သုဘရာဇာဘဝမှ ကမ္ဘာပေါ်တွင်အရောင်းရဆုံး တေးသံရှင်ဖြစ်လာသူ ဗြိတိသျှ ဂန္ထဝင်ဂီတကြယ်ပွင့် ရော့ဒ်စတီးဝပ်က အင်္ဂလန်တောင်ပိုင်းရှိ ကျေးလက်စံအိမ် ဝယ်လက်ရှာတွေ့

သုဘရာဇာဘဝမှ ကမ္ဘာပေါ်တွင်အရောင်းရဆုံး တေးသံရှင်ဖြစ်လာသူ ဗြိတိသျှ ဂန္ထဝင်ဂီတကြယ်ပွင့် ရော့ဒ်စတီးဝပ်က အင်္ဂလန်တောင်ပိုင်းရှိ ကျေးလက်စံအိမ် ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
12 Mar 2019 12:02 pm တွင် တင်ခဲ့သည်
2051 ကြိမ် ကြည့်ရှု့ပြီး

ရော့စတီးဝပ်ကို ကမ္ဘာပေါ်ရှိ ဂီတမြတ်နိုးသူတိုင်းသိကြသည်။

ရော့ခေတ်ဦးတွင် ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အဆိုတော်ကြီးဖြစ်၏။ ဂီတဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မှုများအတွက် အင်္ဂလန်ဘုရင်မကြီးက သူကောင်းပြုခြင်းခံရသူလည်း ဖြစ်သည်။

သူသည် ကမ္ဘာပေါ်ရှိ မည်သည့်နာမည်ကျော်ပုဂ္ဂိုလ်ထက်မဆို ဘ၀နာသူတစ်ဦးဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုလျှင် ကမ္ဘာကျော်အဆိုတော်မဖြစ်မီက ရော့စတီးဝပ်သည် သုဘရာဇာလုပ်ကာ အသက်မွေးခဲ့ရခြင်းကြောင့်ပင်။

ရော့ဒ်စတီးဝပ်သည် လန်ဒန်တွင် မွေးဖွားကြီးပြင်းသူဖြစ်ပြီး စကော့လူမျိုးတစ်ဦး ဖြစ်သည်။

ရော့စတီးဝပ်ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မြောက်ပိုင်း၊ ဟိုက်ဂိတ်အရပ်၊ အာ့ခ်ျဝေးလမ်း၊ အိမ်အမှတ် ၅၀၇ တွင် ၁၉၄၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်တွင် မွေးဖွားသည်။

မိဘများမှာ ရောဘတ်စတီးဝပ်နှင့် အယ်လ်စီ ဂျီးလ်ဘတ်တို့ဖြစ်ကြပြီး မွေးချင်း ၅ ဦးရှိသည့်အနက် အငယ်ဆုံးဖြစ်သည်။

ဖခင်မှာ စကော့လူမျိုးဖြစ်ပြီး အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ကာ မိခင်မှာ လန်ဒန်မြောက်ပိုင်း ဟော်လိုဝေးအထက်ပိုင်းတွင် ကြီးပြင်းသည့် အင်္ဂလန်သူတစ်ဦးဖြစ်သည်။

ရော့စတီးဝပ်၏ မိခင်နှင့် ဖခင်တို့သည် ၁၉၂၈ တွင် လက်ထပ်ခဲ့ကြပြီး စကော့တလန်တွင် နေထိုင်စဉ်ကာလများအတွင်း သားနှစ်ဦး သမီးနှစ်ဦးထွန်းကားခဲ့ပြီး ဖြစ်သည်။

စကော့တလန်မှ လန်ဒန်မြောက်ပိုင်း ဟိုက်ဂိတ်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ် ကာလအတွင်း ရော့စတီးဝပ်ကို မွေးဖွားခဲ့ခြင်းဖြစ်ကာ အခြားမွေးချင်းများနှင့် ၈ နှစ်ကွာပြီး အငယ်ဆုံးဖြစ်သည်။ သူတို့ မိသားစု၏ အခြေအနေမှာ မရှိမရှား အခြေအနေမျိုး ဖြစ်၏။

