အာရှသားတို့၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၂၀၁၈ တွင် ၃၆ ရာခိုင်နှုန်းကျဆင်း

အာရှသားတို့၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၂၀၁၈ တွင် ၃၆ ရာခိုင်နှုန်းကျဆင်း - Property News in Myanmar from iMyanmarHouse.com
15 Mar 2019 11:06 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ရှိ ရင်းနှီးမြှုပ်နှံသူများက ပြည်ပအိမ်ခြံမြေဈေးကွက်များတွင် သူတို့၏ ရင်းနှီးမြှုပ်နှံထားရှိမှုအား ပြန်လည်ချိန်ညှိလာကြသည်။

အာရှမှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုငွေအလုံးအရင်းစီးဆင်းမှုသည် ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ ခုနှစ်အောက် ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူတို့၏ ၎င်းပြည်ပအိမ်ခြံမြေပိုင်ဆိုင်မှုပြန်လည်ပြင်ဆင်လာကြခြင်းကြောင့် အဓိကဖြစ်ကြောင်း CBRE က မတ် ၆ တွင် အစီရင်ခံခဲ့သည်။

၂၀၁၈ တစ်နှစ်တာလုံးအတွက် အာရှသားတို့၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၈ ဘီလျံသာ ရှိခဲ့ပြီး စင်္ကာပူနှင့် တောင်ကိုရီးယားတို့မှ ငွေကြေးစီးဆင်းမှုများက တရုတ်မှစီးဆင်းမှုထက် သာလွန်ခဲ့သည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ပြီးခဲ့သည့်နှစ်က သူတို့၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ချိန်ညှိခဲ့ကြကာ ၂၀၁၈ ဒုတိယနှစ်ဝက်တွင် အိမ်ခြံမြေအဝယ်ထက် အရောင်းကို ပိုမိုပြုလုပ်လာခဲ့ကြသဖြင့် ရင်းနှီးမြှုပ်နှံမှု တစ်နည်း အဝယ်ကျဆင်းခဲ့သည်။ တရုတ်မှ ငွေကြေး အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလျံသာလျှင် ပြီးခဲ့သည့်နှစ်က ပြည်ပအိမ်ခြံမြေများသို့ ရောက်ရှိခဲ့သည်။ ၂၀၁၇ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၃ ဘီလျံအောက် တစ်ဟုန်ထိုးကျဆင်းခဲ့ခြင်းဖြစ်သည်။

စင်္ကာပူမှ ရင်းနှီးမြှုပ်နှံသူများက ပြီးခဲ့သည့်နှစ်အတွင်း ပြည်ပအိမ်ခြံမြေများသို့ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ ဘီလျံ ရင်းနှီးခဲ့ပြီး ၂၀၁၇ ပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလျံထက် အနည်းငယ်မြင့်တက်ခဲ့သည်။ ကိုရီးယားရင်းနှီးမြှုပ်နှံသူများကလည်း ၂၀၁၈ ခုနှစ်အတွင်း ပြည်ပအိမ်ခြံမြေများသို့ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်းမတိုင်မီနှစ်၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ၆ ဒသမ ၃ ဘီလျံထက် အနည်းငယ်မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း အာရှတိုက်သားတို့ အခြားအာရှနိုင်ငံများရှိ အိမ်ခြံမြေများသို့ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ ရှိခဲ့ပြီး EMEA (ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက) ဒေသရှိ အိမ်ခြံမြေများသို့ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅ ဘီလျံ ရှိခဲ့သည်။ အမေရိကနိုင်ငံများရှိ အိမ်ခြံမြေများသို့ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံ ရှိခဲ့ပြီး ပစိဖိတ်နိုင်ငံများရှိ အိမ်ခြံမြေများသို့ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ရှိခဲ့သည်။

ပြည်ပအိမ်ခြံမြေပထမဆုံးအကြိမ်ဝယ်ယူသူများအတွက် ခိုင်မာသည့် အခြေအနေများရှိသည့် လန်ဒန်က ၁၈ ရာခိုင်နှုန်းဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအာရှသားတို့အတွက် ထိပ်တန်းမြို့ပြဖြစ်ဆဲဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service