အိမ်ခြံမြေဘီလျံနာအများဆုံးနိုင်ငံအဖြစ် အမေရိကန်ကို တရုတ်အနိုင်ရ

အိမ်ခြံမြေဘီလျံနာအများဆုံးနိုင်ငံအဖြစ် အမေရိကန်ကို တရုတ်အနိုင်ရ - Property News in Myanmar from iMyanmarHouse.com
21 Mar 2019 11:05 am တွင် တင်ခဲ့သည်
797 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နိုင်ငံတွင် အိမ်ခြံမြေဘီလျံနာဦးရေအများဆုံး ရှိပြီး ဗြိတိန်နှင့် အမေရိကန်တို့ရှိ အိမ်ခြံမြေဘီလျံနာဦးရေထက် သာလွန်ခဲ့ပြီဖြစ်ကြောင်း Hurun Report သုတေသနလုပ်ငန်းမှ ထုတ်ပြန်သည့် ကမ္ဘာ့အိမ်ခြံမြေသူဌေးကြီးများစာရင်းအရ သိရသည်။

စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၀ ဘီလျံ အသားတင်ပိုင်ဆိုင်မှုရှိကြသည့် အိမ်ခြံမြေဘီလျံနာ ၁၃၉ ဦးဝန်းကျင်မှာ တရုတ်ပြည်မကြီးတွင် နေထိုင်ပြီး ဟောင်ကောင်တွင် အိမ်ခြံမြေဘီလျံနာ ၂၅ ဦး ရှိသည်။ ဟောင်ကောင်သည် ကမ္ဘာ့အိမ်ခြံမြေဘီလျံနာဦးရေ အများဆုံးမြို့ဖြစ်သည်။ အခြားတရုတ်မြို့ပြ ခြောက်ခုကလည်း ကမ္ဘာ့အိမ်ခြံမြေဘီလျံနာဦးရေ အများဆုံးမြို့ ၁၀ မြို့တွင် ပါဝင်သည်။ ရှန်းကျန်းတွင် အိမ်ခြံမြေဘီလျံနာ ၁၇ ဦး ရှိပြီး ပေကျင်းတွင် ၁၅ ဦး ရှိသည်။

တရုတ်တွင် အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၇ ဘီလျံ ရှိသည့် ကမ္ဘာ့အချမ်းသားဆုံးအိမ်ခြံမြေဘီလျံနာ ရွှီကျားယင် ရှိသည်။ ရွှီက ရှန်းကျန်းအခြေစိုက် Development လုပ်ငန်း Evergrande ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည်။ Evergrande ကုမ္ပဏီသည် စုစုပေါင်း စတုရန်းမီတာ ၅၂ သန်းရှိသော လူနေအိမ်ခြံမြေ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံဖိုး ရောင်းချထားပြီးဖြစ်သည်။

အမေရိကန်သည် အိမ်ခြံမြေဘီလျံနာဦးရေ ၂၆ ဦးဖြင့် အိမ်ခြံမြေဘီလျံနာဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်း ရှိသည်။ ၎င်းအမေရိကန်အိမ်ခြံမြေဘီလျံနာ ၂၆ ဦး၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလျံ ရှိပြီး အဓိကအားဖြင့် နယူးယောက်တွင် ကိုဦး၊ လော့စ်အိန်ဂျလိစ်တွင် နှစ်ဦးနှင့် နယူးပို့တ်ကမ်းခြေတွင် နှစ်ဦးတို့ ဖြစ်သည်။အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလျံရှိသည့် ဒေါ်နယ်ဘရန် (Irvine ကုမ္ပဏီပိုင်ရှင်) က အမေရိကန်တွင် အချမ်းသားဆုံးအိမ်ခြံမြေဘီလျံနာ ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃ ဘီလျံဖြင့် ယင်းကမ္ဘာ့အိမ်ခြံမြေသူဌေးကြီးများစာရင်းတွင် နံပါတ် ၈၂ ဖြစ်သည်။

အိမ်ခြံမြေဘီလျံနာ ၁၇ ဦးရှိသည့် ဗြိတိန်က အိမ်ခြံမြေဘီလျံနာတတိယအများဆုံးနိုင်ငံဖြစ်ပြီး ဟုဂ်ျဂရော့စ်ဗန်နာနှင့် ချားလ်စ်ကာဒိုဂန်တို့က စုပေါင်းပူးဆိုင်မှု အမေရိကန်ဒေါ်လာ ၆၆ ဘီလျံဖြင့် ဗြိတိန်၏ အချမ်းသာဆုံးအိမ်ခြံမြေဘီလျံနာများဖြစ်သည်။ ဝက်စ်မင်စတာမြို့စား ဂရော့စ်ဗန်နာသည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖြင့် အဆိုပါစာရင်းတွင် အသက်အငယ်ဆုံးသူ ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service