ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ကာဇက်စတန်နိုင်ငံသား ဘီဘစ် ရှူမနော့က လာ့စ်ဗီးဂပ်ရှိ စံအိမ်ကို ရောင်းချရန် စီစဉ်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ကာဇက်စတန်နိုင်ငံသား ဘီဘစ် ရှူမနော့က လာ့စ်ဗီးဂပ်ရှိ စံအိမ်ကို ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 10:57 am တွင် တင်ခဲ့သည်
737 ကြိမ် ကြည့်ရှု့ပြီး

ဘီဘစ် ရှူမနော့၏ အမည်ရင်းမှာ ဘီဘစ် အေမာ ဟာနိုဗစ် ဆူမနော့ဖြစ်ပြီး ကာဇက်စတန်နိုင်ငံသားဖြစ်သည်။

မိခင်မှ ကျောင်းဆရာမဖြစ်ပြီး ဖခင်မှာ စာရင်းကိုင်ချုပ် ဖြစ်သည်။

ရှူမနော့သည် ငယ်စဉ်ကတည်းကပင် ဘရုစ်လီ၏ ရုပ်ရှင်များကို ကြည့်ရှုကာ ကိုယ်ခံပညာရပ်များကို စိတ်ဝင်တစား လေ့လာလိုက်စား ခဲ့သည်။

ချမ်းသာသည့် မိဘများမှ မွေးဖွားလာသူဖြစ်ပြီး ဥပဒေပညာကို သင်ယူခဲ့သော်လည်း ထိုအရာများကို အသက် ၂၄ နှစ်အရွယ်တွင် ကျောခိုင်းစွန့်ခွာကာ အမေရိကန်ပြည်၊ လာ့စ်ဗီးဂပ်သို့ ပြောင်းရွှေ့ခဲ့ပြီး လက်ဝှေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။WBA ၏ Cruiserweight တန်းနှင့် WBA light heavyweight တန်း ၂ ခုတို့တွင် ချန်ပီယံခါးပတ်များ အကြိမ်ကြိမ်ရရှိခဲ့သည်။

ရှူမနော့သည် ယခုနေအိမ်ကို ရောင်းချကာ ပိုမိုကြီးမားသည့် နေအိမ်တစ်လုံးဆောက်လုပ်ရန် စီစဉ်လျက်ရှိခြင်းဖြစ်သည်။

လာ့စ်ဗီးဂပ်မြို့၏ မြေဈေးအကြီးမားဆုံးနေရာတစ်ခုဖြစ်သော Sahara Estates အရပ်တွင် တည်ရှိပြီး ရေကန်ကြီးတစ်ခု၏ ဘေးတွင် တည်ရှိကာ ရှူမနော့က ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ဈေးခေါ်ထားသည်။ဈေးကွက်တင်ပေးသည့်အကျိုးဆောင်မှာ ရှန်နွန်စမစ်ဖြစ်သည်။

အကျယ်အဝန်း စတုရန်းပေ ၉၄၀၀ ရှိပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ကာ ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်အတွင်း ဖျော်ဖြေရေးနေရာများစွာအပြင် လွတ်လပ်စွာနေနိုင်မည့် တစ်ကိုယ်ရည်လုံခြုံမှုရှိသောနေရာများစွာလည်း ပါဝင်သည်။

ဧည့်ခန်းနှင့် ညစာစားခန်းများမှာ ပြန်လည်မွမ်းမံထားခြင်းဖြစ်ပြီး ထည်ဝါခမ်းနားလှသည်။

အိမ်နောက်ဘက်ရှိ ရေကူးကန်နှင့် ပစ္စည်းစုံထည့်သွင်းပေးထားသော အားကစားလေ့ကျင့်ရေးခန်းမ (ကလေးများအတွက်ပါ ပါဝင်) တို့မှာလည်း မိသားစု ပျော်ရွှင်မှုကို ဖန်တီးရန်အတွက် ပြီးပြည့်စုံသောနေရာများ ဖြစ်ကြသည်။အခြားဖျော်ဖြေရေးနေရာများမှာ အရက်ဘားပါဝင်သော အိမ်တွင်းရုပ်ရှင်ရုံနှင့် ဝိုင်သိုလှောင်ခန်းတို့ ပါဝင်ခြင်း ဖြစ်သည်။

Master bedroom တွင် ကြီးမားကျယ်ဝန်းသော ရေချိုးခန်း၊ အဝတ်အစားထားသိုခန်းတို့ ပါဝင်သည်။

အဝတ်အစားထားသိုခန်းတွင် အားကစားသမားတို့ ထိခိုက်ဒဏ်ရာရရှိလာပါက အောက်ဆီဂျင်ကုထုံးဖြင့် ကုသမှုများ ပြုလုပ်ပေးသည့် hyperbaric chamber စက်တစ်ခုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါစက်ကို နေအိမ်ဝယ်ယူရာတွင် တပါတည်းဝယ်ယူလိုပါက ညှိနှိုင်းနိုင်ကြောင်း၊ ချန်ပီယံဆုရခဲ့သော ခါးပတ်များမှာမူ အရောင်းစာရင်းတွင် မပါဝင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ရှန်နွန်စမစ်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service