ရော့စတီးဝပ်သည် ဟိုက်ဂိတ်မူလတန်းကျောင်းတွင် တက်ရောက်စဉ်အတွင်း ကျောင်းစာ၌ ထူးချွန်သည့် မှတ်တမ်းမှတ်ရာများ မရှိချေ။

မူလတန်းပြီးသောအခါ ရော့စတီးဝပ်သည် ၀ီလျံ ဂရင်းရှော အလယ်တန်းကျောင်းတွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။

စတီးဝပ် ဆယ်ကျော်သက်အရွယ်တွင် ဖခင်ဖြစ်သူသည် အိမ်ခြံမြေလုပ်ငန်းရပ်နားလိုက်ပြီး အာ့ခ်ျဝေးလမ်းရှိ သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်ကလေးတစ်ခုကို ၀ယ်လိုက်ရာ စတီးဝပ်မှာ သတင်းစာပို့သမား ဖြစ်လာရပြန်သည်။ ၎င်းတို့၏ မိသားစုမှာလည်း အဆိုပါဆိုင်ကလေး၏ ထပ်ခိုးကလေးတွင် နေထိုင်ခဲ့ကြသည်။

စတီးဝပ်တို့မိသားစုသည် ဘောလုံးရူးသွပ်ကြသည့် မိသားစုဖြစ်သည်။

စတီးဝပ်၏ ဖခင်သည် ဒေသတွင်း အပျော်တမ်းဘောလုံးအသင်းမှ ကစားသမားတစ်ဦးဖြစ်ပြီး စတီးဝပ်ကို နာမည်ကျော်ဘောလုံးသမား ဖြစ်စေလိုသည်။

စတီးဝပ်သည် ဆွေမျိုးမိသားစုများထဲတွင် ဘောလုံးပါရမီအပါဆုံးတစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ ကျောင်းဘောလုံးအသင်းတွင်လည်း အသင်းခေါင်းဆောင်ဖြစ်ခဲ့ကာ ကွင်းလယ်ဗဟိုနေရာတွင် ကစားခဲ့သည်။

ထိုစဉ်က စတီးဝပ်အားပေးသည့် ဘောလုံးအသင်းမှာ အာဆင်နယ် ဖြစ်ပြီး နောက်ပိုင်းတွင်မူ စကော့လူမျိုး အများအပြားပါဝင်လာသည့် မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့သည်။

ဂီတဖြင့် ကျော်ကြားမည့်ဇာတာပါလာသော စတီးဝပ်သည် ဘောလုံးအရည်အသွေးရှိစေကာမူ ဘောလုံးတွင်အောင်မြင်ရန် ကံမပါခဲ့ဟု ဆိုရမည် ဖြစ်သည်။

သူကိုယ်တိုင်ကလည်း ကာယဖြင့်လုပ်ရသောအလုပ်များဖြင့် အသက်မမွေးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

၁၉၅၉ ခုနှစ်၊ ဇန်န၀ါရီတွင် ဖခင်ဖြစ်သူက စတီးဝပ်ကို ဂစ်တာတစ်လက် ၀ယ်ပေး၏။

အဆိုပါဂစ်တာသည် စတီးဝပ်ကို ကမ္ဘာကျော်တစ်ဦးဖြစ်လာစေမည့် လမ်းကြောင်း အစပျိုးပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

စတီးဝပ်၏ ဘ၀တွင် ပထမဆုံးဝယ်ယူနားထောင်ခဲ့သည့် တေးအယ်လ်ဘမ်မှာ အက်ဒီကို့ခ်ျရန်၏ C'mon Everybody ဖြစ်ပြီး ပထမဆုံးဂစ်တာတီးလေ့ကျင့်ခဲ့သည့် သီချင်းမှာ ကျေးလက်တေးတစ်ပုဒ်ဖြစ်သော It Takes a Worried Man to Sing a Worried Song သီချင်းဖြစ်သည်။

