တန်ဖိုးနည်းတိုက်ခန်းပေါင်း ၁၅၀ဝ၀ဝ အတွက် မြေဧက ၅၀ဝ တော်ဝင်ကုမ္ပဏီလျှောက်ထား

တန်ဖိုးနည်းတိုက်ခန်းပေါင်း ၁၅၀ဝ၀ဝ အတွက် မြေဧက ၅၀ဝ တော်ဝင်ကုမ္ပဏီလျှောက်ထား - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 10:25 am တွင် တင်ခဲ့သည်
1143 ကြိမ် ကြည့်ရှု့ပြီး

ဝင်ငွေနည်းပြည်သူများနှင့် ကျူးကျော် နေထိုင်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် လိုအပ်သည့်အတွက် မကြာမီ အကောင်အထည်ဖော်ဆောင်မည့် ရန်ကုန် မြို့သစ်စီမံကိန်းနှင့် သွားလာမှုလွယ်ကူသည့် နေရာများတွင် မြေဧက ၅၀ဝ ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တင်ပြထား ကြောင်း တော်ဝင်မိသားစုကုမ္ပဏီဥက္ကဋ္ဌ ဦးကို ကိုထွေးက မတ် ၈ ရက်က ပြောဆိုသည်။

"ရှစ်ထပ်၊ ၁၀ ထပ်၊ ၁၂ ထပ်ဖြစ်နိုင်တယ်။ ဒါကလည်း မဆုံးဖြတ်ရသေးဘူး။ အာဏာပိုင် အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ကို နာခံရမှာဖြစ်ပါတယ်။ မြေပေးတာနဲ့ အမြန်ဆုံးဆောက် သွားမှာပါ။ ကျွန်တော့်ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားတာရှိပါတယ်"ဟု ၎င်းက ပြောဆို သည်။

မုဒိတာ (၃)တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝင်ဂါးဒင်း ဟိုတယ်၌ တော်ဝင်မိသားစုကုမ္ပဏီက သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မတ် ၈ရက် နံနက် ၁၀ နာရီက ပြောဆိုခဲ့ခြင်းဖြစ်သည်။

လိုအပ်

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံတွင် အိမ်ရာတိုက်ခန်း၊ လုံးချင်းနှင့် ပျဉ် ထောင်အိမ်စုစုပေါင်းမှာ ၁ ဒသမ ၂သန်းသာ ရှိပြီး လက်ရှိအချိန်တွင် လူဦးရေသုံးသန်းခန့် အတွက် အိမ်ရာလိုအပ်မှုရှိနေပြီး တန်ဖိုးနည်းတိုက်ခန်းအိမ်ရာပေါင်း ခြောက်သိန်းခန့်လိုအပ် မည်ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် မြေနေရာရရှိပါက တစ်နှစ်လျှင် တန်ဖိုးနည်းအိမ်ရာ ၃၀ဝ၀ဝ ကျော်တည်ဆောက်မည်ဖြစ်ပြီး ငါးနှစ်အတွင်းတိုက်ခန်းပေါင်း ၁၅၀ဝ၀ဝ ဆောက်လုပ်သွား မည်ဖြစ်သည်။

တိုက်ခန်းအမျိုးအစားနှစ်မျိုးဖြင့် ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး စတုရန်းပေ ၃၀ဝ ကျယ်ဝန်းသည့်အခန်းကို ကျပ်သိန်း ၈၀ဖြင့် ရောင်းချမည်ဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာ၊ ပါကေြးွကေပြားခင်းခြင်း၊ ဓာတ်လှေကားများ ပါဝင်မည်ဖြစ်ပြီး ယင်းတိုက်ခန်းအတွက် တစ်ခန်းလျှင် ကျပ်သိန်း ၈၀ ကျသင့်မည်ဖြစ် သည်။

ထို့အပြင် စတုရန်းပေ ၄၉၀ ကျယ်ဝန်း သည့် တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်း၊ ရေချိုး ခန်း၊ အိမ်သာနှစ်ခန်း၊ ပါကေြးွကေပြားအပြည့်ခင်းခြင်း၊ အိမ်ထောင်ပစ္စည်းအစုံအလင်နှင့် ဓာတ်လှေကားပါဝင်မည်ဖြစ်ပြီး အခန်းတစ်ခန်း လျှင် ကျပ် ၁၉၆ သိန်းကျသင့်မည်ဖြစ်သည်။

တင်ပြထား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတည်ဆောက်မည် ဆိုပါက မြေတန်ဖိုးသုညရာခိုင်နှုန်းဖြင့် ချထားပေးမည်ဖြစ်ကြောင်း ကုန်သည်/စက်မှုအသင်း ချုပ်တွင် ပြောဆိုထားခဲ့ပြီးဖြစ်သည်။ ထို့အပြင် ကုမ္ပဏီမှတပ်ဆင်ပေးသည့် စမ်းသပ်စစ်ဆေး ပြီး ရေမီတာနှင့် ဒစ်ဂျစ်တယ်မီတာများအား စစ်ဆေးခကင်းလွတ်ခွင့်ပြုရန်နှင့် တိုက်ခန်း ဝယ်ယူသူများ အတိုးနှုန်းသက်သာသည့် ဘဏ် ချေးငွေရရှိရန်အတွက် ကူညီပေးရန် အစိုးရ အဖွဲ့သို့ တင်ပြထားသည်။

ထိုစီမံကိန်းနှင့်အတူ စက်မှုဇုန်အတွက် ဧက ၂၀ဝ၀ကို ပူးတွဲခွင့်ပြုမည်ဆိုပါက အလုပ် အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့် တရုတ်(တိုင်ပေ)အဖွဲ့က ဆောင်ရွက်လိုကြောင်း တင်ပြထားသည်ဟု သိရသည်။

စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် အတွက် ရန်ကုန်မြို့သစ်စီမံကိန်းတွင်လည်း ကောင်း၊ နေထိုင်သွားလာမှုလွယ်ကူနိုင်သည့် နေရာများတွင်လည်ကောင်း မြေဧက ၅၀ဝ စီစဉ်ပေးရန်နှင့် စက်မှုဇုန်အတွက် ဧက ၂၀ဝ၀ သတ်မှတ်ချက်များကိုခွင့်ပြုပေးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့တင်ပြထားသည်။

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service