ယခုရက်သတ္တပတ်အတွင်း ယွမ်ငွေ ၃ ဘီလီယံအကြွေးဆပ်ရန်ရှိသော တရုတ်ထိပ်တန်း developer ဖြစ်သည့် Tahoe က ဟန်ကျိုးရှိ အိမ်ခြံမြေစီမံကိန်းတစ်ခုကို အလျင်စလိုရောင်းချ

ယခုရက်သတ္တပတ်အတွင်း ယွမ်ငွေ ၃ ဘီလီယံအကြွေးဆပ်ရန်ရှိသော တရုတ်ထိပ်တန်း developer ဖြစ်သည့် Tahoe က ဟန်ကျိုးရှိ အိမ်ခြံမြေစီမံကိန်းတစ်ခုကို အလျင်စလိုရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Mar 2019 11:48 am တွင် တင်ခဲ့သည်
646 ကြိမ် ကြည့်ရှု့ပြီး

လာမည့် မတ်လ ၂၈ ရက်တွင် အရင်းနှင့် အတိုး ယွမ်ငွေ ၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၅၀) အကြွေးဆပ်ရန်ရှိသော တရုတ်ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သည့် Tahoe က ရှန်ကျန်းစတော့အိတ်ချိန်းသို့ ထုတ်ပြန်ချက်တစ်ရပ် ပေးပို့ခဲ့ရာတွင် မိမိတို့၏ ကြွေးမြီများကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖူကျိုးအခြေစိုက် Tahoe ကုမ္ပဏီသည် ဟန်ကျိုးရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းတစ်ခု၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပြိုင်ဖက်ကုမ္ပဏီဖြစ်သော Shimao Property ထံ ယွမ်ငွေ ၃၇၈ သန်းဖြင့် ရောင်းချလိုက်ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

Tahoe ကုမ္ပဏီသည် ၎င်း၏ပိုင်ဆိုင်မှုပမာဏထက် ၄ ဆခန့် များပြားသော ကြွေးမြီပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ယွမ်ငွေ ၁၀ ဒသမ ၅ ဘီလီယံခန့် အကြွေးဆပ်ရန် ရှိနေသည်။

မတ်လ ၂၈ ရက်တွင် ပေးဆပ်ရမည့် ကြွေးမြီ ယွမ်ငွေ ၃ ဘီလီယံနှင့် အတိုး ယွမ်ငွေ ၂၁၉ သန်းကို ပေးဆပ်ရန် အခက်အခဲမရှိကြောင်း Tahoe က စတော့အိတ်ချိန်းတွင် ထုတ်ပြန်ကာ ရင်းနှီးမြှုပ်နှံသူများကို အသိပေးခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းသတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Tahoe သည် ယခုနှစ်အတွင်း ယွမ်ငွေ ၅၉ ဘီလီယံကြွေးမြီနှင့် စပ်လျဉ်းသော တာဝန်များ ရှိနေကြောင်း ဖော်ပြကြသည်။

Tahoe သည် မေလ ၂၅ ရက်တွင်လည်း အခြားကြွေးမြီတစ်ခုနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ရာ အခြားကြွေးရှင် ၂ ဦးထံ အတိုးအဖြစ် ယွမ်ငွေ ၂၈၈ သန်း ပေးဆောင်ရမည့်အကြောင်းရပ်လည်း ရှိနေသေးသည်။

ထို့အပြင် သြဂုတ်လအတွင်းတွင်လည်း ယွမ်ငွေ ၁ ဒသမ ၆ ဘီလီယံအကြွေးဆပ်ရမည့် ကာလကျရောက်မည်ဟု ဆိုသည်။

Tahoe သည် ရောင်းချရမှုဆိုင်ရာ အချက်အလက်များအရ တရုတ်ပြည်တွင် နံပါတ် ၂၀ နေရာတွင် ရပ်တည်နေသည့် အကြီးမားဆုံး အိမ်ခြံမြေ developer အဖြစ် ရပ်တည်နေပြီး ဖောက်သည်များက Tahoe ထံမှ အိမ်ခြံမြေ ယွမ်ငွေ ၁၃၀ ဘီလီယံဖိုး ဝယ်ယူထားသည်။

ဟန်ကျိုးစီမံကိန်းကို ဝယ်ယူခဲ့သော Shimao ကုမ္ပဏီမှာမူ ရောင်းချရမှု ယွမ်ငွေ ၁၇၆ ဘီလီယံဖိုးရှိပြီး နံပါတ် ၁၁ နေရာတွင် ရပ်တည်နေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service