မကွေးတိုင်းအတွင်း သိမ်းဆည်းမြေများကို ပြန်ပေး

မကွေးတိုင်းအတွင်း သိမ်းဆည်းမြေများကို ပြန်ပေး - Property News in Myanmar from iMyanmarHouse.com
19 Mar 2019 10:43 am တွင် တင်ခဲ့သည်
1129 ကြိမ် ကြည့်ရှု့ပြီး

မကွေးတိုင်းဒေသကြီး မကွေး၊ ပခုက္ကူနှင့် သရက်ခရိုင်တို့မှ သိမ်းဆည်းမြေများအနက် တပ်ရင်း၊ တပ်ဖွဲ့များက ပြန်အပ်သည့်မြေ ၈၇၇ဒသမ ၄၉ ဧက အနက် လယ်မြေ ၃၀၈ဒသမဝ၇ဧက၊ ဦးပိုင် ၁၂၉ခု တို့ကို တောင်သူ ၁၀၈ ဦးထံ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။

အခြားမြေ ၅၆၉ ဒသမ ၄၂ ဧကကို အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေဧရိယာအဖြစ်ပြန်အပ်မည်ဖြစ်ကြောင်း၊ သိမ်းဆည်းမြေများ တောင်သူများထံ ပြန်လုပ်ကိုင်ခွင့်ပေးခြင်းအခမ်းအနားကို မတ်လ ၁၆ ရက်က မကွေးမြို့တွင်ကျင်းပရာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လည်းတက်ရောက်ခဲ့ကြသည်။

“ပြန်လည် စွန့်လွှတ်မြေများထဲမှာ ပါဝင်တဲ့ လယ်ယာမြေတွေကို မူလ တောင်သူတွေဆီကို ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၃) ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး၊ သားစဉ်မြေးဆက် အာမခံချက်ရရှိဖို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) တွေ ဆက်လက်ပေးအပ်ဖို့ဆောင်ရွက်သွားပါမယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

မကွေးတိုင်းအတွင်း၌ သိမ်းဆည်း မြေဧကပေါင်း ၄ ဒသမ ၅ သိန်းဧကခန့် ရှိသော်လည်း လက်ရှိအစိုးရတက်လာသည့်နောက်ပိုင်း ပြန်လည်စွန့်လွှတ်ပေးသည့် ၂ ကြိမ်တွင် ဧကတစ်သောင်းဝန်းကျင်ခန့်သာရှိကြောင်း တိုင်းလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောသည်။

“ပခုက္ကူ အမှတ် (၅) ချည်မျှင်နဲ့ အထည်စက်ရုံက ပြန်လည်ပေးအပ်ရမှာ ဧက ၃၀၀ ရှိတယ်။ ဒီပွဲမှာ ပြန်လည်ပေးအပ်တာ ဧက (၃၀) ပဲ ရှိတယ်။ မရေရာတဲ့ အနာဂတ်စီမံကိန်းတွေအကြောင်းပြပြီး မစွန့်လွှတ်ဘဲနေပါတယ်။ ဒါကို ထပ်ဆွေးနွေးမယ်။ အဆင်မပြေရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို တင်ပြသွားမှာပါ”ဟု ၎င်းက ပြောသည်။

လယ်ယာမြေပြဿနာများ အမြန်ဆုံးပြီးပြတ်ရေး၊ စွန့်လွှတ်မြေများကို အမှန်တကယ် သက်ဆိုင်သူများ၏ လက်ဝယ်သို့ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service