မြို့ သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး NYDC ကပြန်လည်ရှင်းလင်း

မြို့ သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး NYDC ကပြန်လည်ရှင်းလင်း - Property News in Myanmar from iMyanmarHouse.com
26 Mar 2019 11:01 am တွင် တင်ခဲ့သည်
1678 ကြိမ် ကြည့်ရှု့ပြီး

မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခြင်းက လက်ရှိ ရန်ကုန်မြို့ကို ပျက်စီးထိခိုက်စေမယ်ဆိုတဲ့ ဝေဖန်မှုဟာ အင်မတန် မှားယွင်းတယ်လို့ New Yangon Development Company ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့တဲ့ Townhall 2 ဆွေးနွေးပွဲမှာ ကဏ္ဍစုံက ပညာရှင်တွေနဲ့ ပြည်သူအချို့ရဲ့ လက်ရှိရန်ကုန်ရဲ့ လိုအပ်ချက်တွေကို ကနဦးပြုပြင်သင့်တယ်ဆိုတဲ့ ဝေဖန် မှုတွေနဲ့ ပတ်သက်ပြီး အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက အခုလို ပြန်လည်ပြောကြားခဲ့တာပါ။

ဒါ့အပြင် လက်ရှိရန်ကုန်မြို့မှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မြို့သစ်တည်ဆောက်ဖို့ လိုအပ်တယ်လို့ မတ်လ ၁၈ ရက် ညပိုင်းက ထုတ်ပြန်တဲ့ ဦးသိမ်းဝေရဲ့ စာစဉ် ၂၅ မှာ ထည့်သွင်းပြောကြား ထားပါတယ်။

လူအများဝေဖန်နေကြတဲ့ ရန်ကုန်မြို့က လိုအပ်ချက်တွေကို ကနဦးဆောင်ရွက်ပြီးမှသာ မြို့သစ်ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ အချက်ဟာ မဖြစ်နိုင်ဘူးလို့သိရပါတယ်။

ရန်ကုန်မြို့အတွင်းမှာ နှစ်ပေါင်းကြာရှည်စွာ မပြုပြင်ဘဲ ရှိနေတဲ့ ကိစ္စရပ်တွေ အများအပြားရှိနေတာကြောင့် ဒါတွေကို ပြုပြင်မယ်ဆိုပါက နှစ်ပေါင်းအတော်ကြာ အချိန်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပေးလိုက်တာဟာ ဘာအကျိုးအမြတ်မှ မရှိဘဲ နိုင်ငံအတွင်းက ရသမျှအကုန်ယူသွားမယ်ဆိုတဲ့ ဝေဖန်မှုတွေဟာလည်း မှားယွင်းနေတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေဟာ ပေးလိုက်တဲ့သူနဲ့သာ သက်ဆိုင်ပြီး တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့လိုအပ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအစိုးရက မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ကို တိုးတက်စေဖို့အတွက် NYDC ကို ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ဖို့ တာဝန်ပေးထားတာကြောင့် အောင်မြင်စွာအကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ဦးသိမ်းဝေက ဆိုပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service