American Idol စတုတ္ထရာသီ၏ winner မှ ကမ္ဘာကျော်တေးသံရှင်ဖြစ်လာသူ ကာရီအန်ဒါဝုဒ်က တင်နက်ဆီပြည်နယ်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်

American Idol စတုတ္ထရာသီ၏ winner မှ ကမ္ဘာကျော်တေးသံရှင်ဖြစ်လာသူ ကာရီအန်ဒါဝုဒ်က တင်နက်ဆီပြည်နယ်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
28 Mar 2019 12:13 pm တွင် တင်ခဲ့သည်
682 ကြိမ် ကြည့်ရှု့ပြီး

ကာရီ အန်ဒါဝုဒ်၏ အမည်ရင်းမှာ ကာရီ မာရီ ဖစ်ရှာဖြစ်ပြီး ၁၉၈၃ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်တွင် မွေးဖွားခဲ့ကာ တေးရေး၊ တေးဆို၊ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးဘဝများဖြင့် ရပ်တည်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ကျင်းပသော American Idol စတုတ္ထရာသီ၏ winner အဖြစ် နာမည်ကျော်ခဲ့ရာမှတဆင့် အနုပညာဘဝ စတင်ခဲ့ခြင်းဖြစ်သည်။

သူ၏ ပွဲဦးထွက် ဆင်ဂယ်ဓာတ်ပြားဖြစ်သော "Inside Your Heaven" သည် အမေရိကန် ဘီလ်ဘုတ်၏ Hot 100 စာရင်းတွင် နံပါတ်တစ် ချိတ်ဆွဲသည့် တစ်ခုတည်းသော ကျေးလက်သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဆက်လက်ထွက်ရှိသည့် ပွဲဦးထွက် တေးအယ်လ်ဘမ်ဖြစ်သော Some Hearts မှာလည်း အောင်မြင်မှု များစွာရရှိခဲ့ရာ ကျေးလက်တေးဂီတသမိုင်းတွင် အရောင်းရဆုံးအမျိုးသမီးတစ်ကိုယ်တော်တေးအယ်လ်ဘမ်အဖြစ် ရပ်တည်နေသည်။

အဆိုပါတေးအယ်လ်ဘမ်သည် လွန်ခဲ့သော ၁၆ နှစ်တာ ကာလသမိုင်းနှင့် နှိုင်းယှဉ်လျှင် အရောင်းရဆုံး ကျေးလက်တေးအယ်လ်ဘမ် အဖြစ် စံချိန်တင်ထားပြီး ကာရီ အန်ဒါဝုဒ်သည်လည်း အဆိုပါတေးအယ်လ်ဘမ်ဖြင့် ဂရမ်မီ ၃ ဆု ဆွတ်ခူးခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းကြီးက ကာရီ အန်ဒါဝုဒ်ကို ၂၀၁၄ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ကာရီ အန်ဒါဝုဒ်သည် ဆုပေါင်းများစွာရရှိထားရာ ဂီတ၏ အော်စကာဆုဖြစ်သော ဂရမ်မီဆု ၇ ဆု၊ Billboard Music Awards ၁၀ ဆု၊ ACM Awards ၁၄ ဆု၊ American Music Awards ၁၃ ဆု၊ CMA Awards ၉ ဆုနှင့် ဂင်းနက်စ်ကမ္ဘာ့စံချိန်ဆု ၁ ခုတို့လည်း ပါဝင်သည်။

လက်ရှိအချိန်အထိ အန်ဒါဝုဒ်၏ တေးအယ်ဘမ် ချပ်ရေ ၆၅ သန်းကျော် ကမ္ဘာတစ်ဝန်းတွင် ရောင်းချထားရပြီး ဖြစ်သည်။

ယခုအခါ ကာရီ အန်ဒါဝုဒ်က တင်နက်ဆီပြည်နယ်၊ ဘရန့်ဝုဒ်မြို့ရှိ သူ၏နေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၄၅ သန်းဖြင့် အရောင်းဈေးကွက် တင်လာသည်။

အန်ဒါဝုဒ်သည် NHL ကစားသမား မိုက်ခ်ဖစ်ရှာနှင့် ၂၀၁၀ ပြည့်နှစ်တွင် လက်မထပ်မီ အီတလီဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အန်ဒါဝုဒ်သည် အဆိုပါနေအိမ်တွင် ၂၀၁၇ ခုနှစ်အတွင်း မတော်မဆဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ရာ မျက်နှာတွင် အချက် ၄၀ မှ ၅၀ ကြား ချုပ်ခဲ့ရသည့်အပြင် လက်ကောက်ဝတ်ကျိုးသွားသောကြောင့် ခွဲစိတ်ကုသမှုလည်း ခံယူခဲ့ရသည်။

အဆိုပါ မတော်တဆဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း ပရိသတ်များစွာမှာ ၎င်းတို့ဇနီးမောင်နှံကို ကြည့်ရှုရန်အတွက် ထိုဒေသသို့ ရောက်လာကြသည်။

နေအိမ်မှာ ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်း ၇၀၈၃ စတုရန်းပေကျယ်ဝန်းကာ အိပ်ခန်း ၄ ခန်းပါဝင်သည်။

ဂေါက်ကွင်းဝန်းတစ်ခုအတွင်း တည်ရှိပြီး စံမီညစာစားခန်း၊ ဧည့်ခန်းတို့ ပါဝင်ကာ မီးဖိုဆောင်တွင် နံနက်စာစားရန်နေရာနှင့် စတီးအသုံးအဆောင်ပစ္စည်းများ ထည့်သွင်းပေးထားသည်။

မီးဖိုဆောင်မှထွက်လျှင် မိသားစုနားနေခန်း၊ ထိုမှတဆင့် အိမ်နောက်ဘက် ဆင်ဝင်သို့ ရောက်ရှိမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service