ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံးမြို့အဖြစ် ဟောင်ကောင်၊ ပဲရစ်တို့နှင့်အတူ စင်္ကာပူ ရပ်တည်

ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံးမြို့အဖြစ် ဟောင်ကောင်၊ ပဲရစ်တို့နှင့်အတူ စင်္ကာပူ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
25 Mar 2019 11:03 am တွင် တင်ခဲ့သည်
729 ကြိမ် ကြည့်ရှု့ပြီး

Economist Intelligence Unit (EIU) ဗြိတိန်သုတေသနနှင့် အကြံပေးကုမ္ပဏီမှ ပြုလုပ်သည့် ယခုနောက်ဆုံးလေ့လာမှုက စင်္ကာပူသည် နယူးယောက်ထက် ၇ ရာခိုင်နှုန်း ကုန်ကျစရိတ်ပိုမိုများပြားကြောင်း တွေ့ရှိခဲ့သည်။

စင်္ကာပူသည် ယခုအခါ ဟောင်ကောင်နှင့် ပဲရစ်တို့နှင့်အတူ ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံးမြို့ဖြစ်လာကြောင်း EIU ၏ ၂၀၁၉ ခုနှစ်ကမ္ဘာ့နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းအရ သိရသည်။

ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၁၃၃ မြို့၏ အမျိုးအမည်ပေါင်း ၁၅၀ ကျော်၏ ဈေးနှုန်းများကို နှိုင်းယှဉ်ကာ ၎င်းစစ်တမ်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စင်္ကာပူနှင့် ဒေသတွင်းပြိုင်ဘက်ဟောင်ကောင်တို့သည် နယူးယောက်ထက် ၇ ရာခိုင်နှုန်း ပိုမိုဈေးကြီးသည်။ နယူးယောက်သည် ဆိုးလ်၊ ကိုပင်ဟေဂင်တို့နှင့်အတူ သတ္တမနေရာတွင် ဖော်ပြခံခဲ့ရသည်။

စင်္ကာပူရှိ ပျမ်းမျှဈေးနှုန်းများမှာ အများအားဖြင့် ကျဆင်းခဲ့ကြောင်း EIU ၏ မှတ်တမ်းများအရ သိရသည်။ ၃၃၀ ml ဘီယာတစ်ဘူးလျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇ ဒေါ်လာ ရှိပြီး ပြီးခဲ့သည့်နှစ်အောက် ၆ ဒသမ ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပေါင်မုန့် တစ်ကီလိုဂရမ်လျှင် ပျှမ်းမျှဈေးနှုန်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၀ ဒေါ်လာရှိပြီး ၈ ဒသမ ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အမျိုးသမီးတစ်ဦး၏ ဆံပင်ညှပ်ခမှာ အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၁ ဒေါ်လာ ဖြစ်ပြီး ၁ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူသည်လည်း ဆယ်နေရာခုန်တက်ခဲ့ပြီး နံပါတ် ၈၈ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဘန်ကောာက် (ထိုင်း) နှင့် မနီလာ (ဖိလစ်ပိုင်) တို့ကလည်း ကိုးနေရာစီခုန်တက်ခဲ့ပြီး နံပါတ် ၄၁ နှင့် ၉၂ နေရာတို့၌ အသီးသီးဖော်ပြခံခဲ့ကြရသည်။ ဟနွိုင်း (ဗီယက်နမ်) နှင့် ဖနွမ်းပင် (ကမ္ဘောဒီးယား) တို့ကလည်း ခြောက်နေရာစာ မြင့်တက်ခဲ့သည်။

ဈေးအကြီးဆုံး ၁၀ မြို့တွင်ပါဝင်ပြီး ဖော်ပြရန်ကျန်ရှိသောမြို့များမှာ ဇူးရစ် (စတုတ္ထ)၊ ဂျနီဗာနှင့် အိုဆာကာ (ပူးတွဲပဉ္စမ) နှင့် တဲလ်အဗစ်နှင့် လော့စ်အိန်ဂျလိစ်(ပူးတွဲဒဿမ) တို့ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service