ဆောက်လုပ်ရေးကဏ္ဍ နှေးကွေး နေချိန်တွင် အစိုးရနှင့် ဗဟိုဘဏ်မှ လျော့ပေါ့သင့်သည်များ လျော့ပေါ့လုပ်ဆောင်ရန် လိုအပ်

ဆောက်လုပ်ရေးကဏ္ဍ နှေးကွေး နေချိန်တွင် အစိုးရနှင့် ဗဟိုဘဏ်မှ လျော့ပေါ့သင့်သည်များ လျော့ပေါ့လုပ်ဆောင်ရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
28 Mar 2019 11:32 am တွင် တင်ခဲ့သည်
822 ကြိမ် ကြည့်ရှု့ပြီး

ဆောက်လုပ်ရေးကဏ္ဍ နှေးကွေး နေချိန်တွင် အစိုးရနှင့် ဗဟိုဘဏ်မှ လျော့ပေါ့လုပ်ကိုင်ရမည်များကို လျော့ပေါ့ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဌ ဦးရှိန်ဝင်း က ပြောသည်။

နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်အနေဖြင့် Condominium Law နှင့်အတူ အခွန်အခများကို လျှော့ပေးခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသော ဆောက်လုပ်ရေးကဏ္ဍ တုံ့ဆိုင်းနှေးကွေးနေမှုမှာ ပြန်လည် လည်ပတ်လာနိုင်ကြောင်း၊ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ Condominium Law မှာ အထူးဥပဒေတစ် ရပ်ဖြစ်ပြီး အဆိုပါဥပဒေအတွက် အ ထူးတံဆိပ်ခေါင်းနှင့် အထူးဝင်ငွေခွန် များကို လျော့ပေါ့ကောက်ခံခြင်းဖြင့် ကွန်ဒိုတိုက်ခန်းဈေးကွက်ကို ပြန်လည် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရ သည်။

"၂၀ဝ၁ ခုနှစ်တုန်းက စင်္ကာပူ ဈေးကွက်ပျက်ချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာလည်း နှေးကွေးတုံ့ဆိုင်းသွားတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီတုန်းက အစိုးရနဲ့ ဗဟိုဘဏ်ပေါင်းစပ်ပြီး လုပ်ပေးခြင်းအားဖြင့် ဈေးကွက်မြှင့်တင်နိုင်ခဲ့ပါတယ်။ အခု လည်း ဆောက်လုပ်ရေးကဏ္ဍမြင့်တက်ဖို့အတွက် ဗဟိုဘဏ်ရယ်၊ အစိုးရရယ်၊ လုပ်ငန်းရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ် တွေ့ဆုံပြီး လုပ်ပေးခြင်းအားဖြင့် ဆောက်လုပ်ရေးလောကကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးဝင်းရှိန်က ပြောသည်။

သူကပဲဆက်ပြီး '' အထူးဥပဒေအတွက် အထူးတံဆိပ်ခေါင်းနဲ့ အထူးဝင် ငွေခွန်တွေကို လျော့ပေးရင် ကွန်ဒိုဈေးကွက်ကိုလည်း ဖော်ဆောင်နိုင်မယ်။ နိုင်ငံတော်အတွက်လည်း ဒေါ်လာငွေတွေ စီးဝင်လာနိုင်တယ်။အဲဒါကြောင့် လျော့ ပေါ့ခြင်းလုပ်ငန်းတွေကို ဈေးကွက်စီးပွား အရ လျော့ပေါ့လုပ်ဆောင်ပေးမယ်ဆိုရင် ဆောက်လုပ်ရေးလောကတစ်ခုလုံး ပြန်လည်လည်ပတ်လာမှာပါ ''ဟု ပြောသည်။

ကွန်ဒိုမီနီယမ်ဈေးကွက်ကို မြှင့်တင်ပေးခြင်းသည် နိုင်ငံခြားငွေများ ပြည်တွင်းဈေးကွက်သို့ စီးဝင်လာနိုင်သလို ကွန်ဒိုဝယ်ယူသူများအတွက်ကို လည်း နိုင်ငံခြားဘဏ်များနှင့်ချိတ်ဆက် ၍ ချေးငွေစနစ်တစ်ခုဖော်ဆောင်ပေးရန် လိုအပ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service