နှင်းလျှောစီးရာတွင် ဦးခေါင်းဒဏ်ရာရရှိခဲ့သော မော်မြူလာဝမ်းချန်ပီယံ မိုက်ကယ်ရှူးမေကာသည် မြေထဲပင်လယ်အတွင်း ကျွန်းတစ်ကျွန်းပေါ်ရှိ သူ၏ ပေါင် ၂၆ သန်းတန်နေအိမ်သို့ လျှို့ဝှက်စွာရောက်ရှိနေ

နှင်းလျှောစီးရာတွင် ဦးခေါင်းဒဏ်ရာရရှိခဲ့သော မော်မြူလာဝမ်းချန်ပီယံ မိုက်ကယ်ရှူးမေကာသည် မြေထဲပင်လယ်အတွင်း ကျွန်းတစ်ကျွန်းပေါ်ရှိ သူ၏ ပေါင် ၂၆ သန်းတန်နေအိမ်သို့ လျှို့ဝှက်စွာရောက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
12 Mar 2019 11:49 am တွင် တင်ခဲ့သည်
715 ကြိမ် ကြည့်ရှု့ပြီး

မိုက်ကယ် ရှူးမေကာ (ဂျာမန်အသံထွက်အားဖြင့် မစ်ရှားအယ်လ် ရှူးမဟာ ) သည် ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် မွေးဖွားသည်။

ဂျာမန် ဖော်မြူလာဝမ်း မာစီးဒီး ဂရင်းပရီအဖွဲ့မှ ပြိုင်ကားမောင်းသူတစ်ဦး ဖြစ်သည်။

ဖာရာရီအဖွဲ့နှင့် ၁၉၉၄ ၊ ၁၉၉၅၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်များတွင် ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်အထိ ရရှိထားသောကြောင့် ဖော်မြူလာဝမ်း ကားမောင်းသူများတွင် အထူးချွန်ဆုံးဟု အများက သတ်မှတ်ကြသည်။

မိုက်ကယ်ရှုးမေကာသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အဲလ်ပတောင်တန်းကြီးပေါ်တွင် နှင်းလျှောစီးစဉ် ဦးခေါင်းအား အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် Lake Geneva ဟုခေါ်သော နာမည်ကျော် ရေကန်ကြီးတည်ရှိရာတွင် ဆေးအဖွဲ့နှင့်အတူ နေထိုင်နေခဲ့ခြင်း ဖြစ်သည်။

Lake Geneva သည် အဲလ်ပတောင်တန်းကြီး၏ မြောက်ဘက်တွင် တည်ရှိပြီး ဆွစ်ဇာလန်နှင့် ပြင်သစ်နိုင်ငံနယ်နမိတ်တွင် နှစ်နိုင်ငံ ခွလျက်တည်ရှိကာ ဥရောပအနောက်ပိုင်းရှိ အကြီးမားဆုံး ရေကန်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ယခုအခါ မိုက်ကယ်ရှူးမေကာသည် သူ၏ ဆေးအဖွဲ့နှင့်အတူ စပိန်နိုင်ငံအရှေ့ပိုင်း၊ မြေထဲပင်လယ်အတွင်း မာလော်ကာကျွန်းပေါ်ရှိ ပေါင် ၂၆ သန်းတန်နေအိမ်ကြီးသို့ ဆောင်းရာသီနားနေရန် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း ဒေသခံများ တွေ့ရှိကြသည်ဟု ဆိုသည်။

လက်ရှိ သူ၏ ကျန်းမာရေးအခြေအနေကိုမူ မသိရဘဲ ထိပ်တန်းလျှို့ဝှက်ချက်တစ်ရပ် ဖြစ်နေသည်။

မိုက်ကယ်ရှူးမေကာ၏ မိသားစုသည် ဒဏ်ရာရပြီးနောက်ပိုင်းကတည်းက သူ၏ ကျန်းမာရေးအခြေအနေကို မိသားစုက လျှို့ဝှက်ထားသော်လည်း Majorca villa စံအိမ်သို့ ဆေးအဖွဲ့နှင့်အတူ ရောက်ရှိနေပုံကို အိမ်နီးချင်းများ၏ ပြောကြားချက်အရ မီဒီယာများက သိရှိရခြင်း ဖြစ်သည်။

Majorca villa စံအိမ်ကြီးတွင် ရေကူးကန်များ၊ ဧကများစွာကျယ်ဝန်းသော ပန်းဥယျာဉ်များ၊ ရဟတ်ယာဉ်ကွင်းတစ်ခုနှင့် ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်ဟု သိရသည်။

ဂျာမန်မဂ္ဂဇင်း Bunte တွင် ဖော်ပြချက်အရ ဖော်မြူလာဝမ်းသူရဲကောင်းသည် သူ၏ကျန်းမာရေး ပြန်လည်ကောင်းမွန်လာရေးအတွက် နေသာသည့်အရပ်သို့ မိသားစုနှင့်အတူ လာရောက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မိုက်ကယ်ရှူးမေကာသည် Majorca villa သို့ ရောက်ရှိနေသည်မှာ ကာလအနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း ယခုမှသာ သိရှိလာကြခြင်းလည်း ဖြစ်သည်။

၎င်းတို့မိသားစုသည် ဆွစ်ဇာလန်နိုင်ငံ ၊ Lake Geneva ရှိ ဆောင်းရာသီစံအိမ်ကို ဒီဇင်ဘာလအကုန်ကတည်းက ထားခဲ့ကာ အပန်းဖြေခရီးထွက်လာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီလအတွင်း မိုက်ကယ်ရှူးမေကာ၏ အသက် ၅၀ ပြည့်မွေးနေ့ကို ကမ္ဘာတစ်ဝန်းရှိ သူ၏ပရိသတ်များက လူမှုကွန်ယက်များပေါ်တွင် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း ၎င်း၏မိသားစုထံမှ ထုတ်ပြန်ချက်၊ အခမ်းအနားကျင်းပမှု တစုံတရာ မရှိခဲ့ချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service