ဘီအိုတီအိမ်ရာတွေကနေ အငှါးစာချုပ်နဲ့ ဝယ်ထားသူတွေ မနစ်နာအောင် ဆောင်ရွက်ထား

ဘီအိုတီအိမ်ရာတွေကနေ အငှါးစာချုပ်နဲ့ ဝယ်ထားသူတွေ မနစ်နာအောင် ဆောင်ရွက်ထား - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 10:39 am တွင် တင်ခဲ့သည်
787 ကြိမ် ကြည့်ရှု့ပြီး

အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) နည်းလမ်းများ မှာ ပါဝင်တဲ့ BOT (Build , Operate , and Transfer) စနစ်နဲ့ တည်ဆောက်ထားတဲ့ အိမ်ရာတွေကနေ အငှါးစာချုပ်နဲ့ ဝယ်ယူထားသူများ မနစ်နာစေဖို့ အစိုးရအနေနဲ့ဆောင်ရွက်ထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဘီအိုတီစနစ်နဲ့ မြေငှါးရမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီများနဲ့ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေရေး ရှင်းလင်းညွန်ပြပေးရန် အစီအစဉ် ရှိမရှိမေးမြန်းရာမှာ ဒုတိယဝန်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးမောင်မြင့်က လက်ရှိမှာ ဘီအိုတီစနစ်နဲ့ ငှါးရမ်းပြီးဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီများ ရှိကြောင်း၊ ဥပမာ Golden City , INNO City , Myanmar Plaza တို့ဖြစ်ကြောင်း သည်စနစ်အရ နှစ် ၇၀ ကြာရင် ပြန်လွှဲပေးရသည်ကို နားလည်းကြောင်းနဲ့ ဘီအိုတီ စနစ်နဲ့ ဆောင်ရွက်ရာမှာ ဟိုတယ် ၊ ရှော့ပင်စင်တယ် စတာတွေကိုသာပြုလုပ်သင့်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အခုကပြည်သူတွေကို နှစ် ၇၀ အငှါးစာချုပ်နဲ့ ရောင်းချနေတာကို တွေ့ရတဲ့အတွက် သည်စနစ်နဲ့လုပ်ကိုင်နေတဲ့ ပြည်ပကုမ္ပဏီများနဲ့ ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေဖို့ ရှင်းလင်းညွှန်ကြားပေးဖို့ ဦးမောင်မြင့်ကမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

စီမံဘဏ္ဍဒုဝန်ကြီး ဦးဆက်အောင်က ဘီအိုတီလုပ်ငန်းတစ်ခုဟာ အိမ်ရာတည်ဆောက်မှုတစ်ခုဖြစ်ရင် ဘီအိုတီလုပ်ငန်းသက်တမ်းကုန်ဆုံးပြီး လွှဲပြောင်းချိန်မှာ သည်အိမ်ရာအခန်းများ ဝယ်ယူနေထိုင်သူများနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဘီအိုတီစာချုပ်ထဲမှာ ထည့်သွင်းချုပ် ဆိုနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။တကယ်လို့ ဘီအိုတီစာချုပ်မှာ သည်အချက်နဲ့ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုမှု မရှိရင် ဘီအိုတီသက်တမ်း ကုန်ဆုံးတဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် သည်စာချုပ်ဆိုတဲ့ ဘီအိုတီစာချုပ်နဲ့အညီသာ လုပ်ငန်းဆောင်ရွက်မှုများကို အစိုးရသို့ လွှဲပြောင်းဆောင်ရွက်မယ်လို့ ဦးဆက်အောင်က ပြောပါတယ်။

ဒါ့အပြင် PPP စီမံကိန်းတွေကို နည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားတဲ့အတိုင်း ppp စင်တာကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်းကြီးဌာနမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိပါတယ်။ အစိုးရအဖွဲ့အစည်းများအနေနဲ့ PPP ယူနစ်ဖွဲ့စည်းပြီး အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ရေးတာဝန်ယူမှာ ဖြစ်တယ်လို့လည်း ဦးဆက်အောင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒါ့အပြင် လုပ်ငန်းဆောင်ရွက်တဲ့ ဝန်ကြီးဌာနတွေအနေနဲ့ ဘီအိုတီနဲ့လုပ်ကိုင်တဲ့ ပြည်ပကုမ္ပဏီများနဲ့ ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေရေးကိုလည်း အစိုးရ ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (PPP စင်တာ )နဲ့ အစိုးရ ၊ ပုဂ္ဂလိ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (PPP ယူနစ်) တို့နဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ သိရပါတယ်။

ဒုဝန်ကြီးဖြေကြားချက်နဲ့ ပတ်သက်ပြီး ဦးမောင်မြင့်က မြေပြင်မှာ လက်တွေ့ဖြစ်နေတာက Lease Agreement (ငှါးရမ်းခြင်းသဘောတူညီချင် )သာဖြစ်ပြီး ရောင်းတာမဟုတ်ကြောင်း ဆက်စပ်မေးခွန်းအနေနဲ့ မေးမြန်းခဲပါတယ်။ ဆက်စပ်မေးခွန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးက ဖြေကြားရာမှာတော့ Lease Agreement ဆိုတဲ့ နေရာမှာ ကွန်ဒိုတိုက်ခန်းမပြောနဲ့ မြေယာနဲ့ ပတ်သက်လို့ရှိရင်တောင်မှ Lease Agreement နဲ့ပဲ ပြောတာဖြစ်တယ် လို့ ရှင်းလင်းတင်ပြပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service