ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီက နယူးယောက်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၈ သန်းခန့်ဖြင့် ရောင်းချလိုက်ပြီး လော့စ်အိန်ဂျလိတွင် ဒေါ်လာ ၁၀ သန်းတန်နေအိမ်ဝယ်ယူ

ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီက နယူးယောက်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၈ သန်းခန့်ဖြင့် ရောင်းချလိုက်ပြီး လော့စ်အိန်ဂျလိတွင် ဒေါ်လာ ၁၀ သန်းတန်နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 11:17 am တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီ၏ အမည်အပြည့်အစုံမှာ ဝေါလ်တာ ဘရုစ် ဝီလီဖြစ်ပြီး ၁၉၅၅ ခုနှစ်၊ မတ်လ ၊ ၁၉ ရက်တွင် အနောက်ဂျာမနီ (ယခင်က ဂျာမနီနိုင်ငံ ၂ ခြမ်းကွဲနေခဲ့သည်) တွင် မွေးဖွားခဲ့သည်။ ဖခင် ဒေးဗစ်ဝီလီမှာ အမေရိကန်စစ်သည်တစ်ဦးဖြစ်ပြီး မိခင် မာလင်းမှာ ဂျာမနီနိုင်ငံသူတစ်ဦး ဖြစ်သည်။

ဘရုစ်ဝီလီသည် အက်ရှင်သူရဲကောင်းတစ်ဦးအဖြစ် တင်စားခံရပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထင်ရှားသော ဇာတ်ကားအချို့မှာ Armageddon (၁၉၉၈), The Sixth Sense (၁၉၉၉),Sin City (၂၀၀၅) နှင့် The Expendables 2 (၂၀၁၂ ) တို့ ဖြစ်ကြသည်။

ကမ္ဘာကျော် Ghost ကားမှ မင်းသမီး ဒီမီမိုးရ်သည် ဘရုစ်ဝီလီ၏ ဇနီးဟောင်း ဖြစ်၏။

ယခုအခါ ဘရုစ်ဝီလီက လော့စ်အိန်ဂျလိမြို့တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၉ ဒသမ ၉၈ သန်းဖြင့် ဝယ်ယူလိုက်ပြီဟု ဆိုသည်။

ဘရုစ်ဝီလီသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း နယူးယောက်မြို့ရှိ duplex ခန်းကို ကန်ဒေါ်လာ ၁၇ ဒသမ ၇၅ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီး ယခုအခါ လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

နယူးယောက်နေအိမ်အား ရောင်းချခဲ့ပုံသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/702372 (၂) https://www.imyanmarhouse.com/news/read/705498 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

ဘရုစ်ဝီလီနှင့် ဇနီး အင်မာ ဟေးမင်းတို့ ဝယ်ယူလိုက်သောနေအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်တွင် တည်ရှိပြီး အိမ်ခြံမြေ မှတ်တမ်းများအရ ပြီးခဲ့သောလအတွင်း ကန်ဒေါ်လာ ၉ ဒသမ ၉၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် မှတ်တမ်းများ ရှိသည်။

ဘရုစ်ဝီလီတို့ ဇနီးမောင်နှံသည် ယခုနှစ်အစောပိုင်းကတည်းကပင် အနောက်ဘက်ကမ်းရိုးတန်းဒေသသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာခဲ့ကာ နယူးယောက်ပြည်နယ်၊ ဘက်ဖို့ဒ် ကော်နာစ်အရပ်ရှိ နေအိမ်ကိုလည်း အရောင်းဈေးကွက်တင်ခဲ့သည်။

(ဘက်ဖို့ဒ် ကော်နာရှိ နေအိမ်အား အရောင်းဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/800717 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

အဆိုပါနေအိမ်သည် ယခုတိုင် အရောင်းဈေးကွက်တွင် ရှိနေဆဲဖြစ်ပြီး ခေါ်ဈေးမှာမူ ကန်ဒေါ်လာ ၁၁ ဒသမ ၉ သန်းသို့ လျော့ကျသွားသည်။

(မူလခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၉၅ သန်းဖြစ်)

လော့စ်အိန်ဂျလိနေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး ကြမ်းခင်းဧရိယာ ၁၃၀၄၈ စတုရန်းပေ အကျယ်အဝန်းရှိပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်းအထိ ပါဝင်သည်။

မျက်နှာကြက်မြင့်မားသော နားနေခန်းမှ ဝင်ရောက်သွားလျှင် မီးလင်းဖိုတစ်ခုပါဝင်သော ဧည့်ခန်း၊ ညစာစားခန်းတို့သို့ ရောက်ရှိမည် ဖြစ်သည်။

မီးဖိုဆောင်သည် မိသားစုနားနေခန်းနှင့် ဆက်သွယ်ပေးထားပြီး ထိုမှထွက်လျှင် နောက်ဘက်ခြံဝန်းသို့ ရောက်ရှိမည် ဖြစ်သည်။

ခြံဝန်းအတွင်းတွင်ကား ရေကူးကန်၊ spa ၊ ရေကူးကန်ဘေး အပန်းဖြေနေရာ ၂ ခု၊ အကင်နေရာတစ်ခုတို့ ပါဝင်သည်။

အပေါ်ထပ်တွင် အဝတ်အစားထားသိုခန်း၊ မီးလင်းဖိုနှင့် သီးသန့်လသာဆောင်တို့ ပါဝင်သည့် master bedroom တစ်ခုကို တွေ့ရမည် ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service