မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလ တန်ဖိုးသင့်အိမ်ရာ တွေကို စတင် ရောင်းချ

မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလ တန်ဖိုးသင့်အိမ်ရာ တွေကို စတင် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 9:41 am တွင် တင်ခဲ့သည်
2443 ကြိမ် ကြည့်ရှု့ပြီး

မွန်ပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေ ကျပ် သန်း ၅၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားတဲ့ မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလတန်ဖိုးသင့်အိမ်ရာ တွေကို စတင် ရောင်းချဖို့ရှိပါတယ်။

မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလ တန်ဖိုးသင့်အိမ်ရာတွေ ရောင်းချနိုင်ဖို့ အတွက် မတ်လ ၈ ရက်က ပြုလုပ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ မူဝါဒ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုးသင့်အိမ်ရာတွေကို မကြာခင် စတင်ရောင်းချ သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုပါတယ်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က “ရောင်းချဖို့အတွက် အစိုးရအဖွဲ့က ဆုံးဖြတ်ထားပြီပြီး၊ လျှောက်လွှာတွေကို တစ်စောင် ၁၀၀၀ နဲ့ စပြီး ရောင်းချတော့မယ်” လို့ ပြောပါတယ်။

တန်ဖိုးသင့် အိမ်ရာရဲ့ ဈေးနှုန်းတွေကိုတော့ မြေညီထပ် ကျပ် ၂၃၅ သိန်း၊ ပထမထပ် ၂၁၀ သိန်း၊ ဒုတိယထပ် ၁၉၅ သိန်း၊ တတိယထပ် ၁၈၀ သိန်း သတ်မှတ်ထားပါတယ်။ ဒီတန်ဖိုးသင့် အိမ်ရာတွေရဲ့ လျှောက်လွှာတွေကို နိုင်ငံဝန်ထမ်း၊ အငြိမ်စားဝန်ထမ်းနဲ့ ပြည်သူဆိုပြီး အမျိုးအစား သုံးမျိုးခွဲထားပြီး လျှောက်လွှာ ရောင်းချသွားဖို့ ရှိနေပါတယ်။

အိမ်ရာတွေကို မွန်ပြည်နယ်အတွင်း နေထိုင်ပြီး အိမ်ပိုင်မြေပိုင် မရှိသူ၊ နိုင်ငံဝန်ထမ်း အနေနဲ့ အငြိမ်းစား မယူခင် ၅ နှစ်၊ အငြိမ်းစားယူပြီး ၃ နှစ်ရှိသူတွေ ငွေလက်ငင်းချေနိုင်သူတွေကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

အခုလို ငွေလက်ငင်းချေနိုင်တဲ့ သူတွေကို ဦးစားပေးတဲ့စနစ် ကျင့်သုံးရင် လက်ပြောင်း လက်လွှဲတွေ ဖြစ်လာနိုင်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ဆိုပါတယ်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က “ ဒီလို လက်ငင်းငွေချေတဲ့ သူတွေကို ဦးစားပေးမယ်ဆိုရင် လက်ပြောင်းလက်လွှဲက ရှိနေဦးမှာပဲ” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က သီရိမင်္ဂလာတန်ဖိုးနည်းအိမ်ရာကို အကောင်အထည် ဖော်ခဲ့ပါတယ်။

အဲဒီ အိမ်ရာတွေကို အငြိမ်းစားဝန်ထမ်း၊ နိုင်ငံဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစား အတွက်သာ ရည်ရွယ်တည်ဆောက်ခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်ရာနေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ အိမ်ငှားတွေသာ ဖြစ်နေတယ်လို့ အိမ်ရာနေထိုင်သူတွေက ဆိုပါတယ်။

သီရိမင်္ဂလာ အိမ်ရာရောင်းချတဲ့ နေရာမှာ လျှောက်လွှာ ခေါ်ယူတဲ့နေ့မှာ အရင်ဆုံး ကျပ် ၂၅ သိန်း ပေးသွင်းခဲ့ရပြီး၊ လျှောက်ထားသူ အရေအတွက်များသောကြောင့် မဲနှိုက်ရွေးခဲ့ကာ မဲပေါက်ရင် နောက်ထပ် ကျပ် ၂၅ သိန်း ထပ်မံပေးသွင်းပြီး အခန်းယူတဲ့စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဒါအပြင် ပေးချေဖို့ ကျန်တဲ့ ငွေတွေကို ၅ နှစ် အရစ်ကျ စနစ်ဖြင့် ပေးချေခဲ့ရပါတယ်။

Credit: XYZ News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service