တောင်ကိုရီးယား၏ ၂၀၁၈ အိမ်သုံးစရိတ် ငါးနှစ်အတွင်းအမြင့်ဆုံးဖြစ်

တောင်ကိုရီးယား၏ ၂၀၁၈ အိမ်သုံးစရိတ် ငါးနှစ်အတွင်းအမြင့်ဆုံးဖြစ် - Property News in Myanmar from iMyanmarHouse.com
12 Mar 2019 10:34 am တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်အတွင်း အိမ်ငှားခများ ကျဆင်းခဲ့သည့် တောင်ကိုရီးယားတွင် အိမ်သုံးစရိတ်များမှာမူ မြင့်တက်လာခဲ့သည်။

တောင်ကိုရီးယားအိမ်ထောင်စုများ၏ အပူပေးခြင်း၊ ရေအသုံးပြုမှု၊ ငှားရမ်းခနှင့် အခြားအိမ်နှင့်ဆက်စပ်သည့် စရိတ်များပါဝင်သော အသုံးစရိတ်များသည် ၂၀၁၈ ခုနှစ်အတွင်း ကိုရီးယားဝမ် ၁၄၈ ဒသမ ၄ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၃၁ ဘီလျံ) ရှိခဲ့ကြောင်း တောင်ကိုရီယားဗဟိုဘဏ်ဖြစ်သည့် Bank of Korea (BOK) မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယင်းသည် ၂၀၁၇ ခုနှစ်ထက် ၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အမြင့်ဆုံးနှုန်းဖြစ်ကြောင်း Yonhap သတင်းဌာနက ထောက်ပြခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း အပူအအေးလွန်ကဲမှုက ၎င်းအိမ်သုံးစရိတ်အခွန်အခများကို မြင့်တက်စေခဲ့ခြင်းဖြစ်ကြောင်း BOK က ရှင်းလင်းချက်ထုတ်ခဲ့သည်။ "ဇန်နဝါရီ အအေးလှိုင်းတွေနဲ့ နွေရာသီအပူက လျှပ်စစ်မီးနဲ့ ဂတ်စ်ကို ပိုမိုသုံးစွဲရစေတာကြောင့် အိမ်သုံးစရိတ်တွေ ၂၀၁၈ မှာ မြင့်တက်ခဲ့တာပါ" ဟု BOK ၏ တာဝန်ရှိသူတစ်ဦးက Yonhap သို့ ပြောကြားခဲ့သည်။

အိမ်ငှားခမှာ ၂၀၁၈ အတွင်း အိမ်စရိတ်တွင် သိသိသာသာလျော့ကျခဲ့သည်။ အိမ်စပေါ်ငွေမှာ တစ်နှစ်တာအတွင်း ၁ ဒသမ ၄ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကတည်းက အနိမ့်ဆုံးနှုန်းဖြစ်သည်။ လစဉ်ငှားရမ်းခမှာ ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးနှုန်းဖြစ်သည်။

အိမ်ထောင်စုများ အိမ်သုံးစရိတ်များလျော့နည်းစေရေး ကူညီပေးရန် အစိုးရက လောင်စာဆီအခွန်များ သို့မဟုတ် လျှပ်စစ်ဓာတ်အားခနှုန်းထားမျာားကို ယာယီအားဖြင့် လျှော့ပေးသင့်သည်ဟု လေ့လာသုံးသပ်သူများက အကြံပြုထားကြောင်း Yonhap တွင် ဖော်ပြချက်အရ သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service