည့်ချားရဟတ်အား ဘန်ကောက်ဗိသုကာပညာရှင်များ ဒီဇိုင်းဆွဲနေ

ဥရောပ၏ အမြင့်ဆုံးရှုခင်းကြည့်ချားရဟတ်အား ဘန်ကောက်ဗိသုကာပညာရှင်များ ဒီဇိုင်းဆွဲနေ - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 10:42 am တွင် တင်ခဲ့သည်
1604 ကြိမ် ကြည့်ရှု့ပြီး

ဘန်ကောက်အခြေစိုက်ဗိသုကာလုပ်ငန်း Concept i က အင်္ဂလန်မြို့ နယူးကာဆယ်ရှိ တိုင်းမြစ်ကမ်းနဖူးပေါ်တွင် ရှုခင်းကြည့်ချားရဟတ်ကြီး The Whey Aye ကို ဗြိတိန် developer ဖြစ်သော World Wheel Company နှင့်ပူးတွဲ၍ မဟာစီမံကိန်းရေးဆွဲကာ ဒီဇိုင်းဆွဲမည်ဖြစ်ကြောင်း သိရသည်။

၁၄၀ မီတာ (၄၆၀ ပေ) အမြင့်ရှိ The Whey Aye သည် ဥရောပတွင် အမြင့်ဆုံးရှုခင်းကြည့်ချားရဟတ်ဖြစ်လာမည်ဖြစ်ကာ လန်ဒန်မြို့ သိမ်းမြစ်ကမ်းနဖူးပေါ်ရှိ လက်ရှိဥရောပ၏အကြီးဆုံးရှုခင်းကြည့်ချားရဟတ် London eye ထက် ၅ မီတာ (၁၆ ပေ) မြင့်မည်ဖြစ်သည်။

ဗြိတိသျှပေါင် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃၂ သန်း) ကုန်ကျမည့် The Whey Aye သည် Concept i မှ ဘန်ကောက်အခြေစိုက် ဗိသုကာပညာရှင် ဖရန့်ဆက်ဒိုမင်ဂို၏ ဒီဇိုင်းဖြစ်သော၊ လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးနေရာများဖြစ်သည့် Giants on the Quayside (နယူးကာဆယ်ဆိပ်ကမ်းပေါ်မှ ဧရာမကြီးများ) အပါအဝင် စုစုပေါင်းမြေစတုရန်းမီတာ ၃၂,၀၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။

The Whey Aye သည် ခုန်ပျံကျွမ်းထိုးစရာ ပတ္တုဖျင်ချပ်၊ တွယ်တက်ဆော့ကစားရသောာ နံရံများနှင့် မိုးပျံစင်္ကြံကဲ့သို့သော တက်ကြွလှုပ်ရှားဖွယ်နေရာများ ပါဝင်မည့် မိသားစုဖျော်ဖြေရေးစင်တာတစ်ခုပေါ်တွင် မိုးနေမည်ဖြစ်သည်။ ၎င်းစင်တာတွင် တင်းနစ်ကွင်းများနှင့် အဆင့်အမြင့်ဆုံးပုံရိပ်ယောင်ဂေါက်ကလပ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

The Whey Aye ဖော်ဆောင်မှုသည် ဆောက်လုပ်မှုစတင်ချိန်မှစကာ ပြီးစီးချိန် ၁၈ လ သို့မဟုတ် ၂၄ လအတွင်း အလုပ်အကိုင်နေရာပေါင်း ၅၅၀ ခန့်ကို ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းရသည်။

၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Concept i သည် နိုင်ငံပေါင်း ၁၉ နိုင်ငံထက်မနည်းတွင် စီမံကိန်းပေါင်း ၁၅၀ ကျော်ကို အကောင်အထည်ဖော်ပေးပြီးဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service