ဗြိတိသျှကောင်စစ်ဝန်က နယူးယောက်မြို့ ၊ ကုလသမဂ္ဂပလာဇာရှိ penthouse ခန်းကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ

ဗြိတိသျှကောင်စစ်ဝန်က နယူးယောက်မြို့ ၊ ကုလသမဂ္ဂပလာဇာရှိ penthouse ခန်းကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
28 Mar 2019 11:22 am တွင် တင်ခဲ့သည်
647 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဗြိတိသျှကောင်စစ်ဝန်သည် နယူးယောက်မြို့ ၊ မန်ဟက်တန်ရပ်ရှိ ကုလသမဂ္ဂပလာဇာ (50 United Nations Plaza )ရှိ penthouse ခန်းကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူလိုက်သည်ဟု ဆိုသည်။

အဆိုပါ penthouse ခန်းသည် ၂၀၁၆ ခုနှစ်ကတည်းက အရောင်းဈေးကွက်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခင်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၈ ဒသမ ၉၅ သန်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

အရောင်းအဝယ်တွင် ဝယ်လက်မှာ ဗြိတိသျှကောင်စစ်ဝန်ဖြစ်သည်ဟု ဖော်ပြထားပြီး လစ်သူယေးနီးယားနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဒေးဗစ် ဟန့်ထ်က လက်မှတ်ရေးထိုးပေးထားသည်။

အမေရိကန်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မိုက်ကယ်သာတမ်ကိုလည်း ရှေ့နေရှေ့ရပ်အာဏာပေးအပ်ထားကြောင်း ၂၀၁၈ ခုနှစ်၊ မတ်လ မှတ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

Penthouse ခန်းသည် မန်ဟက်တန်၏ East Side အရပ်ရှိ 50 United Nations Plaza အဆောက်အအုံကြီးတွင် တည်ရှိသည်။

စတုရန်းပေ ၅၈၉၃ အကျယ်အဝန်းရှိကာ တစ်လွှာလုံးအပြည့်ဖြစ်ပြီး မတ်လ ၁၅ ရက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းအရ အိပ်ခန်း ၅ ခန်း၊ ဝန်ထမ်းများအတွက် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည်ဟု ဖော်ပြထားသည်။

၇၃ ပေ ကျယ်ဝန်းသော ဧည့်ခန်းမှတစ်ဆင့် East River မြစ်နှင့် ကုလသမဂ္ဂအတွင်းဝန်ရုံးအဆောက်အအုံများကို တွေ့မြင်နေရသည်။

အဆိုပါအဆောက်အအုံကြီးတွင် တည်းခိုနေထိုင်သည်မှာ ဗြိတိသျှသံတမန်တို့မှာ ပထမဆုံးကား မဟုတ်ချေ။

အမေရိကန်အစိုးရက အဆိုပါအဆောက်အအုံကြီး၏ penthouse တစ်ခန်းကို ကုလသမဂ္ဂသံတမန်တစ်ဦးအား ငှားရမ်းပေးခဲ့ဖူးသည်။

ထို့အပြင် ကာတာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့မှာလည်း 50 United Nations Plaza အဆောက်အအုံကြီးတွင် penthouse ခန်း တစ်ခန်း အပါအဝင် အခန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည်။

50 United Nations Plaza အဆောက်အအုံကြီးသည် ၄၃ ထပ်မြင့်မားသည့် မိုးမျှော်တိုက်ကြီးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဇက်ကင်ဒေါ့ဖ်မိသားစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမိသားစုသည် အမှတ် ၁၅၊ Central Park West နှင့် အမှတ် ၅၂၀၊ ပန်းခြံရိပ်သာလမ်း အဆောက်အအုံများကဲ့သို့ ထင်ရှားသည့်အဆောက်အအုံကြီးများလည်း ဆောက်လုပ်ထားသည်။

ဇက်ကင်ဒေါ့ဖ်မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင် ယခုအရောင်းအဝယ်ဖြစ်မှုအပေါ် များစွာဝမ်းမြောက်မိကြောင်း၊ လက်ရှိအချိန်တွင် 50 United Nations Plaza အဆောက်အအုံကြီး၏ အခန်း ၈၃ ရာခိုင်နှုန်းကို ရောင်းချထားရပြီးဖြစ်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service