အိန္ဒိယအိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုအရှိန်လျော့မည်

အိန္ဒိယအိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုအရှိန်လျော့မည် - Property News in Myanmar from iMyanmarHouse.com
18 Mar 2019 10:26 am တွင် တင်ခဲ့သည်
545 ကြိမ် ကြည့်ရှု့ပြီး

သုံးစွဲမှုမြှင့်တင်ရန် အစိုးရက ကြိုးပမ်းနေလင့်ကစား အိန္ဒိယအိမ်ခြံမြေဈေးကွက်သည် ယခုနှစ်တွင် ဖွံ့ဖြိုးမှုအရှိန်ပိုမိုလျော့ကျမည်ဟု ကျွမ်းကျင်သူများက ထင်မြင်နေကြကြောင်း Reuters သတင်းဌာန၏ စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။

အိန္ဒိယရှိ လူနေအိမ်ခြံမြေဈေးနှုန်းများသည် ယခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်မည်ဟု ခန့်မှန်းရကြောင်း ဖေဖော်ဝါရီ ၁၃ နှင့် မတ် ၁ အကြားပြုလုပ်ခဲ့သည့် ၎င်းအိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူ ၂၀ ဦး၏ ထင်မြင်ချက်စစ်တမ်းအရ သိရသည်။

ယင်းသည် နိုဝင်ဘာစစ်တမ်းတွင် ဖြေကြားပေးခဲ့သူများ၏ ခန့်မှန်းမြင့်တက်နှုန်း ၂ ဒသမ ၀ ရာခိုင်နှုန်းအောက် အနည်းငယ်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း Reuters က မှတ်ချက်ပြုခဲ့သည်။

"အထွေထွေရွေးကောက်ပွဲပတ်ဝန်းကျင်မသေချာမှုတွေ၊ လတ်တလောငွေပေါ်လွယ်မှုအကျပ်အတည်းနဲ့ အတော်လေးနှေးကွေးလာတဲ့ရောင်းအားတွေကြောင့် အိမ်ဈေးနှုန်းတွေဟာ အသင့်အတင့်ပဲပြောင်းလဲတာကို တွေ့ရပါလိမ့်မယ်။" ဟု Anarock အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ ဥက္ကဋ္ဌ အာနက်ဂ်ျပူရီက ပြောကြားခဲ့သည်။

ဒေသအားဖြင့် အိန္ဒိယမြို့တော် ဒေလီတစ်ခုတည်း၌သာလျှင် ယခုနှစ်အတွင်း အိမ်ဈေးနှုန်းများ ၂ ရာခိုင်နှုန်း ကျဆင်းနိုင်ခြေရှိသည်။ လာမည့်နှစ်အတွက် ခန့်မှန်းချက်များမှာမူ ဖွံ့ဖြိုးနှုန်းနှေးကွေးမှုမဆိုစလောက်သက်သာဖွယ်ရှိသည်။ ဆိုရသော် လာမည့်နှစ်တွင် အိန္ဒိယအိမ်ဈေးနှုန်းများ ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားသည်။

စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ဆက်စပ်နေသည့် ငွေပေါ်လွယ်မှုအကျပ်အတည်းက ဝယ်လက်များအား ဟန့်တားထားကြောင်း ဖြေကြားသူအများစုက ယူဆခဲ့ကြသည်။ အဓိကငွေကြေးအဖွဲ့အစည်းများတွင် ချေးငွေမြင့်တက်လာကြသဖြင့် ဘဏ်ချေးငွေထုတ်ပေးခြင်းအား ချုပ်တည်းထိန်းချုပ်ထားကလည်း အိမ်ဝယ်ယူမှုဈေးကွက်ကို နှိပ်ကွပ်သကဲ့သို့ ဖြစ်နေသည်။

အိန္ဒိယအစိုးရက ဆောက်လုပ်ဆဲနှင့် တန်ဖိုးနည်းအိမ်များအား ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်ဖြစ်သော GST အခွန်စည်းကြပ်မှုနှုန်းထားလျှော့ချမှုများကို ပြီးခဲ့သည့်လတွင် ကြေညာခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service