သိမ်းဆည်းခံ မြေဧက ၃၀ ကျော်အတွက် ပဲခူးမြစ်ကူးတံတားသစ်စီမံကိန်း လျော်ကြေးပေးမည်

သိမ်းဆည်းခံ မြေဧက ၃၀ ကျော်အတွက် ပဲခူးမြစ်ကူးတံတားသစ်စီမံကိန်း လျော်ကြေးပေးမည် - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 9:54 am တွင် တင်ခဲ့သည်
1468 ကြိမ် ကြည့်ရှု့ပြီး

ပဲခူးမြို့ ဥဿာမြို့သစ် သမိန်ဗရမ်းလမ်း၌တည်ဆောက်မည့်ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) စီမံကိန်းတွင်ပါဝင်သောသိမ်းဆည်းခံမြေ ၃၂ ဧကအတွက် မြေယာလျော်ကြေးငွေများကိုမတ်လ ဒုတိယပတ်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

လျော်ကြေးပေး

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ၌ စတင်အကောင်အထည်ဖော်နေသော ပဲခူးမြို့ စိန်သာ လျောင်းဘုရားလမ်းနှင့် သမိန်ဗရမ်းလမ်းကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတားသစ်စီမံကိန်း တွင်ပါဝင်သွားသော လယ်သမား၁၆ ဦး၏ မြေ ၃၂ ဧကအား မြို့မြေကိုတစ်ဧကလျှင် ကျပ်သိန်း ၅၀ နှုန်း၊ လယ်ယာမြေတစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်းအပြင် သီးနှံလျော်ကြေးများပါ ပေး အပ်မည်ဖြစ်သည်။

" စီမံကိန်းမြေနေရာမှာ ပါဝင်သွားတဲ့ လယ်သမားတွေနဲ့တော့ သဘောတူညီချက်ရပြီးပါပြီ။ ရှေ့အပတ်ထဲမှာ လျော်ကြေးငွေပေး တော့မှာပါ။ လက်ရှိ သီးနှံစိုက်ပျိုးထားတဲ့ လယ်တွေကိုလည်း သီးနှံလျော်ကြေးပေးမှာပါ။ ပဲတီစိမ်းတစ်ဧကကို တင်း ၂၀ နှုန်းနဲ့ တစ်တင်း ဈေးနှုန်း ကျပ် ၄၂,ဝ၀ဝ နှုန်း၊ မြေပဲကိုတော့ တစ်ဧကကို တင်း ၆၀ နှုန်းနဲ့ တစ်တင်းဈေးနှုန်း ကျပ် ၂၂,ဝ၀ဝပေး သွားမှာပါ။ သူတို့သီးနှံခူးယူခွင့် သုံးပတ်လောက်အချိန်ပေးပြီးမှ စီမံကိန်းလုပ်ငန်းစတင်မှာပါ " ဟု ပဲခူးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေက ပြောဆိုသည်။

အထောက်အကူပြု

ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)သည် ပဲခူးမြို့တွင်းပိုင်း သမိန်ဗရမ်းလမ်းမှတစ်ဆင့် ဆံတော် တွင်းလမ်း၊ ၎င်းမှတစ်ဆင့် စိန်သာလျောင်းဘုရားနှင့် ပဲခူး-–သနပ်ပင်လမ်းတို့ကို ချိတ်ဆက်ပေးမည်ဖြစ်သဖြင့် ပဲခူးမြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုလျော့နည်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

"လယ်မြေကတော့ အရင်ဒေသပေါက်ဈေးထက်ပိုရတော့ လယ်သမားတွေအတွက် အဆင် ပြေပါတယ်။ မြို့မြေကျတော့ အရင်အဲဒီနေရာတွေမှာ သိန်းရာချီပေါက်နေတော့ အစိုးရက လျော်ကြေးပေးတာ နည်းသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းပေါက်သွားတော့ ဒီနားတစ်ဝိုက် အိမ်ခြံမြေဈေးတွေ အဆမတန်တက်သွားတယ်" ဟု ဥဿာမြို့သစ်နေသူတစ်ဦးက ပြောဆိုသည်။

ကုန်ကျခံဆောက်

ပဲခူးမြို့တွင် ပဲခူးမြစ်ကိုဖြတ်ကူးသည့် တံတားမှာတစ်စင်းသာရှိပြီး လက်ရှိတံတားသစ်သည် အရှည် ၅၁၈ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ်တံတားဖြစ်ကာ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေမှ ကျပ်သန်း ၁၇၀ဝ ကျော် အကုန်ကျခံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားနှင့် တစ်ဆက်တည်းဖြစ်သည့် ရန်ကုန်-–မန္တလေးလမ်းဟောင်း ပြင်စည် မီးပွိုင့်မှ ဆံတော်တွင်းလမ်းဆုံအထိ သုံးမိုင် ခန့်နှင့် စိန်သာလျောင်းဘုရားလမ်း၊ ပဲခူး-– သနပ်ပင် လမ်းကြီးအထိ နှစ်မိုင်ခြောက်ဖာလုံတို့ကိုလည်း ကတ္တရာခင်းကွန်ကရစ်လမ်းအဖြစ် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

Credit:   The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service