ကနေဒါတွင် တရုတ်ထိပ်တန်းကုမ္ပဏီကြီးပိုင်ဆိုင်သည့် ရုံးခန်းတာဝါကြီးကို အမေရိကန်ကုမ္ပဏီ Blackstone က ဝယ်ယူ

ကနေဒါတွင် တရုတ်ထိပ်တန်းကုမ္ပဏီကြီးပိုင်ဆိုင်သည့် ရုံးခန်းတာဝါကြီးကို အမေရိကန်ကုမ္ပဏီ Blackstone က ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 10:28 am တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် ကမ္ဘာကျော်ကုမ္ပဏီကြီး Blackstone သည် ကမ္ဘာပေါ်တွင် အလှပဆုံးမြို့အဖြစ် မကြာခဏဖော်ပြခြင်းခံရသည့် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ရှိ Bentall Centre အမည်ရှိ ကူးသန်းရောင်းဝယ်ရေး စင်တာကြီးကို တရုတ် ကုမ္ပဏီကြီး Anbang ထံမှ ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Blackstone သည် Bentall Centre ကို လော့စ်အိန်ဂျလိအခြေစိုက် Hudson Pacific Properties ကုမ္ပဏီနှင့် ပူးပေါင်းကာ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်၏ ထိပ်တန်းကုမ္ပဏီကြီးနှင့် တရုတ်ထိပ်တန်းကုမ္ပဏီကြီးတို့အကြား အရောင်းအဝယ်လုပ်ကြသည့် သမိုင်းမှတ်တမ်း တစ်ခုလည်း ဖြစ်လာသည်။

Blackstone နှင့် Hudson Pacific တို့၏ ပူးတွဲကြေညာချက်အရ အဆိုပါအဆောက်အအုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံသွားမည်ဖြစ်ပြီး စတုရန်းပေ ၁ ဒသမ ၄၅ သန်း ( ၁၃၄၇၀၉ စတုရန်းမီတာ) ကျယ်ဝန်းသော ကူးသန်းရောင်းဝယ်ရေးကွန်ပလက်စ်ကြီးအဖြစ် ချဲ့ထွင်သွားမည်ဟု ဆိုသည်။

ယင်းအဆောက်အအုံကြီးကို တရုတ်ကုမ္ပဏီကြီး Anbang က ၂၀၁၆ ခုနှစ်အတွင်း ကနေဒါဒေါ်လာ ၁ ဘီလီယံ ( ကန်ဒေါ်လာ ၇၂၉ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကို Blackstone က ထုတ်ဖော်ပြောကြားထားခြင်းကား မရှိချေ။

Anbang ၏ ဥက္ကဌ ဝူရှောက်ဟွေ ယခင်နှစ်အစောပိုင်းတွင် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ပိုင်ဆိုင်မှုအရပ်ရပ် ရောင်းချသည့်စီမံကိန်းအရ ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလတွင် Bentall Centre ကို ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

“ဗန်ကူးဗားရဲ့ ထိပ်တန်းရုံးခန်းကွန်ပလက်စ်တွေထဲက တစ်ခုကို ဝယ်ယူပြီး ဗန်ကူးဗားရုံးခန်းဈေးကွက်ကို ဝင်ရောက်ခွင့်ရတဲ့အပေါ် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်”ဟု Blackstone ၏ အမေရိကန်အိမ်ခြံမြေကဏ္ဍအကြီးအကဲ နာဒင်းမ် မက်ဂ်ဂျီက ပြောကြားသည်။

“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဖွံ့ဖြိုးမှုမြင့်မားတဲ့ မြို့ကြီးတွေမှာ တည်နေရာကောင်းပြီး အရည်အသွေးမြင့်တှဲ့ ရုံးခန်းအဆောက်အအုံတွေ ဝယ်ယူဖို့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာချထားတဲ့ ကျွန်တော်တို့အတွက် ဒီအရောင်းအဝယ်က မဟာဗျူဟာကို ဆက်လက် အကောင်အထည်ဖော်နေတဲ့ သဘောပါပဲ”Bentall Centre ကွန်ပလက်စ်ကို ဝယ်ယူရာတွင် Blackstone က ရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ Hudson Pacific က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ပူးတွဲလုပ်ကိုင်လည်ပတ်မည်ဖြစ်သည်။

Bentall Centre ကွန်ပလက်စ်ကို ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်းမရှိချေ။

အဆိုပါအရောင်းအဝယ်ကို ယခုနှစ် ဒုတိယ ၃ လပတ်အတွင်း အပြီးသတ်မည်ဟု ခန့်မှန်းထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service