အသက် ၁၅ နှစ်အရွယ်တွင် ကျောင်းစာကို ကျောခိုင်းလိုက်ပြီးနောက် ပုံနှိပ်တိုက်တစ်ခုတွင် ၀င်ရောက်လုပ်ကိုင်ခဲ့၏။

တစ်ကမ္ဘာလုံးရှိ နေအိမ်တိုင်းလိုလိုတွင် ရော့စတီးဝပ်၏ တေးသံများလွှမ်းမိုးခဲ့သည်အထိ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူတစ်ဦး၏ ဘ၀မှာ ထိတ်လန့်ဖွယ်ရာကောင်းလောက်အောင် ကြမ်းတမ်းနေလိမ့်မည်ဟု မည်သူမျှ တွေးထင်ကြမည် မဟုတ်ချေ။

ပုံနှိပ်တိုက်တွင် နံရံကပ်ပိုစတာများ ရိုက်နှိပ်ရသည့်အလုပ်ကိုလုပ်ရာတွင် စတီးဝပ်မှာ အရောင်ကန်းသူ (အရောင်များခွဲခြားနိုင်စွမ်း မရှိခြင်း) တစ်ဦးဖြစ်ခြင်းကြောင့် မကြာမီတွင်ပင် ယင်းအလုပ်မှ ထွက်ခဲ့ရသည်။ ပုံနှိပ်တိုက်မှ အလုပ်ထွက်ခဲ့ရပြီးနောက်ပိုင်း လျှပ်စစ်သမားတစ်ဦး၏ လက်ထောက်လုပ်ခဲ့ပြန်သည်။

မည်သည့်အလုပ်တွင် ၀င်ရောက်လုပ်ကိုင်နေရသည်ဖြစ်စေ ယင်းအလုပ်တို့မှာ ယာယီအလုပ်များသာဖြစ်ပြီး ရော့စတီးဝပ်၏ အနာဂတ်အိပ်မက်မှာ ဂီတသာဖြစ်သည်။

“မနက်ဆိုရင် ခြောက်နာရီလောက်မှာ အိပ်ယာက ထရတယ်။ ပြီးရင်တစ်ခြားကလေးတွေနဲ့အတူ သတင်းစာတွေ လိုက်ပို့ရပါတယ်။ အကုန်လုံးက အသက် ၉ နှစ်၊ ၁၀ နှစ်လောက်တွေပဲ ရှိသေးတယ်”ဟု ရော့စတီးဝပ်က ပြန်ပြောင်းပြောကြားခဲ့ဖူးသည်။

စနေကဲ့သို့ အများသူငါအားလပ်ရက်များတွင် ရော့စတီးဝပ်သည် လန်ဒန်မြောက်ပိုင်း ဟိုက်ဂိတ် သင်္ချိုင်းတွင် မြေပုံတူးဖော်သည့် အလုပ်လုပ်ကိုင်ခဲ့ရပြီး ယင်းအလုပ်မှ ပေါင်ငွေအနည်းငယ်ရလေ့ရှိသည်။ မြောက်ပိုင်းဖင့်ခ်ျလေဟုခေါ်သည့်အရပ်ရှိ သုဘရာဇာအိမ်တွင် အကူအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

ထိုအချိန်ကမူ သင်္ချိုင်းတွင် မြေပုံတူးနေသည့် သုဘရာဇာကလေးသည် နောင်တချိန်တွင် ကမ္ဘာပေါ်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားသည့် အဆိုတော်ကြီးတစ်ဦးဖြစ်လာလိမ့်မည်ဟု မိဘဆွေမျိုးမိတ်ဆွေများအပါအ၀င် မည်သူကမျှ တွေးထင်မထားခဲ့ကြချေ။

