ရန်ကုန် ကွန်ဒိုမီနီယံ လုပ်ငန်းလိုင်စင်များ တတိယအကြိမ်မြောက် ထုတ်ပေး

ရန်ကုန် ကွန်ဒိုမီနီယံ လုပ်ငန်းလိုင်စင်များ တတိယအကြိမ်မြောက် ထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
12 Mar 2019 11:25 am တွင် တင်ခဲ့သည်
1411 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီက မတ်လ ၆ ရက်တွင် ကုမ္ပဏီ ၈ ခုအား ထပ်မံပြီး လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ကာ ကွန်ဒိုမီနီယံစီမံကိန်းများ လုပ်ဆောင်ခွင့်ပြုလိုက်ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန (DUHD) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုခွင့်ပြုချက်မှာ ဇန်နဝါရီလ ၉ ရက်နောက်ပိုင်းမှ စတင်ပြီး တတိယအကြိမ်မြောက် ထုတ်ပေးခြင်းဖြစ်ကာ အောက်ပါကုမ္ပဏီများအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

၁။ Yangon Golden Paragon Investment ကုမ္ပဏီ ( လက်ရှိအားဖြင့် သာကေတမြို့နယ်တွင် Emerald Bay Residence ကွန်ဒိုစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိ)

၂။ United GP Development ကုမ္ပဏီ (လက်ရှိအားဖြင့် ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်တွင် 68 Residence အမည်ရှိ လူနေနှင့် အသင့်နေအိမ်ရာစီမံကိန်း ဆောက်လုပ်လျက်ရှိ)

၃။ Aspidin Construction & Trading ကုမ္ပဏီ ( လက်ရှိအားဖြင့် ရွှေပြည်နန်းသနပ်ခါးကုမ္ပဏီနှင့် ရန်ကင်းစင်တာပိုင်ရှင်တို့ ပူးပေါင်းတည်ဆောက်နေသည့် ၉မိုင် မှ IVY ကွန်ဒိုမီနီယံ စီမံကိန်းကို အကောင်အထည်ဖော်နေသည်။ တည်နေရာမှာ အမှတ် ၁၂၀၊ ပြည်လမ်း၊ ၉မိုင် ၊ မရမ်းကုန်းမြို့ရှိ မြေဧက ၀.၂၃ ဧက ပေါ်တွင် တည်ရှိသည်။ မြေနေရာကို ရွှေပြည်နန်းမှ ပိုင်ပြီး ရန်ကင်းစင်တာပိုင်ရှင် Aspidin Construction & Trading က တည်ဆောက်သူအနေဖြင့် အကျိုးတူပူးပေါင်းသည်ဟု သိရသည်။) ၂၂ ထပ်မြင့်မားသော လူနေကွန်ဒိုအမျိုးအစားဖြစ်ပြီး အခန်းအရေအတွက် ၉၄ ခန်းပါရှိသည်ဟု သိရသည်။ ယင်းအနက် ၄ခန်းမှာ penthouse အမျိုးအစားဖြစ်သည်။

၎။ SCW Development Group ကုမ္ပဏီ ( လက်ရှိအားဖြင့် ရန်ကင်းမြို့နယ်တွင် Skysuites ကွန်ဒိုမီနီယံစီမံကိန်းကို အကောင်အထည်ဖော်နေသည်။ အမှတ်(၂၃) ၊ ရန်ရှင်းလမ်း ၊ ရန်ကင်းမြို့နယ်တွင် တည်ရှိပြီး အထပ်ပေါင်း(၂၃)ထပ် + 2 Basement ပါရှိကာ တစ်လွှာလျှင်စတုရန်းပေ(၁၀၀၀)ကျော်မှ (၂၀၀၀)ကျော်ကျယ်ဝန်းသောအခန်းများ ပျမ်းမျှ(၆)ခန်းပါဝင်သည်ဟု သိရသည်။ အခန်းဈေးနှုန်းမှာ ၁စတုရန်းပေ=300 USD ပျမ်းမျှဖြစ်ပြီး အထပ်အမြင့်ပေါ်မူတည်၍ အခန်းဈေးနှုန်း အပြောင်းအလဲရှိနိင်ကြောင်း သိရသည်။ ငွေပေးချေမှုစနစ်မှာ ပထမဦးဆုံးစာချုပ်ချုပ်ဆိုချိန်တွင် ၃၀ ရာခိုင်နှုန်း ပေးချေရမည်ဖြစ်၍ ကျန်ငွေကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ၅နှစ်အရစ်ကျ ပေးချေနိင်ကြောင်းသိရသည်။)

