UHNWI သူဌေးများ၏ ၂၀၁၉ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသဘောထားစစ်တမ်း

UHNWI သူဌေးများ၏ ၂၀၁၉ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသဘောထားစစ်တမ်း - Property News in Myanmar from iMyanmarHouse.com
13 Mar 2019 10:53 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာတစ်ဝန်းရှိ UHNWI (အသားတင်ပိုင်ဆိုင်မှုအလွန်မြင့်မားသူများ တစ်နည်းဆိုရသော် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သော ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၃၀ ထက်မနည်း ပိုင်ဆိုင်သူ) များ၏ ၂၃ ရာခိုင်နှုန်းဝန်းကျင်က ယခုနှစ်အတွင်း သူတို့နိုင်ငံများရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး ၂၇ ရာခိုင်နှုန်းက ပြည်ပတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ သဘောထားစစ်တမ်းမှ အချက်အလက်များအရ သိရသည်။

အာရှတိုက်တစ်ခုတည်းရှိ UHNWI များ၏ ၃၃ ရာခိုင်နှုန်းခန့်က ၂၀၁၉-၂၀၂၀ ကာလအတွင်း သူတို့နိုင်ငံများရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြကြောင်း၊ ၂၇ ရာခိုင်နှုန်း ဝန်းကျင်ကမူ ပြည်ပတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြကြောင်း Knight Frank ၏ ဥစ္စာဓနအစီရင်ခံစာသစ်ပါ ၎င်းစစ်တမ်းတွင် ဖော်ပြထားသည်။

၎င်းသဘောထားစစ်တမ်းသို့ ဖြေဆိုခဲ့သူများတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဥစ္စာဓနစီမံမှုနှင့်ပတ်သက်၍ အကြံပေးသူများ စုစုပေါင်း ၆၀၀ ဦး ပါဝင်ခဲ့သည်။

အာရှမှဖြေဆိုသူများ၏ ၆၅ ရာခိုင်နှုန်းခန့်နှင့် အမေရိကန်နိုင်ငံမှဖြေဆိုသူများ၏ ၅၉ ရာခိုင်နှုန်းခန့်တို့က အနာဂတ်တွင် ဥစ္စာဓနကို ဖန်တီးထိန်းသိမ်းနိုင်ရန် ဒေသဆိုင်ရာအခြေအနေများကြောင့် ခက်ခဲလိမ့်မည်ဟု ဖြေကြားခဲ့ကြသည်။

အရှေ့အလယ်ပိုင်းဒေသမှ ဖြေဆိုသူများ၏ ၇၄ ရာခိုင်နှုန်း၊ လက်တင်အမေရိကနိုင်ငံမှ ဖြေဆိုသူများ၏ ၆၅ ရာခိုင်နှုန်းနှင့် ဥရောပတိုက်မှ ဖြေဆိုသူများ၏ ၄၉ ရာခိုင်နှုန်းတို့က ပြည်ပနိုင်ငံများတွင် ဒုတိယမြောက်အိမ်ပိုင်ဆိုင်ကြသည်။ အရှေ့အလယ်ပိုင်းဒေသမှ ဖြေဆိုသူများ၏ ၄၆ ရာခိုင်နှုန်းက ၂၀၁၉-၂၀၂၀ ကာလတွင် ပြည်ပနိုင်ငံများမှ အိမ်ခြံမြေများတွင် ရင်းနှီမြှုပ်နှံရန် စီစဉ်နေကြောင်း ဖြေကြားခဲ့ကြသည်။

ကမ္ဘာတစ်ဝန်းတွင် ပထမနေအိမ်နှင့် ဒုတိယမြောက်နေအိမ်တို့ကို ဝယ်ယူမှုများအတွက် ပညာရေးက သိသာထင်ရှားသော အဓိကမောင်းနှင်သူဖြစ်လာသည်။ ကြယ်ငါးပွင့်ဟိုတယ်အရေအတွက်နှင့် ထိပ်တန်းစားသောက်ဆိုင်များ၏ အရေအတွက်နှင့် အရည်အသွေးတို့ကဲ့သို့သောလုံခြုံမှုနှင့် ဇိမ်ခံနိုင်မှုတို့ကလည်း အလားတူပင်ဖြစ်လာကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service