ရော့စတီးဝပ်၏ ထူးခြားချက်မှာ အက်ရှရှအသံဖြစ်၏။

ရော့စတီးဝပ်သည် သူငယ်ချင်းတစ်ဦးနှင့်အတူ ဂီတနယ်တွင် အဆက်အသွယ်များရရှိရန်အတွက် ၁၈ လ ခန့် ဥရောပတစ်ခွင် လှည့်လည်သွားလာခဲ့ကြသည်။

ပဲရစ်မြို့သို့သွားကြရာတွင် စိန့်မြစ်ရှိ တံတားများအောက်တွင် အိပ်စက်ကြရ၏။ ပဲရစ်မှ ဘာစီလိုနာသို့ သွားကြပြန်သည်။

နောက်ဆုံးတွင်ကား စပိန်တွင်ရှိနေစဉ် အလုပ်လက်မဲ့အဖြစ် ဖမ်းဆီးခံရကာ ၁၉၆၃ တွင် အင်္ဂလန်သို့ ပြန်ပို့ခြင်း ခံခဲ့ရသည်။

၁၉၆၃ ခုနှစ်၊ အောက်တိုဘာတွင် R&B အဖွဲ့တစ်ခုဖြစ်သော The Dimensions အမည်ရှိ တေးဂီတအဖွဲ့ဖြင့် အဆက်အသွယ်ရခဲ့ပြီး ဟာမိုနစ်ကာ (ဘာဂျာ) ပလေယာ၊ အချိန်ပိုင်း အဆိုတော်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါဝိုင်း၌ ၎င်း၏အခန်းကဏ္ဍ နည်းပါးလှသောကြောင့် နှုတ်ထွက်ခဲ့သည်။

၁၉၆၄ အောက်တိုဘာတွင်မူ ရော့စတီးဝပ်၏ အရည်အသွေးကို သတိပြုမိသည့် ထုတ်လုပ်သူတစ်ဦးနှင့် တွေ့ဆုံခဲ့ကာ ယင်းထုတ်လုပ်သူ၏ မြေတောင်မြှောက်ပေးမှုကြောင့် ပထမဆုံးဆင်ဂယ်ဓာတ်ပြားဖြစ်သော Good Morning Little Schoolgirl ကို သီဆိုထုတ်လုပ်နိုင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင်ကား sailing နှင့် First cut is the deepest ကဲ့သို့ သီချင်းများဖြင့် တစ်ကမ္ဘာလုံးတွင် တဟုန်ထိုးကျော်ကြားသွားတော့သည်။

ရိုးလင်းစတုန်းမဂ္ဂဇင်းကြီး၏ စစ်တမ်းကောက်ယူမှုအရ ရော့စတီးဝပ်၏ လူကြိုက်အများဆုံး သီချင်းများမှာ Have you ever seen the rain ၊ sailing နှင့် First cut is the deepest သီချင်းများဖြစ်ပြီး ယင်းသီချင်းများကို အဆိုတော်ဇော်ဝင်းထွဋ်က ဖက်ရှင်မလေး၊ ရွက်လွှင့်ခြင်း၊ စီးကရက်မီးခိုးများဟူသည့်အမည်များဖြင့် ပြန်လည်သီဆိုခဲ့ရာတွင်လည်း အောင်မြင်မှုများရရှိခဲ့သည်။

မြန်မာနိုင်ငံမှာ နာမည်ကျော်ဂစ်တာသမား စောဘွဲ့မှူးက ရော့စတီးဝပ်အောင်မြင်မှုကြီးဟူ၍ သူ၏ ရွှေပေါက်တူးသီချင်းတွင် ထည့်သွင်းရေးသားခဲ့ဖူးသည်။

“လူအရှင်ကို ဂူသွင်းမြှုပ်နှံခြင်းလား××××၀ါသနာကို ဖုတ်ကြဉ်းသဂြိုဟ်ခြင်းလား××”

