အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ သုံးလအတွင်း ပြဋ္ဌာန်းနိုင်မည်

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ သုံးလအတွင်း ပြဋ္ဌာန်းနိုင်မည် - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 9:31 am တွင် တင်ခဲ့သည်
1004 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေအကျိုးဆောင်များ မျှော်လင့်နေသည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် သုံးလအတွင်း ပြဋ္ဌာန်းနိုင်မည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောသည်။

မတ် ၂၃ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီဥပဒေက နိုင်ငံတကာမှာလည်း ရှိနေတဲ့အတွက် ကျွန်တော့်အနေနဲ့ လိုအပ်တယ်လို့ ယူဆတယ်။ ဒီဥပဒေမှာ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးရဲ့သဘောထားမှတ်ချက်တွေကို တောင်းခံပြီးတော့ ပြန်စိစစ်ပြီး တင်ထားတယ်။ သုံးလအတွင်း ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်တယ်"ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းသည် အာဆီယံနိုင်ငံများနှင့်လည်း ဈေးကွက်ချိတ်ဆက်နိုင်ရန် သဘောတူလက်မှတ်ရေးထိုး ထားသည်။ ထိုသို့ အာဆီယံနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ထား ခြင်းကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများအကြား တိကျသည့်ဥပဒေ သတ်မှတ်ချက်များရှိရန် လိုအပ်ကြောင်း ဦးတင်မောင်ဝင်းက ဆိုသည်။

ဥပဒေထွက်ရှိပါက ရောင်းသူ၊ ဝယ်သူနှင့် အကျိုးဆောင်များအတွက် အကာအကွယ်ရှိလာမည်ဖြစ်ပြီး အိမ်ခြံမြေရောင်းဝယ်ရာတွင် အမှားအယွင်းများလည်း နည်းပါးလာမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလည်း ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။

"ဒီဥပဒေမှာ အကျိုးဆောင်လိုင်စင်ကိစ္စတွေလည်း ပါတဲ့အတွက် အိမ်ခြံမြေရောင်းဝယ်မှုတွေဟာ တိတိကျကျဖြစ်သွားပြီး နိုင်ငံတော်လည်း အခွန်ရစေမှာ ဖြစ်တယ်။ ဈေးနှုန်းကြီးမားမှုတွေကိုလည်း ထိန်းလာနိုင်မယ်"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းတွင် အိမ်ခြံမြေဝန်ဆောင်မှု ပေးသူနှင့် ရယူသူ နှစ်ဦးနှစ်ဖက်အကြား ဥပဒေနဲ့အညီ အကျိုးခံစားခွင့်များ ရရှိစေရန် အချက်များ ထည့်သွင်းထားပြီး ဝန်ဆောင်မှုလုပ်ကိုင်လိုသူများအတွက် မှတ်ပုံတင်ခြင်း၊ ယာယီလိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

"လက်ရှိသဘောတူညီချက်တွေအရ နိုင်ငံခြားကလူတွေ မြန်မာအိမ်ခြံမြေလောကကို ဝင်ရောက်လာမယ်။ အဲဒီလိုဝင်ရောက်လာတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အကျိုးဆောင်တွေက အရည်အသွေးအပိုင်းတွေ၊ ဝန်ဆောင်မှု အပိုင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်"ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကိုကိုဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် အခွင့်အလမ်းများစွာ ရှိနေပြီး ပြည်ပနိုင်ငံများမှ ဝင်ရောက်လုပ်ကိုင်လာနိုင်ရာ အကျိုးဆောင်များသည် နိုင်ငံခြား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ပြဋ္ဌာန်းနိုင်ရန်လိုကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် ဦးကျော်တင်က ပြောသည်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service