မြန်မာနိုင်ငံသားများဘဏ်ကနေ နိုင်ငံပေါင်း (၂ဝဝ) ကျော်ကို ငွေပို့၊ ငွေလွှဲ လုပ်နိုင်ပြီ

မြန်မာနိုင်ငံသားများဘဏ်ကနေ နိုင်ငံပေါင်း (၂ဝဝ) ကျော်ကို ငွေပို့၊ ငွေလွှဲ လုပ်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
19 Mar 2019 10:32 am တွင် တင်ခဲ့သည်
1506 ကြိမ် ကြည့်ရှု့ပြီး

Money Gram ဝန်ဆောင်မှုအသုံးပြုပြီး မြန်မာနိုင်ငံသားများဘဏ် ဘဏ်ခွဲ ၄၂ ခုကနေ ကမ္ဘာတစ်ဝန်းက Money Gram ဝန်ဆောင်မှုပေးတဲ့နိုင်ငံ ပေါင်း ၂ဝဝ ကျော်က နယ်မြေဒေသတွေကို ငွေပေးပို့နိုင်တော့မှာပါ။

Money Gram (NASDAQ:MGI) နဲ့ မြန်မာနိုင်ငံသားများဘဏ် (MCB) တို့ ပူးပေါင်း ပြီး ပြည်တွင်းက မြန်မာနိုင်ငံသားများဘဏ်တွေရှိတဲ့နေရာတိုင်း မှာ ငွေပို့ငွေလွှဲဝန်ဆောင်မှုပေးနိုင်မှာပါ။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေရှိ Money Gram ရဲ့အကြီးအကဲဖြစ်သူ Mr.Sukesh Malliah က " မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက နှစ်ပေါင်းများစွာ Money Gram ဝန်ဆောင်မှုကို အသုံးပြုပြီး နိုင်ငံရပ်ခြားမှာ နေထိုင်အလုပ်လုပ်တဲ့ မိသားစု၊ မိတ်ဆွေတွေက ပေးပို့တဲ့ ငွေတွေကို လက်ခံရရှိခဲ့ကြပါတယ်၊ ယခုအခါမှာတော့ ကျွန်တော်တို့ Money Gram က မြန်မာနိုင်ငံမှာနေထိုင်တဲ့ပြည်သူတွေကလဲ နိုင်ငံရပ်ခြားမှာရှိတဲ့သူတွေ ဆီကို ငွေပို့နိုင်မယ့်ဝန်ဆောင်မှုကို ပေးသွားမှာပါ ” လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ပြောကြားချက်အရ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက ပြည်ပနိုင်ငံတွေကို ငွေလွှဲမှုပမာဏ မှာ အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကျော် ရှိခဲ့ပါတယ်။ ငွေပေးပို့ တဲ့နိုင်ငံအများစုမှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ တို့ ဖြစ်ပါတယ်။

Money Gram မှာ ငွေပို့၊ ငွေလွှဲဝန်ဆောင်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းကပဲ ဖြစ်ဖြစ်၊ မိုဘိုင်းလ်ဖုန်းကဖြစ်ဖြစ်၊ စတိုး ဆိုင်တွေကဖြစ်ဖြစ် Money Gram အသုံးပြုသူတွေ အဆင်ပြေနိုင်အောင် ချိတ်ဆက်ပေးထားပါတယ်။ ဘီလ်ပေးချေမှု၊ ငွေအော်ဒါ လုပ်ဆောင်မှုတွေနဲ့ ရွေးချယ်ထားတဲ့ဒေသတွေရဲ့ တရားဝင်ချက်လက်မှတ်တွေကို လုပ်ဆောင်မှု စတဲ့ဝန်ဆောင်မှုတွေကိုလည်း ပံ့ပိုးပေးနေပါတယ်။

Money Gram က မြန်မာနိုင်ငံရှိ ငွေပို့ငွေလွှဲဝန်ဆောင်မှုအသုံး ပြုသူတွေအတွက် မေလ ၃၁ရက် နေ့အထိ ပရိုမိုးရှင်းအစီအစဉ်အနေနဲ့ ငွေကျပ် ၂၃,၉၉၀ နဲ့ Money Gram Power Bank ကို ရယူနိုင်မယ့်အခွင့်အရေးတွေလည်း ဆောင်ရွက်ပေးသွားမှာပါ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service