“ရွှေပေါက်တူးရဲ့ အောင်မြင်မှုကြီး”ဟု စောဘွဲ့မှူးက တင်စားခဲ့သည်။

ရှေးယခင်က သုဘရာဇာတို့ကို အယုတ်နိမ့်ဆုံးလူတန်းစားအဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း အဆိုပါအယူသီးမှု များကို သရုပ်ဆောင်ကိုကျော်သူက ကမကထပြု တိုက်ဖျက်ခဲ့သောကြောင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်းတွင်မှ မြန်မာတို့၏ mind-set များ အတန်အသင့်ပြောင်းလဲလာကြသည်။ နာရေးကူညီမှုအသင်းကြီး၏ အ၀င်ဝတွင် ကဗျာရှည်တစ်ပုဒ်ကို ဆိုင်းဘုတ်ထောင်ထားရာ အဆိုပါကဗျာတွင်

“ဟိုး..ယခင်က…စွဲထင်ခဲ့ကြတဲ့၊ အနိမ့်ကျဆုံးဂုဏ်ပုဒ်…သုဘရာဇာအလုပ်ကို…..အမြင့်မြတ်ဆုံးစိတ်နှလုံးသား…ဗြဟ္မစိုရ်တရားနဲ့ ပေးဆပ်နေကြ…” ဟူ၍ သုဘရာဇာအပေါ် လူတို့၏ သဘောထားကို မီးမောင်းထိုးပြထားသည်။

ရော့စတီးဝပ်သည် ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် အရောင်းရဆုံးအနုပညာရှင်များတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးသီချင်းအယ်လ်ဘမ်ပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီး ဖြစ်သည်။

သူ၏ တေးအယ်လ်ဘမ်များသည် ဗြိတိန်အရောင်းရဆုံး နံပါတ် ၁ နေရာကို ၆ ခွေဆက်တိုက် ရပ်တည်ခဲ့ပြီး ဆင်ဂယ်တေးအယ်လ်ဘမ် ၆၂ ခုအနက် ၃၁ ခုမှာ Top Ten စာရင်းဝင်ခဲ့ပြီး ယင်းတို့အနက် ၆ ခွေမှာ နံပါတ် ၁ ချိတ်ဆွဲခဲ့သည်။ ရော့စတီးဝပ်၏ အစောပိုင်းသီချင်းများသည် ရော့ခ်၊ ဖော့ဖ်၊ ဆိုးလ်နှင့် R&B တို့ ရောယှက်နေသည်။

၂၀၀၈ ခုနှစ်တွင် Billboard မဂ္ဂဇင်းကြီးက သမိုင်းတစ်လျှောက် ထိပ်တန်းအနုပညာရှင် ၁၀၀ ဦးစာရင်းတွင် ရော့စတီးဝပ်ကို ထည့်သွင်းဖော်ပြခဲ့သည်။

Q မဂ္ဂဇင်းကြီး၏ သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံးအဆိုတော် ၁၀၀ ဦးစာရင်းတွင်လည်း ရော့စတီးဝပ် ပါဝင်ခဲ့သည်။

ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးကလည်း သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံးအဆိုတော် ၁၀၀ ဦးစာရင်းတွင် ရော့စတီးဝပ်ကို နံပါတ် ၅၉ နေရာတွင် ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း ဆန်းဒေးတိုင်းမ်တွင် ဖော်ပြချက်အရ ရော့စတီးဝပ်၏ ကြွယ်ဝမှုမှာ ပေါင်သန်း ၁၅၀ ရှိပြီး ဗြိတိန်ဂီတလောကတွင် ၂၀ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

(အထက်ဖော်ပြပါ အချက်အလက်များမှာ iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့သည့် “သုဘရာဇာဘ၀မှ ကမ္ဘာကျော် အဆိုတော်ကြီးဖြစ်လာသူ ရော့စတီးဝပ် - ခြုံကြားမှဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၇)” မှ အချက်အလက်များ ဖြစ်ပါသည်)

