ကွန်ဒိုတိုက်ခန်းများ ရောင်းချနိုင်ရေး အာဆီယံခြောက်နိုင်ငံရှိ အိမ်ခြံမြေအသင်းများနှင့် နားလည်မှုစာချွန်လွှာရေးထိုး

ကွန်ဒိုတိုက်ခန်းများ ရောင်းချနိုင်ရေး အာဆီယံခြောက်နိုင်ငံရှိ အိမ်ခြံမြေအသင်းများနှင့် နားလည်မှုစာချွန်လွှာရေးထိုး - Property News in Myanmar from iMyanmarHouse.com
25 Mar 2019 12:31 pm တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံမှ ကွန်ဒိုမီနီယံတိုက်ခန်းများ ရောင်းချရန် ပြင်ဆင်သည့်အနေဖြင့် အာဆီယံခြောက်နိုင်ငံရှိ အိမ်ခြံမြေ အသင်းအဖွဲ့များနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA) တို့သည် အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတို့မှ အိမ်ခြံမြေအသင်းအဖွဲ့ တို့နှင့် နားလည်မှုစာချွန်လွှာကို မတ် ၂၃ ရက်၊ UMFCCI ၌ ပြု လုပ်သည့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(MRESA)သတ္တမအကြိမ်နှစ်ပတ်လည်အသင်း သားစုံညီ သင်းလုံးကျွတ်အစည်း အဝေးတွင် လက်မှတ်ရေးထိုးခဲ့ကြ ခြင်းဖြစ်သည်။

ယခုကဲ့သို့ နားလည်မှုစာချွန် လွှာလက်မှတ် ရေးထိုးလိုက်ခြင်း ဖြင့် ခုနစ်နိုင်ငံအကြား အိမ်ခြံမြေအရောင်းအဝယ်ဆောင်ရွက်မှု ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မီဒီယာများကိုပြောသည်။ ''လက်မှတ်ထိုးရုံတစ်ခုလောက် နဲ့တော့ ထူးခြားတာမဟုတ်ဘူး။ ကွန်ဒိုမီနီယံတွေကို ရောင်းချဖို့အတွက်က ပြင်ဆင်တာဖြစ်တဲ့အတွက် မိတ်ဆွေဖြစ်နေရင် ဒီမိတ်ဆွေ တွေကို ခေါ်ရောင်းရတာ ပိုလွယ်တယ်။ သက်ဆိုင်ရာအာဆီယံနိုင်ငံ Net work တွေနဲ့ မိတ်ဆွေဖြစ် သွားတော့ ကွန်ဒိုဝယ်မယ်ဆိုရင် ကိုယ့်အချင်းချင်းပဲ ဝယ်မယ်။ ဒါ ဆိုရင် များများရောင်းရမယ်'' ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ နားလည်မှုစာချွန် လွှာ ရေးထိုးလိုက်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ အိမ်ခြံမြေအခန်းကဏ္ဍ ဆိုင်ရာ ဆက်သွယ်ရင်းနှီးမှုသည် အာဆီယံထိ လက်လှမ်းမီသည်ကို တရားဝင်ပေါ်လွင်စေမည်ဟုလည်း သိရသည်။ လက်မှတ်မရေးထိုးမီကာလ က အာဆီယံနိုင်ငံများတွင် အိမ်ခြံ မြေဝယ်ယူလိုပါက အဆက်အသွယ် မရှိ၊ သတင်းအချက်အလက် မသိသော အခက်အခဲများဖြစ်ပေါ်ပြီး ယခုလက်မှတ်ရေးထိုးလိုက်သည့် အတွက် ယင်းအခက်အခဲများအ ဆင်ပြေသွားမည်ဖြစ်ကြောင်း MRESA ဒုတိယဥက္ကဋ္ဌ (၁)ဦးသန်းဦးက ပြောသည်။

'' အန်ကယ်ကကမ္ဘောဒီးယား မှာ ကွန်ဒိုဝယ်ချင်တယ်။ မြေဝယ်ချင်တယ်ဆိုရင် ကမ္ဘောဒီးယားကို လှမ်းဆက်သွယ်လိုက်ရုံပဲ။ သူ့ဆီ က သတင်းအချက်အလက်ရရင် သူနဲ့အလုပ်လုပ်လိုက်ရုံပဲ။ ကိုယ်တိုင် သွားလိုက်ကြည့်ပြီး နားမလည် မရေရာတဲ့နေရာမျိုးမှာ စမ်းတဝါးဝါး လုပ်နေစရာမလိုတော့ဘူး။အမှားနည်းမယ်။ သူတို့လည်းအကျိုးရှိမယ်။ ကိုယ်လည်းအကျိုးရှိ မယ်။ MRESA သည် မြန်မာတစ်နိုင်ငံလုံးလက်လှမ်းမီသွားတဲ့အပြင် နိုင်ငံပြင်ပ အာဆီယံနယ်ပယ်အထိ လှမ်းနိုင်နေပြီ ''ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ကွန်ဒို တိုက်ခန်းများနှင့် ကွန်ဒိုအဆင့်မဟုတ်သည့်တိုက်ခန်းများကို ပြည်ပ နိုင်ငံများမှ ဝယ်သူများရှိပါက မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းချုပ် (MLCA)၊ မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)တို့နှင့် ပူးပေါင်းချိတ်ဆက်ဝယ်ယူနိုင်ရန်နှင့် ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရန်နှင့် နည်းပညာများပူးပေါင်း လုပ်ဆောင်ရန်အတွက် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြ ခြင်းဖြစ်သည်ဟု MLCA အထွေ ထွေအတွင်းရေးမှူးဦးလားဇယ်က ပြောသည်။ မြန်မာနိုင်ငံတွင် မြေပိုင်ဆိုင်မှု အခက်အခဲကြောင့် ကွန်ဒိုမီနီ ယံဥပဒေနှင့် ကိုက်ညီသည့်ကွန်ဒို ရှားပါးနေကြောင်း တိုက်ခန်း တစ် သောင်းတွင် ကွန်ဒိုတိုက်ခန်းမှာ ၁ဝ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service