Speed ဇာတ်ကားတွင် ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ကာ ကမ္ဘာကျော်ခဲ့သော ဟောလိဝုဒ်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဂျော်ဂျီယာပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ရောင်းချရန်စီစဉ်

Speed ဇာတ်ကားတွင် ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ကာ ကမ္ဘာကျော်ခဲ့သော ဟောလိဝုဒ်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဂျော်ဂျီယာပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ရောင်းချရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
28 Mar 2019 11:42 am တွင် တင်ခဲ့သည်
771 ကြိမ် ကြည့်ရှု့ပြီး

ဆန်ဒြာဘူးလော့၏ အမည်ရင်းမှာ ဆန်ဒြာအန်းနက် ဘူးလော့ခ်ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် အမေရိကန်ပြည်၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့တွင် မွေးဖွားကာ ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ပရဟိတသမားဘဝများဖြင့် ကျင်လည်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော Demolition Man ဖြင့် အောင်မြင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကီနူးရိဗ်နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သော Speed (၁၉၉၄) အက်ရှင်ဇာတ်ကားတွင်ကား အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

စီးပွားရေးအရ အောင်မြင်မှုအရခဲ့ဆုံးမှာ ဟာသဇာတ်မြူးတစ်ခုဖြစ်သော Minions (၂၀၁၅) ဇာတ်ကားတွင် ဖြစ်သည်။ အဆိုပါဇာတ်ကား သည် box office တွင် ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရရှိခဲ့သည်အထိ အောင်မြင်ခဲ့သည်။

၂၀၀၇ နှင့် ၂၀၁၀ ခုနှစ်များအတွင်း ဟောလိဝုဒ်၏ သရုပ်ဆောင်ကြေးအမြင့်မားဆုံး ရုပ်ရှင်မင်းသမီးအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၁၅ ခုနှစ် အတွင်း People မဂ္ဂဇင်းကြီးကလည်း ဆန်ဒြာဘူးလော့ခ်ကို အချောလှဆုံး အမျိုးသမီးအဖြစ် ဖော်ပြခဲ့သည်။

Speed ဇာတ်ကားတွင် ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ကာ ကမ္ဘာကျော်ခဲ့သော ဟောလိဝုဒ်မင်းသမီး ဆန်ဒြာဘူးလော့ခ်သည် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ရောင်းချရန်စီစဉ်လာသည်။

အော်စကာဆုရှင် မင်းသမီး ဆန်ဒြာဘူးလော့ခ်သည် ဂျော်ဂျီယာပြည်နယ်၊ တိုင်ဘီးကျွန်းရှိ ကာလကြာရှည်နေထိုင်ခဲ့သော ကမ်းခြေစံအိမ်ကြီးနှင့် လမ်းခွဲရန် အသင့်ဖြစ်နေပြီဖြစ်ပြီး နေအိမ်နှင့် နေအိမ်အတွင်းရှိ အရာအားလုံးကို ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ရောင်းချမည်ဟု ဆိုသည်။

ဂျော်ဂျီယာပြည်နယ်၏ သက်တမ်းအရင့်ဆုံး ရှေးဟောင်းမြို့တစ်ခုဖြစ်သော ဆဗားနားမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်တွင် တည်ရှိသည့် အဆိုပါနေအိမ်၏ ခေါ်ဈေးမှာ ဒေသတွင်းတွင် ဈေးအကြီးဆုံးဖြစ်လာပြီး လွန်ခဲ့သော မတ်လ ၁၈ ရက်က အရောင်းဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

တိုင်ဘီးကျွန်း၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး ခြံဝန်းအကျယ်မှာ ၃ ဧကနီးပါးရှိသည်။

ယခုရောင်းချမှုတွင် နေအိမ်အတွင်းရှိ ပရိဘောဂအားလုံး ပါဝင်မည်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ အသုံးအဆောင်အချို့သာ ပါဝင်ခြင်းရှိမည် မဟုတ်ဟု Celia Dunn Sotheby's International Realty မှ အကျိုးဆောင်များဖြစ်သော ရူသီ လိုင်နာနှင့် ရေချယ် အမ်းဘရစ်တို့က ပြောကြားသည်။

ပင်မနေအိမ်မှာ စတုရန်းပေ ၃၃၆၀ အကျယ်အဝန်းရှိပြီး ကျယ်ဝန်းသည့် မီးဖိုဆောင်၊ မှန်များကာရံထားသည့် ဆင်ဝင်များ၊ အားကစားလေ့ကျင့်ခန်းမ၊ ဘတ်စကက်ဘောကွင်း၊ ရေကူးကန်နှင့် သီးသန့်ကမ်းခြေတစ်ခုတို့ ပါဝင်သည်။

ဧည့်ဂေဟာမှာမူ စတုရန်းပေ ၂၈၄၈ ကျယ်ဝန်းပြီး ဂိမ်းကစားခန်းတစ်ခု၊ ဟင်းလင်းပြင်အကင်နေရာ၊ မျှော်စင်တစ်ခုတို့ ပါဝင်သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော ဆန်ဒြာဘူးလော့ခ်သည် အဆိုပါနေအိမ်ကို ၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service