တောင်ကိုရီးယား မြေရှင်တစ်ဦးလျှင် ဝမ်ငွေ သန်း ၂၀၀ ခန့် ကြွေးတင်နေကြောင်း ကိုရီးယားဗဟိုဘဏ်ထုတ်ပြန်

တောင်ကိုရီးယား မြေရှင်တစ်ဦးလျှင် ဝမ်ငွေ သန်း ၂၀၀ ခန့် ကြွေးတင်နေကြောင်း ကိုရီးယားဗဟိုဘဏ်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 10:43 am တွင် တင်ခဲ့သည်
1378 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယားနိုင်ငံတွင် မြေရှင်တစ်ဦးလျှင် ပျှမ်းမျှအားဖြင့် ဝမ်ငွေ သန်း ၂၀၀ (ကန်ဒေါ်လာ ၁၇၆၀၀၀) ခန့် အကြွေးတင်နေကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က ထုတ်ပြန်သည်။

တောင်ကိုရီးယားဗဟိုဘဏ် (BOK) က ပါလီမန်သို့ တင်သွင်းသော ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုအစီရင်ခံစာအရ ၂၀၁၈ ခုနှစ်အတွင်း နေအိမ်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများကို အငှားချထားသည့် တောင်ကိုရီးယားအိမ်ထောင်စုတို့၏ ကြွေးမြီမှာ ဝမ်ငွေ ၃၇၂ ဒသမ ၄ ထရီလီယံအထိရှိခဲ့ကြောင်း ဖော်ပြထားသည်။

အိမ်ထောင်စုအားဖြင့် ၃ ဒသမ ၂၈ သန်းရှိရာ မြေရှင်တစ်ဦးလျှင် ပျှမ်းမျှအားဖြင့် ဝမ်ငွေ သန်း ၁၉၀ ကြွေးတင်နေခြင်းဖြစ်ပြီး နေအိမ်အပိုမရှိသူတို့မှာ ဝမ်ငွေ သန်း ၇၀ ခန့် ပျှမ်းမျှကြွေးတင်နေကြသည်ဟု ဆိုသည်။

ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ရေးအတွက် ငွေသားရရှိနိုင်မှုအချိုး (DSR) မှာ ပြီးခဲ့သောနှစ်အတွင်း ၄၀ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး အဆိုပါပမာဏမှာ အိမ်ခြံမြေများ အငှားမချထားကြသည့် အိမ်ထောင်စုတို့ထက် ၂၈ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

(DSR) သည် စွန့်စားမှုများသော အိမ်ထောင်စုချေးငွေများအတွက် တိုင်းတာရေးကိရိယာသဖွယ် အသုံးပြုနိုင်ပြီး ငွေချေးသူသည် သူ၏ နှစ်စဉ်ဝင်ငွေ အချိုးအရ အတိုးနှင့် အရင်းမည်မျှ ပြန်လည်ပေးဆပ်ရမည်ကို တိုင်းတာနိုင်သည်။

မြေရှင်များသည် ၎င်းတို့၏ ကြွေးမြီများ ပြန်လည်ပေးဆပ်ရန်အတွက် လုံလောက်သည့် ပိုင်ဆိုင်မှုများ ရှိသော်လည်း ငွေဖြစ်လွယ်မှု ခက်ခဲသည့်အခြေအနေကိုမူ ရင်ဆိုင်ရဖွယ်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားတွင် အိမ်ထောင်စုတို့၏ ကြွေးမြီမှာ ရတက်မအေးဖွယ်အကြောင်းရပ်တစ်ခုဖြစ်လာနေပြီး ယခင်နှစ်အတွင်း ကြွေးမြီစုစုပေါင်းအားဖြင့် ဝမ်ငွေ ၁၅၀၀ ထရီလီယံအထိ ရှိခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service