ကနေဒါကုမ္ပဏီက အိန္ဒိယရှိ လီလာအမှတ်တံဆိပ် ဟိုတယ် ၄ လုံးကို ရူပီးငွေ ၄၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူ

ကနေဒါကုမ္ပဏီက အိန္ဒိယရှိ လီလာအမှတ်တံဆိပ် ဟိုတယ် ၄ လုံးကို ရူပီးငွေ ၄၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Mar 2019 11:34 am တွင် တင်ခဲ့သည်
630 ကြိမ် ကြည့်ရှု့ပြီး

ကနေဒါအခြေစိုက် Brookfield Asset Management ကုမ္ပဏီသည် အိန္ဒိယ၏ ထိပ်တန်းဟိုတယ်အုပ်စုကြီးများထဲမှ တစ်ခုဖြစ်သော လီလာအမှတ်တံဆိပ် ဟိုတယ် ၄ လုံးနှင့် ဆောက်လုပ်ဆဲဟိုတယ်စီမံကိန်းတစ်ခုကို Hotel Leela Venture ကုမ္ပဏီထံမှ ရူပီးငွေ ၃၉ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၅၇၆ သန်း) ဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ကြကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ယခုဝယ်ယူလိုက်မှုကြောင့် Brookfield သည် အိန္ဒိယမြို့များဖြစ်သော ဘန်ဂါလူရူ၊ ချန်နိုင်း၊ ဒေလီနှင့် ယူဒိုင်းပူရ်မြို့များတွင် ဟိုတယ်တစ်လုံးစီ ပိုင်ဆိုင်လာမည်ဖြစ်သည့်အပြင် အဂ္ဂရာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတစ်ခုလည်း ပိုင်ဆိုင်လာမည် ဖြစ်သည်။

Brookfield ၏ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ၂ လခန့်အကြာတွင် အိန္ဒိယရှိ ဟိုတယ်များကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

Hotel Leela Venture သည် အိန္ဒိယရှိ နာမည်ကျော် ဟိုတယ်အမှတ်တံဆိပ်များဖြစ်သော Leela Palaces နှင့် Resorts Ltd တို့ကို ပိုင်ဆိုင်ထားသည်။

ယခုရောင်းချလိုက်သော Hotel Leela Venture ၏ ဟိုတယ် ၅ လုံးတွင် ဝယ်ယူသူသည် လီလာအမှတ်တံဆိပ်ကို အသုံးပြုခွင့်လည်း ပေးအပ်ထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အဆိုပါဟိုတယ်များမှ ရူပီးငွေ ၅ ဒသမ ၉၁ ဘီလီယံ ရရှိခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် အနန္တရ ဟိုတယ်အုပ်စုကို ပိုင်ဆိုင်ထားသည့် ထိုင်းအခြေစိုက် Minor Group သည်လည်း နိုင်ငံတကာ ဟိုတယ်အမှတ်တံဆိပ် ဝယ်ယူမှုများကို Brookfield ၏ ဝယ်ယူမှုမတိုင်မီ ပြီးခဲ့သောနှစ်အတွင်း ပြုလုပ်ခဲ့ဖူးသည်။

Minor Group သည် အကြွေးနွံနစ်နေသော တရုတ်ထိပ်တန်းကုမ္ပဏီကြီး HNA က ပိုင်ဆိုင်ထားသည့် စပိန် NH Hotels အုပ်စုကို ကန်ဒေါ်လာ ၇၂၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကနေဒါကုမ္ပဏီသည် အိန္ဒိယတွင် ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ရာတွင် ရုံးခန်းနေရာ စတုရန်းမီတာ ၂ ဒသမ ၃ သန်း ( စတုရန်းပေ ၂၅ သန်း) ခန့်လည်း ပါဝင်သည်။

Brookfield သည် ၂၀၁၄ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံ ၄ ခုနှင့် အခြားအဆောက်အအုံ ၂ ခု၏ ရှယ်ယာများကို Unitech Corporate Parks ထံမှ ရူပီးငွေ ၃၅ ဘီလီယံဖြင့် ဝယ်ယူကာ အိန္ဒိယဈေးကွက်သို့ စတင်ခြေချခဲ့သည်။

ယင်းနောက် ၂၀၁၆ ခုနှစ်အတွင်းတွင်လည်း မွန်ဘိုင်းရှိ ရုံးခန်းနေရာ စတုရန်းပေ ၄ ဒသမ ၅ သန်းကို Hiranandani Group ထံမှ ရူပီးငွေ ၆၇ ဘီလီယံဖြင့် ထပ်မံဝယ်ယူခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service