မြစ်တစ်ဖက်ကမ်းက ဒေသခံများမျှော်လင့်သော မြို့သစ်

မြစ်တစ်ဖက်ကမ်းက ဒေသခံများမျှော်လင့်သော မြို့သစ် - Property News in Myanmar from iMyanmarHouse.com
28 Mar 2019 12:07 pm တွင် တင်ခဲ့သည်
1430 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြစ်တစ်ဖက်ကမ်း သို့ ငါးမိနစ်ကြာ သမ္ဗန်စီးပြီးသွားလျှင် ခနော်နီခနော်နဲ့ဖြင့် ပြွတ်သိပ်ကျပ်တည်းနေသော တဲအိမ်များ၊ အမှိုက်သရိုက် အညစ်အကြေး များနှင့် ပျက်စီးယိုယွင်းနေသည့် လမ်းများကြားတွင် ကျူးကျော် ရပ်ကွက်များပမာ နေထိုင်သူများ ကို တွေ့ရမည်ဖြစ်သည်။

ထိုသူ များက ခေတ်မီမြို့သစ်တစ်ခု လိုချင်သည်မှာ အဆန်းတကြယ်မဟုတ်။ ထိုသူတို့အတွက် ပညာ ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲရုံမျှမက အသက်မွေးဝမ်းကျောင်းဖြစ်သည့် လယ်ယာလုပ်ငန်းသည် ရာသီဥတုနှင့် ပိုးမွှားဒဏ်ကြောင့် နှစ်စဉ် ဒုက္ခခံစားနေရသည်ဟု ဒေသခံများက ပြောသည်။

‘‘ မြို့သစ်စီမံကိန်းကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက လယ်လုပ်လို့လည်း အဆင်မပြေဘူး။ ထောက် ပံ့ကြေးလည်း မရှိဘူး။ လယ်လုပ် တာလည်း ဒီနှစ်ဆို ၁၆ သိန်း လောက် ရှုံးတယ်။ ခရုကိုက်တာ’’ ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်းနေ ဦးနိုင်နိုင်ထွန်းက ရင်ဖွင့်သည်။

မြို့သစ်စီမံကိန်းစတင်ပါက အစိုးရက လယ်မြေတစ်ဧကလျှင် လျော်ကြေးကျပ်သိန်း ၁၀၀ သတ်မှတ်ထားပြီး မြေယာလျော်ကြေးမယူပါက လယ်မြေတစ်ဧကကို မြို့မြေ ၂၀ ရာခိုင်နှုန်းပြန်ပေးမည် ဟု ကမ်းလှမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။ ထိုသို့ မြို့မြေ ၂၀ ရာခိုင်နှုန်းပြန်ပေးမည့် အချက်ကို သဘောကျသည်ဟု ဦးနိုင်နိုင်ထွန်းက ဆိုသည်။

တိုင်းအစိုးရက လယ်သမား များအတွက် မြေယာလျော်ကြေး ပေးရန် ရွာမြို့ငါးခုကို စီမံကိန်း အတွင်း တည်ဆောက်ပေးမည်ဟု ကတိပေးထားသည်။

‘‘အစိုးရက ခေါ်ပြီးတော့ အစည်းအဝေးလုပ်တယ်။ တစ် ဧကကို ၂၀ ရာခိုင်နှုန်းပြန်ပေးမယ် ဆိုတာ ခံဝန်လက်မှတ်ထိုးပေးရတယ်။ သဘောကျလို့ လက်မှတ် ထိုးပေးတာ’’ဟု လယ်မြေလေး ဧက ပိုင်ဆိုင်ထားသည့် ဦးခင်မောင်တိုးက ပြောသည်။

စီမံကိန်းကြောင့် ဒေသခံများ အလုပ်အကိုင်နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာမည်ကို ဦးခင်မောင်တိုးမျှော်လင့်ထားသည်။

ရန်ကုန်မြို့သစ် တည်ဆောက်ရန် ယခင်အစိုးရလက်ထက်ကတည်းက စတင်ကြိုးပမ်းခဲ့ပြီး ၂၀၁၄ စက်တင်ဘာတွင် ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော်ကို တိုင်းအစိုးရက မြို့သစ်တည်ဆောက်ရန် တင်ပြခဲ့သည်။

ထိုမြို့သစ်စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ အပါအဝင် ကုမ္ပဏီသုံးခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည် ဟု ထိုအချိန်က မြို့တော်ဝန် ဦးလှမြင့်က ဆိုခဲ့သည်။

