ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ယန်း ၈၂ ဘီလီယံကျော် ဂျပန်မှချေးယူရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ

ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ယန်း ၈၂ ဘီလီယံကျော် ဂျပန်မှချေးယူရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 11:43 am တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်ဂျိုက်ကာ (JICA) ထံမှ ယန်း ၈၂ ဘီလီယံ ကျော် ချေးယူရန် ပြည်ထောင်စုလွှတ် တော်သို့ တင်ပြခဲ့သည်။ ရန်ကုန် မိလ္လာပြွန်စနစ် ဖွံ့ဖြိုး မှုစီမံကိန်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် မြို့ပြဧရိယာဓာတ်အား ဖြန့် ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း ဆောင်ရွက်ရန် ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးယူ ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင် မောင်ဝင်းက မတ် ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်နှင့် လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ ဖော်ဆောင်မည့် ရန်ကုန်မိလ္လာပြွန် စနစ်ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ဂျပန်ယန်း ၄၅ ဒသမ ၉ဝဝ ဘီလီယံ၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဂျပန်ယန်း ၂၄ ဒသမ ဝ၈၅ ဘီလီယံနှင့် မြို့ပြဧရိယာ ဓာတ်အား ဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်းအတွက် ဂျပန်ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ထံမှ အိုဒီ အီးအေ ချေးငွေအဖြစ် ရယူနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ပြည်ထောင်စုလွှတ် တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ ဆိုင်းငံ့ကာလ ၁ဝ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃ဝ ဖြင့် စုစုပေါင်းချေးငွေသက်တမ်းမှာ နှစ် ၄ဝ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေး ငွေ၏ Grant Element တွက်ချက်ရာတွင် ၆၉ ဒသမ ၂၁ ရာခိုင်နှုန်းရရှိသည့်အတွက် သက်သာမှုရှိ သော ချေးငွေဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

အဆိုပါစီမံကိန်းများမှာ (JICA) မှ ကွင်းဆင်း လေ့လာဆောင်ရွက်ထားသော မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းနှင့် မဟာဗျူဟာ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို လွှမ်းခြုံရေးဆွဲထားသော စီမံချက်တွင်ပါရှိသည့် အချက်အလက် အပေါ် အခြေခံ၍ ရေးဆွဲထားသော စီမံကိန်းဖြစ်ကြောင်း ဂျိုက်ကာစီမံကိန်း လေ့လာဆန်းစစ်မှုအဖွဲ့၏ သုံးသပ်ချက်အရ ရန်ကုန်မြို့တော် မိလ္လာစွန့်ပစ်မှုနှင့် ရေဆိုးသန့်စင်စနစ် တိုးတက်ကောင်းမွန်ရေးအတွက် အဓိကပါဝင်သည့် Yangon Sewerage Development Project နှင့် ရန်ကုန်မြို့ ရေကြီးရေလျှံမှုများ လျှော့ချရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု လျှော့ချရေးတို့ အဓိက ပါဝင်သည့် Yangon Urban Development Project တို့ကို ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ မိလ္လြာ>ွပန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းအတွက် လေ့လာဆန်းစစ်မှုကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၉ ခုနှစ် ဖေ ဖော်ဝါရီအထိ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလမှာ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်အထိ ကိုးနှစ်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်၏ မိလ္လြာ>ွပန်စနစ်သည် နှစ်ပေါင်း ၁၃ဝ ကျော်ရှိပြီး ကြံ့ခိုင် မှုများစွာ ယိုယွင်းလာပြီဖြစ်သဖြင့် ပြုပြင်မွမ်းမံရန် လိုအပ်လျက်ရှိ ကြောင်း၊ သန့်စင်သည့် ရေများကိုသာ ရန်ကုန်မြစ်သို့ စွန့်ပစ်ခြင်းဖြင့် ရန်ကုန်မြစ်၏ ညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်း အစရှိသော အကျိုး ကျေးဇူးများရရှိနိုင်မှာဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းအ တွက် လေ့လာဆန်းစစ်မှုကို ၂ဝ၁၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ကာလမှာ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အထိ ငါးနှစ်ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့နယ်များတွင် ရေကြီးရေလျှံမှု လျော့နည်းသွား ခြင်း၊ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားခြင်း၊ ရန်ကုန်မြို့တွင်း လမ်းများနှင့် Heritage Area တွင် သာယာလှပပြီး လမ်းအသုံးပြုသူများအတွက် လုံခြုံမှု၊ စိတ်ကျေနပ်မှုများ ရရှိနိုင်ခြင်း အစရှိသော အကျိုးကျေး ဇူးများ ရရှိလာနိုင်မှာဖြစ်ပါကြောင်း သိရသည်။

မြို့ပြဧရိယာ ဓာတ်အားဖြန့် ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်းအတွက် လေ့လာဆန်းစစ်မှုကို ၂ဝ၁၈ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလမှာ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ ခုနစ်နှစ်ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သိရသည်။

 

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service