တံတား ၁ဝ စင်းထိုးလည်း ဒလ အိမ်၊ ခြံ၊ မြေဈေး ဆက်တက်နိုင်ခြေမရှိတော့ဟုဆို

တံတား ၁ဝ စင်းထိုးလည်း ဒလ အိမ်၊ ခြံ၊ မြေဈေး ဆက်တက်နိုင်ခြေမရှိတော့ဟုဆို - Property News in Myanmar from iMyanmarHouse.com
22 Mar 2019 12:44 pm တွင် တင်ခဲ့သည်
14297 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်-ဒလတံတား (ကိုရီးယား- မြန်မာချစ်ကြည်ရေးတံတား) ၁ စင်းမက ၁ဝ စင်းထိုးလည်း ဒလ အိမ်ခြံမြေဈေး ဆက်လက်မြင့်တက်နိုင်ခြေမရှိတော့ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) မှ ဒုဥက္ကဋ္ဌ ဦးသိန်းလှညိုက သုံးသပ်ပြောကြားလိုက်သည်။

ဒလအိမ်ခြံမြေဈေးမြင့်တက်မှုသည် ဒလတံတားစီမံကိန်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှုနှင့်သာ သက်ဆိုင်ကြောင်း ဦးသိန်းလှညိုက ပြောသည်။

'' ဒလအိမ်ခြံမြေဈေးဆက်ပြီး မမြင့်တက်နိုင်ဘူး။ အိမ်ခြံမြေဈေးတွေ ဘာကြောင့် မြင့်တက်နိုင်မှုမရှိတော့ဘူးပြောနိုင်ရတာလဲဆိုရင် ငွေကြေးဖောင်းပွမှု မရှိလို့ဘဲ။ လူတွေ လက်ထဲမှာ ငွေရှိမှဝယ်ကြမှာ။ ငွေမရှိရင် ဘာနဲ့ဝယ်မှာလဲ။ ငွေကြေးဘာကြောင့် ဖောင်းပွမှုမရှိတော့တာလဲဆိုရင် မင်္ဂလာဒုံ ဇေကမ္ဘာဝင်းထဲမှာရော၊ မြောက်ဒဂုံနေအိမ်မှာရော စံချိန်တင်တဲ့ မူးယစ်ဆေးဝါးမှုတွေဖမ်းမိတယ်။ နောက်ပြီးတော့ ရေပူစမ်း၊ မရမ်းချောင်တွေမှာရော တရားမဝင်ပစ္စည်းတွေဖမ်းနေတယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူမှုတွေ နည်းပါးလာတယ်။ ဟိုအရင်တုန်းကဆိုရင် ဝေစားမျှစားကြတယ်။ ဝါဇီကနေပြီးတော့ ဟိုအရင်က ပိုက်ဆံကို လိုရင်လိုသလိုထုတ်တယ်။ ဒါကလည်း ငွေကြေးဖောင်းပွမှုထဲပါတယ်။ အဓိကတော့ ငွေကြေးဖောင်ပွမှု၊ နံပါတ် ၁ ကတော့ မူးယစ်ဆေးဝါးပဲ။ အဲဒီငွေမည်းတွေကို ငွေဖြူလုပ်တဲ့နည်းကတော့ အများကြီးပဲ။ အဓိကတော့ အိမ်ခြံမြေဈေးကွက်ပဲ၊ အိမ်ခြံမြေတွေဝယ်တယ်။ ရှုံးရှုံးမြတ်မြတ်ဝယ်တယ်၊ ရောင်းတယ်။ ရောင်းရတဲ့ငွေကို ဘဏ်ကိုသွင်းတော့ ငွေဖြူဖြစ်တယ်။ လူတွေလက်ထဲမှာ ငွေကြေးမဖောင်းပွ တဲ့အတွက် လာဘ်ပေးလာဘ်ယူမှုကလည်း အရင်ကထက် အဆမတန်ထိန်းချုပ်ထားတဲ့အတွက် တံတားက ၁ဝ စင်းထိုးလည်း ဈေးမတက်ဘူး။ ဘယ်နှစင်းပဲထိုးထိုး ဈေးတက်နိုင်စရာအကြောင်းမရှိတော့ဘူး''ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများကျဆင်းခြင်းသည် အမှန်အကန်နေထိုင်လိုကြသည့် ပြည်သူများအတွက် အိုးပိုင် အိမ်ပိုင်နှင့်နေ ထိုင်နိုင်မည်အခွင့်အလမ်းပေါ်ပေါက်လာ ခြင်းဖြစ်၍ ကောင်းသောလက္ခဏာဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ငွေကြေးဖောင်းပွမှု အထိုက်အလျောက်ရှိနေခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ငွေကြေးဖောင်းပွမှု သိသိသာသာလျော့နည်းသွားကြောင်း ဦးသိန်းလှညိုကပြောသည်။

'' ခုအစိုးရလက်ထက် တံတားထိုးမယ်ဆိုတော့လည်း ထပ်တက်တယ်။ ဈေးနှုန်းတွေမြင့်တက်ပြီးတော့ ပြန်မကျတော့ တာ။ ရှမ်းတရုတ်တွေ ဆင်းပြီးဝယ်တော့ ဈေးတက်တာ။ သူတို့ကဈေးနှုန်းမကြောက်ဘူး။ မြေကွက်ရဖို့ ဝယ်ကြတာ။ သူတို့ မဆင်းတော့ အရောင်းအဝယ်ကတော့ အေးနေတာ။ တံတားထိုးခြင်း၊ မထိုးခြင်းနဲ့သိပ်မဆိုင်ဘူး။ ခုဟာက ရန်ကုန်မြို့သစ်စီမံကိန်းတွေရောဆိုတော့ ဈေးကွက်တွေက ပြန့်သွားတော့ တန့်သွားကြတယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း မရင်းနှီးနိုင်တော့ဘူး''ဟု iHome ဒလအိမ်ခြံမြေ အကျိုးဆောင်မှ ဦးဥာဏ်ဌေးက ပြောသည်။

ဒလအိမ်ခြံမြေဈေးကွက်မှာ လက်ရှိအချိန်တွင် အရောင်းအဝယ်အေးလျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် တံတားအဆင်း၊ ဓနုတ်လမ်းမကြီးတွင် ပေ ၄ဝ x ၆ဝ တကွက် သိန်း ၆ဝဝဝ၊ ဒလ-တွံတေးလမ်းမကြီးဘေးတွင် ပေ ၄ဝ x ၆ဝ တကွက် သိန်း ၇ဝဝဝ၊ အတွင်းပိုင်းတွင် ၂ဝx ၆ဝ အကွက်များ၊ ၂၅ x ၅ဝ အကွက်များ အနိမ့်ဆုံးသိန်း ၃၅ဝ ရှိကြပြီး အရောင်းအဝယ် အတက်အကျမရှိဘဲ တည်ငြိမ်နေကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service