သို့သော် ကန့်ကွက်မှုများ ကြောင့် လွှတ်တော်တင်ပြီး ငါးရက်အကြာတွင် စီမံကိန်းရပ်ဆိုင်း ကြောင်း ကြေညာခဲ့သည်။ လက်ရှိ အစိုးရသည် ယခင်ကုမ္ပဏီများနှင့် စာချုပ်ဖျက်သိမ်းပြီး တရုတ်ကုမ္ပဏီနှင့် လုပ်ဆောင်ရန် စီစဉ်ခြင်း ဖြစ်ပြီး ထိုသို့ လုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီကို တင်ဒါခေါ်ခြင်းမရှိပေ။ တရုတ်ကုမ္ပဏီက NYDC Challe-nge အရ စီမံကိန်းကို ဆန်းစစ်လေ့လာ၍ ဒီဇိုင်းထုတ်ယူခွင့်ရမည် ဖြစ်သည်။

NYDC Challenge ဆိုသည် မှာ Swiss Challenge ကို အခြေခံထားခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခု က မိမိလုပ်ကိုင်လိုသည့် စီမံကိန်း တစ်ခုကို အစအဆုံးကုန်ကျခံ လေ့လာစစ်တမ်းပြုလုပ်ပြီး စီမံကိန်း ဒီဇိုင်းထုတ်ပေးရခြင်းဖြစ်ပြီး ဒီဇိုင်း ရရှိပါက ထိုစီမံကိန်းကို အခြားကုမ္ပဏီများနှင့်အတူ ဈေးပြိုင် တင်ဒါ ပြန်လည်ဝင်ပြိုင်ရမည် ဖြစ်သည်။ အကယ်၍ မူလကုမ္ပဏီက တင်ဒါမအောင်မြင်ပါက တင်ဒါအောင်မြင်သည့် ကုမ္ပဏီက စီမံကိန်းဒီဇိုင်းကုန်ကျစရိတ်ကို ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။

ယခု မြို့သစ်စီမံကိန်းကို ဒီဇိုင်းအကောင်အထည်ဖော်ခွင့် ရသည့် CCCC ကုမ္ပဏီသည် ယခင် အစိုးရလက်ထက်ကတည်းကပင် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု NYDC အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

ထိုသို့ တစိုက်မတ်မတ် ကြိုးစားနေခြင်းကြောင့် အဆိုပါ စီမံကိန်းသည် စီးပွားရေးအမြတ်အစွန်းအပြင် နိုင်ငံရေးအမြတ်ရလို မှုများရှိမည်ဟု ဝေဖန်မှုအချို့ လည်း ရှိသည်။

မြို့သစ်စီမံကိန်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် ခေတ်သစ်ပိုးလမ်းမ (Belt and Road Initiative-BRI) စီမံကိန်း အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ BRI သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မန္တလေးသို့ ဆက်သွယ်ပြီး ကျောက်ဖြူနှင့် ရန်ကုန်မြို့တို့ကို Y ပြောင်းပြန်ပုံစံချိတ်ဆက်ရန် ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်း သည် တရုတ် BRI အတွက် ပင်လယ်ထွက်ပေါက်တစ်ခု ထပ်မံရရှိမည့် စီမံကိန်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအကျိုးအမြတ်အတွက် မြန်မာပညာရှင်များက အစိုးရကို မေးခွန်းထုတ်နေခြင်းဖြစ်ပြီး တိုင်း အစိုးရ၏အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်းရရှိရေးအစား တရုတ်ပိုင် မြို့တစ်ခုဖြစ်မည့်အရေး စိုးရိမ်နေကြသည်။

ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များကလည်း ရန်ကုန်မြို့သစ်စီမံကိန်းသည် လွှတ်တော်၏ခွင့်ပြုချက်မရရှိသေးဘဲ ဆောင်ရွက်ခြင်းကြောင့် အစိုးရ ကို မေးခွန်းထုတ်နေသည်။

ရန်ကုန်မြို့လယ်နှင့် မြစ်တစ်ခုသာ ခြားပြီး လယ်ကွင်းအများအပြားရှိသည့်နေရာတွင် တည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရန်ကုန်မြို့သူမြို့သားအချို့နှင့် ရန်ကုန်တိုင်းအစိုးရကြား လွန်ဆွဲပွဲဖြစ်နေသည်။ ထောက်ခံသူတွေ ဝေဖန်သူတွေနဲ့ ရန်ကုန်မြို့ သစ်လားရာကတော့ ဆူညံနေဦးမှာအသေအချာပင်ဖြစ်သည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service