မန္တလေးကို စမတ်စီးတီးအလားအလာကောင်းသော မြို့အဖြစ် အသိအမှတ်ပြုခံရပြီးနောက် နည်းပညာအသုံးပြု၍ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေ

မန္တလေးကို စမတ်စီးတီးအလားအလာကောင်းသော မြို့အဖြစ် အသိအမှတ်ပြုခံရပြီးနောက် နည်းပညာအသုံးပြု၍ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
19 Mar 2019 11:23 am တွင် တင်ခဲ့သည်
1103 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ကို စမတ်စီးတီးအလားအလာ ကောင်းသောမြို့အဖြစ် အသိအမှတ်ပြုခံရပြီးနောက်ပိုင်း မြို့နေ ပြည်သူများအတွက် နည်းပညာအသုံးပြု၍ သန့်စင်သောသောက်သုံး ရေ လုံလောက်ရေး၊ ရေဆိုးများ စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ ကောင်းမွန်၍ ပြည်သူလူထုဘေး အန္တရာယ်ကင်းရေးနှင့် အများပြည် သူသုံးယာဉ် (ဘတ်စ်ကား၊ တက္ကစီ၊ ရထား)များ ချောမွေ့လွယ်ကူရေး တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

'' စမတ်စီးတီးရဲ့ အခြေခံရည် မှန်းချက်ကတော့ နည်းပညာကိုအသုံးပြုပြီး ပြည်သူလူထုရဲ့ဘဝတွေ ကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ စမတ်စီးတီးတစ်ခုရဲ့ ဂုဏ်အင်္ဂါနဲ့ လိုက်ဖက်စေဖို့အတွက် မန္တလေးမြို့မှာ သန့်ရှင်းသာယာအောင်၊ လမ်း တွေတံတားတွေ ကောင်းမွန်အောင်၊ လမ်းမီးတွေ လင်းလက်အောင်၊ သစ်ပင်ပန်းမန်တွေ စိမ်းလန်းလှပအောင်လည်း လုပ်ဆောင်နေကြပါတယ်။ စမတ်စီးတီး အလားအလာကောင်းတဲ့မြို့လို့ အသိအမှတ် ပြုခံရပြီးနောက်မှာ မြို့တော်စည်ပင် နဲ့ မြို့တော်သူမြို့တော်သားတွေအ တွက် ဆက်လက်ဆောင်ရွက်ကြရမယ့်တာဝန်တွေလည်း များစွာရှိနေပါသေးတယ် "ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် Chief Smart City Officer ဦးရဲမြတ်သူက ပြောကြားသည်။

ယခုလက်ရှိတွင် မန္တလေးမြို့ တော်ကော်မတီအနေဖြင့် မြို့သန့် ရှင်းသာယာရေး၊ လမ်းတံတားများ ကောင်းမွန်ရေး၊ လမ်းများမီးလင်း ရေး၊ သစ်ပင်ပန်းမန်များစိမ်းလန်း လှပရေးတို့အတွက် နည်းပညာကို အသုံးပြုပြီး ဝန်ဆောင်မှုပေးလျက် ရှိသည်။ မန္တလေးမြို့တော်ကို စမတ် စီးတီးအဖြစ် လုပ်ဆောင်နေစဉ် ကာလအတွင်း မြို့တွင်းနှစ်ခြမ်းကွဲ နေသည့် အဓိကလမ်းမကြီးများကို ဆောင်ရွက်ရာတွင် မြန်မာ့မီးရထား နှင့် ပူးတွဲလုပ်ဆောင်နေသော်လည်း ပြည်ထောင်စုအဆင့်အကြောင်း ပြန်ကြားမှုနှောင့်နှေးမှုကြောင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကြန့် ကြာမှုများဖြစ်ပေါ်နေသည်။ ၂ဝ၁၈ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်က အရှေ့တောင်အာရှ နိုင်ငံများ၏ Smart City ဖြစ်လာ ရန် အလားအလာ အကောင်းဆုံး ထိပ်တန်း ၁ဝ မြို့ကို ဆန်ခါတင်ရွေး ချယ်ခဲ့ရာ မန္တလေးမြို့သည် အဆင့်ငါးတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service