ရန်ကုန်သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ နည်းပါးနေသေး

ရန်ကုန်သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ နည်းပါးနေသေး - Property News in Myanmar from iMyanmarHouse.com
15 Mar 2019 11:58 am တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်အတွက်လာရောက် လျှောက်ထားသူနည်းပါးနေသေးတယ်လို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီထံမှ သတင်းရရှိပါတယ်။

မတ်လ ၂၅ ရက် နောက်ဆုံးလျှောက်ထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြေညာထားတာကြောင့် လျှောက်လွှာပိတ်ရက်နီးမှသာ လာရောက်ပြီး အမြောက်အမြားလျှောက်ထားနိုင်ဖွယ်ရှိတယ်လို့ YCDC ကအကြီးတန်းအရာရှိတစ်ဦး ကဆိုပါတယ်။

ယခုနှစ် ရန်ကုန်သင်္ကြန် မဏ္ဍပ်အကြီးနှင့် အလတ်များကို ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ မင်းဓမ္မလမ်း၊ ပြည်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်း၊ စက်မှု (၁) လမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ပုဇွန်တောင်လမ်းနှင့် သံသုမာလမ်းတို့တွင် ဆောက်လုပ်ခွင့်ပြုမည်ဟု မတ်လ ၈ ရက် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

ယခင်က ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်ကို မတ်လကုန်အထိ လက်ခံသော်လည်း ယခုနှစ်တွင် ဆောက်လုပ်မည့်သူများကြိုတင်ပြင်ချိန် ရရှိစေရန်အချိန်စော၍စီစဉ်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေး မှူးဦးသန်းကဆိုသည်။

‘‘ မနှစ်ကတော့ ရက်နည်း နည်းကပ်သွားလို့ တချို့တွေ မဏ္ဍပ်ဆောက်ဖို့အခက်အခဲတွေ ရှိခဲ့ကြတယ်။ မနှစ်ကလိုမဖြစ်ရအောင် စောပြီးပြင်ဆင်တာ’’ ဟု ဦးသန်းကပြောသည်။

သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို မတ်လ ၄ ရက် ကစ၍ ရန်ကုန်မြို့တော်ခန်းမ ၌ရောင်းချခဲ့သည်။

ထို့အပြင် ယခုနှစ်တွင်လမ်းလျှောက်သင်္ကြန်ကို အင်းလျားလမ်း၌ ပြုလုပ်မည်ဖြစ်ပြီး မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းတွင်လည်း နေရာတိုးချဲ့ပြုလုပ်မည်ဟု ဦးသန်းကဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service