မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းပေးခဲ့သူ ဂျွန်မက်ကိန်းပိုင်ဆိုင်သော ကွန်ဒိုခန်း အရောင်းဈေးကွက်ဝင်လာ

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းပေးခဲ့သူ ဂျွန်မက်ကိန်းပိုင်ဆိုင်သော ကွန်ဒိုခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
15 Mar 2019 11:46 am တွင် တင်ခဲ့သည်
930 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းပေးခဲ့သူ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း(ကွယ်လွန်) ပိုင်ဆိုင်သော ကွန်ဒိုခန်း အရောင်းဈေးကွက်ဝင်လာသည်။ အထက်လွှတ်တော်အမတ်အဖြစ် ၁၉၈၇ ခုနှစ်မှ ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အိုဘားမားကို ရှုံးနိမ့်ခဲ့သည်။

ရေတပ်စစ်တက္ကသိုလ်မှ ၁၉၅၈ ခုနှစ်တွင် ကျောင်းဆင်းခဲ့ပြီး ရေတပ်လေယာဉ်မှူးအဖြစ် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များကို တာဝန်ယူမောင်းနှင်ခဲ့ရသည်။

၁၉၆၇ ခုနှစ်တွင် USS Forrestal လေယာဉ်တင်သင်္ဘောကြီးမီးသင့်မှုအတွင်း ကံကောင်းထောက်မ၍ သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရသည်။

ဗီယက်နမ်စစ်ပွဲအတွင်း ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလအတွင်း ဟနွိုင်းမြို့ကြီးကို ဗုံးကြဲတိုက်ခိုက်စဉ် လေယာဉ်ပစ်ချခံရကာ စစ်သုံ့ပန်းအဖြစ် ၅ နှစ်ကြာဖမ်းဆီးခံခဲ့ရပြီး နှစ်နာရီခြားတစ်ကြိမ် ရိုက်နှက်ခြင်း၊ နှိပ်စစ်ညှင်းပန်းခြင်းများ များစွာကြုံခဲ့ရသည်။

၁၉၈၁ ခုနှစ်တွင် ရေတပ်မှ ဗိုလ်ကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့ပြီးနောက် နိုင်ငံရေးလောကအတွင်းဝင်ရောက်ခဲ့ကာ အထက်လွှတ်တော်အမတ်အဖြစ် ၁၉၈၇ ခုနှစ်မှ စတင်ကာ ဆက်တိုက်ရွေးကောက်ခံခဲ့ရသည်။

ကွန်ဒိုခန်း တည်နေရာမှာ အမေရိကန်အနောက်တောင်ပိုင်း အရီဇိုးနားပြည်နယ်၏ မြို့တော် ဖီးနစ်မြို့တွင် တည်ရှိပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြစ်သည်။

ဂျွန်မက်ကိန်းတို့ မိသားစုသည် ဖီးနစ်မြို့၊ ၂၄ လမ်းနှင့် ကမဲလ်ဘက်ခ်လမ်းထောင့်ရှိ စတုရန်းပေ ၆၅၀၀ ကျယ်ဝန်းသော ကွန်ဒိုခန်းသို့ ၂၀၀၆ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

ကွန်ဒိုခန်းတွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီး master bedroom တွင် မီးလင်းဖိုတစ်ခု ပါဝင်သည်။

ဂျွန်မက်ကိန်းတို့ ဇနီးမောင်နှံသည် အဆိုပါကွန်ဒိုခန်းအတွက် ကန်ဒေါ်လာ ၄ ဒသမ ၆ သန်း သုံးစွဲခဲ့ရကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဂျွန်မက်ကိန်းကွယ်လွန်ပြီးနောက် ဇနီးဖြစ်သူ စင်ဒီမက်ကိန်းက ဖီးနစ်မြို့တွင်ပင် စတုရန်းပေ ၅၀၀၀ အကျယ်အဝန်းရှိသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြင့် ဝယ်ယူခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း ဂျွန်မက်ကိန်းသည် ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ချိန်တွင် ၂ ဧက ကျယ်ဝန်းသော မြေပေါ်တွင် နေအိမ်အကျယ်အဝန်း ၁၄၅၀၀ စတုရန်းပေနီးပါးရှိသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

ဂျွန်မက်ကိန်းတို့ မိသားစုသည် အရီဇိုးနားပြည်နယ်၊ ယာဗာပိုင်းခရိုင်၊ ကွန်းဗေးလ်အရပ်တွင် ချောင်းတစ်ခု နံဘေး၌ တည်ရှိသည့် မွေးမြူရေးခြံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လာ ဂျိုလာနှင့် ကိုရိုနာဒိုအရပ်တို့တွင် ကွန်ဒိုခန်းများ၊ ဗာဂျီနီးယားပြည်နယ်၊ အာလင်တန်တွင်လည်း ကွန်ဒိုခန်းများ ပိုင်ဆိုင်ထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service