စင်္ကာပူရှိ ချန်ဂီနိုင်ငံတကာလေဆိပ်တွင် ကမ္ဘာ့အကြီးမားဆုံး Indoor ရေတံခွန်ကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံကျော် အကုန်အကျခံ ဆောက်လုပ်နေပြီး လာမည့်လတွင် ဖွင့်လှစ်သွားမည်

စင်္ကာပူရှိ ချန်ဂီနိုင်ငံတကာလေဆိပ်တွင် ကမ္ဘာ့အကြီးမားဆုံး Indoor ရေတံခွန်ကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံကျော် အကုန်အကျခံ ဆောက်လုပ်နေပြီး လာမည့်လတွင် ဖွင့်လှစ်သွားမည် - Property News in Myanmar from iMyanmarHouse.com
12 Mar 2019 12:17 pm တွင် တင်ခဲ့သည်
4340 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူရှိ ချန်ဂီ နိုင်ငံတကာလေဆိပ်တွင် ပေါင် ၉၅၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၂၃ ဘီလီယံ) ကုန်ကျမည့် ကမ္ဘာ့အကြီးမားဆုံး indoor ရေတံခွန်ကြီးနှင့် တောအုပ်တစ်ခုကို ထည့်သွင်းဆောက်လုပ်နေပြီး လာမည့်လတွင် ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိသည်။

Jewel Changi Airport ဟု အမည်ပေးထားသည့် အဆိုပါနေရာကို လာမည့် ဧပြီလ ၁၇ ရက်တွင် အများပြည်သူများအတွက် တရားဝင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် ကမ္ဘာလှည့်ခရီးသည်များ စုံစည်းရာနေရာဟု တင်စားထားသည်။

ယင်းနေရာတွင် လေကြောင်းနှင့် ခရီးသွားလာမှုဆိုင်ရာ ပြကွက်များ ထည့်သွင်းသွားမည့်အပြင် မည်သည့်နေရာတွင်မျှ မရှိသည့် တမူထူးခြားသောအရာများ ဖန်တီးသွားမည်ဟု ဆိုသည်။

Jewel complex တွင် အထပ်ပေါင်း ၁၀ ထပ်ပါဝင်မည်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၁၃၇၀၀၀ ရှိမည်ဖြစ်ပြီး မှန်နှင့် စတီး မျက်နှာစာများဖြင့် ဖွဲ့စည်းထားမည် ဖြစ်သည်။

Jewel complex ကို ချန်ဂီလေဆိပ်၏ တာမီနယ် ၁ ၊ ၂ ၊ ၃ တို့နှင့် တိုက်ရိုက်ဆက်သွယ်ပေးထားမည် ဖြစ်သည်။

Jewel complex တွင် သစ်ပင်ပန်းမန် ထောင်ပေါင်းများစွာ စိုက်ပျိုးထားမည့် Forest Valley မှာ အထပ် ၄ ထပ် ဖြန့်ကျက်တည်ရှိမည် ဖြစ်ပြီး စင်္ကာပူတွင် အကြီးမားဆုံးသော indoor ပင်များ စုစည်းရာနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။

Jewel complex ၏ ပင်မ feature ဖြစ်သော ကမ္ဘာ့အမြင့်မားဆုံး indoor ရေတံခွန်ကို Rain Vortex ဟု အမည်ပေးထားကာ အဆောက်အအုံ၏ ဗဟိုချက်တွင် တည်ရှိမည်ဖြစ်ပြီး အမြင့်မာ မီတာ ၄၀ ရှိသည်။

အဆိုပါ ရေတံခွန်ကို ဝန်းပတ်ကာ လက်လီအရောင်းဆိုင်နှင့် စားသောက်ဆိုင်ပေါင်း ၂၈၀ ၊ အခန်းပေါင်း ၁၃၀ ပါဝင်မည့် YOTELAIR Singapore Changi Airport ဟိုတယ်တို့က ဝန်းပတ်တည်ရှိမည် ဖြစ်သည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ လေကြောင်းခရီးစဉ်များအတွက် Jewel complex တွင် အလွယ်တကူ check-in ဝင်နိုင်မည့်အပြင် ခရီးဆောင်အိတ်ထားသိုရာ နေရာများလည်း ထားရှိထားသည်ဟု ဆိုသည်။

ကမ္ဘာကျော်ဗိသုကာပညာရှင်များဖြစ်သည့် မိုရှေ ဆပ်ဖ်ဒီ၊ စင်္ကာပူအခြေစိုက် RSP နှင့် Benoy တို့ ပါဝင်ဖွဲ့စည်းထားသည့် အတိုင်ပင်ခံအဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

Jewel complex ၏ အပေါ်ဆုံးထပ်တွင် Canopy Park အမည်ရှိနေရာ ပါဝင်ပြီး ကစားရန်နေရာများ၊ ပန်းဥယျာဉ်များ၊ လမ်းလျှောက်ရန် လျှောက်လမ်းတံတားများ၊ ညစာစားရန်နေရာများ ပါဝင်မည် ဖြစ်သည်။

အခြားနေရာ ၃ ခုဖြစ်သော Sky Nets, Canopy Mazes နှင့် Discovery Slides တို့ကိုမူ ၂၀၁၉ နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service