၅။ Htun Myat Aung ကုမ္ပဏီ (လှိုင်မြို့နယ်တွင် The Century ကွန်ဒိုစီမံကိန်းကို အကောင်အထည်ဖော်နေသည်။ အမှတ်(218)၊ ရန်ကုန်-အင်းစိန်လမ်း၊ MICT Park အနီး၊ လှိုင်မြို့နယ်တွင် တည်ရှိပြီး မြေအကျယ်အဝန်း ၂ ဧကနီးပါးပေါ်တွင် အကောင်အထည်ဖော် နေခြင်းဖြစ်ကာ ၂ဝ၁၉ခုနှစ်၊ စက်တင်ဘာလတွင် အပြီးသတ်မည်ဟု ခန့်မှန်းထားသည်။)

၆။ Sustain ကုမ္ပဏီ ( မရမ်းကုန်းမြို့နယ်တွင် အောင်သိဒ္ဓိ ကွန်ဒိုမီနီယံ စီမံကိန်းကို အကောင်အထည်ဖော်နေသည်)

၇။ Moon Sun ကုမ္ပဏီ (MERCHANT SUITE ကွန်ဒိုစီမံကိန်းကို အမှတ် (၃၄၆)၊ ၄၉ လမ်းနှင့် ကုန်သည်လမ်းထောင့် ၊ ဗိုလ်တစ်ထောင် မြို့နယ်တွင် အကောင်အထည်ဖော်နေသည်။ )

၈။ A1 ဆောက်လုပ်ရေး ( အလုံမြို့နယ်တွင် Aspire Residence စီမံကိန်းနှင့် သန်လျင်မြို့နယ်တွင် တည်ရှိသော Yoma Land ၏ StarCity စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသည်။)

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီသည် ကုမ္ပဏီပေါင်း ၁၉ ခုကို လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ကွန်ဒိုမီနီယံ စီမံကိန်းများ အကောင်အထည်ဖော်ခွင့် ပြုခဲ့သည်။

(၁/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သည့် ကုမ္ပဏီများမှာ..

၁။ ရွှေတောင်ဆောက်လုပ်ရေး

၂။ စေပိုင် ဆောက်လုပ်ရေး

၃။ တက်လမ်း

၎။ ဒဂုံ အင်တာနေရှင်နယ်

၅။ ရွှေဇမ္ဗူဒိပ်

၆။ Myanmar Imperial Vega

၇။ One One One

၈။ ရှိုင်းဆောက်လုပ်ရေး

၉။ Nation Light

၁၀။ Mandalay Golden Wings ဆောက်လုပ်ရေး

၁၁။ Living Square ဆောက်လုပ်ရေး

၁၂။ နေကမ္ဘာ မြန်မာ

YCMC ၏ (၂/၂၀၁၉) အစည်းအဝေးအရ လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် ကုမ္ပဏီများမှာ..

၁။ ငပလီ အင်တာပရိုက်စ်

၂။ Capital Development ကုမ္ပဏီ

၃။ iGreen Development & Engineering Group

၎။ Myanmar Seilone Construction

၅။ KHG ဆောက်လုပ်ရေး

၆။ Modern Key Technique (MKT) ဆောက်လုပ်ရေး

၇။ နိုင်ဂရုပ် ဆောက်လုပ်ရေး တို့ ဖြစ်ကြသည်။

ကုမ္ပဏီ ၁၉ ခုအနက် အချို့မှာ ကွန်ဒိုခန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် စတင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။

သာဓကအားဖြင့် ရွှေဇမ္ဗူဒိပ်ဆောက်လုပ်ရေး က ပန်းစွယ်တော် ကွန်ဒိုLiving Square ဆောက်လုပ်ရေး က Kabaraye Executive Residence နေကမ္ဘာဆောက်လုပ်ရေး က မကြာသေးမီက အပြီးသတ်သွားသော Royal Maung Bamar Residence တို့ ဖြစ်ကြသည်။

ကွန်ဒိုစီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းခြင်းမှာ အသစ်ထွက်ရှိလာသော ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။ ကော်မတီ၏ တာဝန်မှာ developer များအား လိုင်စင်များ ထုတ်ပေးခြင်း၊ အကောင်အထည်ဖော်နေသည့် စီမံကိန်းများသည် ဥပဒေအရ သတ်မှတ်ထားချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ကွန်ဒိုမီနီယံ၏ မြေကို အများစုပေါင်း ပိုင်ဆိုင်ခွင့်ရှိ၊ မရှိ စစ်ဆေးခြင်းတို့ ဖြစ်ကြသည်။

 

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service