ဥရောပတိုက်၏ ပထမဆုံးရေအောက်စားသောက်ဆိုင်ကို နော်ဝေနိုင်ငံတွင်ဖွင့်လှစ်

ဥရောပတိုက်၏ ပထမဆုံးရေအောက်စားသောက်ဆိုင်ကို နော်ဝေနိုင်ငံတွင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
26 Mar 2019 12:06 pm တွင် တင်ခဲ့သည်
1234 ကြိမ် ကြည့်ရှု့ပြီး

ဥရောပတိုက်၏ ပထမဆုံးရေအောက်စားသောက်ဆိုင်ကို နော်ဝေနိုင်ငံ၊ လင်းဒက်စ်နက်စ်မြို့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး Under ဟု အမည်ရသည်။

ဒေသတွင်း ထွက်ကုန်များ၊ ပင်လယ်စာများဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများကို စားသောက်ရင်း ပင်လယ်ရေအောက်ရှုခင်းများကို ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့အပြင် အဆိုပါစားသောက်ဆိုင်သည် ရေနေသက်ရှိ သုတေသနစင်တာတစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း ဒီဇိုင်းရေးဆွဲပေးခဲ့သည့် Snøhetta အဖွဲ့က ပြောကြားသည်။

ဧည့်သည်များသည် ရေနေသတ္တဝါတို့ကို ကြီးမားလှသော ရေအောက်မှန်ပြတင်းများမှတဆင့် ကြည့်ရှုနိုင်မည်ဟု ဆိုသည်။

Snøhetta သည် နော်ဝေနိုင်ငံ၊ အော့စလိုနှင့် အမေရိကန်ပြည်၊ နယူးယောက်မြို့တို့တွင် အခြေစိုက်ရုံးများ ရှိသည်။

Under ရေအောက်စားသောက်ဆိုင်သည် နော်ဝေနိုင်ငံ၏ တောင်ဘက်ဖျား ကမ်းရိုးတန်းဒေသတွင် တည်ရှိပြီး ပင်လယ်ကြမ်းပြင်တွင် အခြေတည်ဆောက်လုပ်ထားကာ ရေပေါ်သို့ ပေါ်နေသည့်အဆောက်အအုံအစိတ်အပိုင်းလည်း ပါဝင်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၁၆ ပေခန့် အနက်အထိ ရှိသည်။

မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၏ အေးခဲနေသည့်ရေများ၏ ဖိအားဒဏ်ခံနိုင်ရည်ရှိစေရန် အဆောက်အအုံနံရံများကို ၃ ပေကျော်အထိ ထူထဲစွာ ဆောက်လုပ်ထားသည်ဟု ဆိုသည်။

Under ၏ စားဖိုဆောင်ကို ကွပ်ကဲမည့်သူမှာ နော်ဝေနိုင်ငံ၊ ကရစ္စတီယန်ဆန်းမြို့ရှိ Måltid စားသောက်ဆိုင်မှ ဒိန်းမတ်လူမျိုး စားဖိုမှူး နီကိုလိုင်း အီလစ်ဂါ့ဒ်ဖြစ်သည်။

အဆိုပါစားသောက်ဆိုင်တွင် ညစဉ် ဖောက်သည် ၃၅ ဦးမှ ၄၀ ဦးအကြား ညစာဧည့်ခံနိုင်မည်ဟု ဆိုသည်။

“လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေ၊ စစ်မှန်တဲ့သဘာဝအရသာတွေဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပါ။ တချိန်တည်းမှာပဲ ဧည့်သည်တွေကို သက်တောင့်သက်သာအနေအထားမှာ ဘယ်မှာမှမရနိုင်တဲ့ ညစာစားတဲ့ အတွေ့အကြုံမျိုး ကျွန်တော်တို့ ပေးချင်ပါတယ်”အစားအသောက်စာရင်းမှာ ရာသီအလိုက်ပြောင်းလဲနေမည်ဖြစ်ပြီး နော်ဝေငွေ ၂၂၅၀ (ကန်ဒေါ်လာ ၂၆၆) ခန့် ကျသင့်ဖွယ်ရှိသည်။

ဝိုင်တစ်ခွက်လျှင် နော်ဝေငွေ ၁၄၅၀ ၊ ဖျော်ရည်တစ်ခွက်လျှင် ၈၅၀ ဖြင့် ရရှိနိုင်မည်ဟုလည်း ဆိုသည်။

အဏ္ဏဝါဇီဝဗေဒနှင့် ငါးတို့၏ အလေ့အထများကို လေ့လာရန်အတွက် စားသောက်ဆိုင်အတွင်း၊ အပြင် မျက်နှာစာများတွင် ကင်မရာများ၊ တိုင်းတာရေးကိရိယာများ တပ်ဆင်ထားကြောင်းလည်း Snøhetta ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သုတေသီတို့သည် စားသောက်ဆိုင်ဝန်းကျင် ရေပြင်အတွင်း နေထိုင်ကျက်စားလျက်ရှိသော ရေနေသတ္တဝါပမာဏ၊ အပြုအမူ အလေ့အထနှင့် မျိုးစိတ်များကို လေ့လာရန် စီစဉ်ထားသည်။

ရရှိလာသော အချက်အလက်များကို အသုံးပြုကာ အဏ္ဏဝါအရင်းအမြစ် စီမံခန့်ခွဲမှု တိုးတက်စေရေးအတွက် နည်းလမ်းသစ်များ ဖော်ထုတ်ရန် အကူအညီပေးသွားမည်ဟု ဆိုသည်။

ထို့အပြင် အီလစ်ဂါ့ဒ်သည် ပင်လယ်စာများ စဉ်ဆက်မပြတ် မွေးမြူထားရှိနိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းများကို လေ့လာရန် သိပ္ပံပညာရှင်များနှင့် လက်တွဲဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service