ရော့ဒ်စတီးဝပ်သည် အင်္ဂလန်နိုင်ငံတောင်ပိုင်း၊ အက်ဆက်စ်ခရိုင်ရှိ သူ၏ ကျေးလက်စံအိမ်ကို အရောင်းဈေးကွက်တင်ထားရာ ယခုအခါ ဝယ်လက်ရှာတွေ့သွားကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရော့စတီးဝပ်က သူ၏နေအိမ်ကို ပေါင် ၄ ဒသမ ၇ သန်း (ကန်ဒေါ်လာ ၆ ဒသမ ၁ သန်း) ဖြင့် ဈေးကွက်တင်ထားခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ လန်ဒန်မြို့နှင့် များစွာမဝေးကွာဘဲ Epping မြို့တွင် တည်ရှိသည်ဟု ဆိုသည်။

အရောင်းအဝယ်ဖြစ်ခဲ့သည့် အတိအကျရက်စွဲကိုမူ မသိရချေ။

ရော့ဒ်စတီးဝပ်က The Wood House ဟု အမည်ရှိသော စံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ပေါင် ၇ ဒသမ ၅ သန်းဖြင့် ပထမဆုံးဈေးကွက်တင်ခဲ့ပြီး နောက်ပိုင်းတွင် ဈေးနှုန်းကို တဖြည်းဖြည်းချင်း လျှော့ချပေးလာခဲ့သည်။

အိပ်ခန်း ၆ ခန်းပါဝင်သော ပင်မနေအိမ်ကို ၁၈၀၀ ပြည့်လွန်ကာလများအတွင်း ကြီးမားသော ဝက်သစ်ချသား မှန်ကူကွက်များကို အသုံးပြုကာ ဂျက်ကိုဘင် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

ဗိသုကာပညာရှင် ဝေါလ်တာ အားနက်စ် တာဝါနှင့် ဝိတိုရိယဟန် ဆေးရေးပြတင်းမှန်ဒီဇိုင်နာ ချားလ်စ် အီမာ ကမ်ပီတို့က ဒီဇိုင်းရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်။

The Wood House စံအိမ်တွင် ကမ်ပီ၏ လက်ရာများစွာတွေ့ရရာ သစ်သားမှန်ကူကွက်များ၊ အင်္ဂတေသရွတ်ဖြင့် အလှဆင်မှုများ၊ ကျောက်တုံးမီးလင်းဖိုများ များစွာတွေ့ရကြောင်းလည်း Savills တွင် ဈေးကွက်တင်ထားသည့် အချက်အလက်များအရ သိရသည်။

အလှဆင်မွမ်းမံမှုများစွာ တွေ့ရသည့်နည်းတူ နေအိမ်အတွင်း အရက်ဘားတစ်ခု၊ ဂိမ်းကစားခန်းတစ်ခန်း၊ မီဒီယာခန်းမတစ်ခုနှင့် စာကြည့်ခန်းတို့တွေ့ရသည်။

၁၇ ဧကခန့် ကျယ်ဝန်းသည့် ခြံဝန်းအတွင်း လှေလှော်နိုင်သည့်ရေကန်၊ ကိုယ်ပိုင်ဆိပ်ခံတစ်ခု၊ နှင်းဆီပန်းဥယျာဉ်များ၊ တင်းနစ်ကွင်းတစ်ခုနှင့် စံမီအကျယ်အဝန်းရှိ ဘောလုံးကွင်းတစ်ခုတို့လည်း ပါဝင်သည်ဟု ဆိုသည်။

ယခုအခါ အသက် ၇၄ နှစ်ရှိနေပြီဖြစ်သော ရော့ဒ်စတီးဝပ်သည် အဆိုပါနေအိမ်ကို ၁၉၈၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဈေးနှုန်းမည်မျှပေးခဲ့ရသည်ကိုမူ မသိရချေ။

ထို့အပြင် ယခုအရောင်းအဝယ်ဖြစ်သွားသည့် ဈေးနှုန်းနှင့် ဝယ်လက်မည်သူဖြစ်သည်တို့ကိုလည်း မသိရချေ။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service