၂၀၁၉ ၌ စင်္ကာပူအိမ်ခြံမြေများအား လေလံပွဲများတွင် ပိုမိုရှာဖွေလာနိုင်ခြေရှိ

၂၀၁၉ ၌ စင်္ကာပူအိမ်ခြံမြေများအား လေလံပွဲများတွင် ပိုမိုရှာဖွေလာနိုင်ခြေရှိ - Property News in Myanmar from iMyanmarHouse.com
12 Mar 2019 10:19 am တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်အတွင်း အိမ်ခြံမြေလေလံပွဲရောင်းအားသည် ဒေါ်လာ ၅၅ ဒသမ ၃ သန်းသို့ ၄၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သို့သော်လည်း စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်များ စတင်ပြီးနောက် ဝယ်လက်များက ပိုမိုသတိထားလာကြသည့်အတွက် ၎င်းတို့က ဈေးကွက်၌ ကောင်းမွန်သော ဝယ်ယူမှုများအတွက် လေလံပွဲများတွင် ရှာဖွေလာနိုင်ခြေရှိကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း၏ အကြီးတန်းဒါရိုက်တာနှင့် လေလံပွဲခေါင်းဆောင် ရှရွန်လီက ပြောကြားခဲ့သည်။

စင်္ကာပူတွင် ၂၀၁၈ ခုနှစ်၌ လေလံအောင်ခဲ့သည့် အိမ်ခြံမြေအားလုံး၏ ယေဘုယျတန်ဖိုးသည် ၂၀၁၇ ခုနှစ်အောက် ၄၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စင်္ကာပူဒေါ်လာ ၅၅ ဒသမ ၃ သန်းဖိုး ရှိခဲ့ကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း၏ အစီရင်ခံစာသစ်တစ်ရပ်အရ သိရသည်။

၂၀၁၈ ခုနှစ်အတွင်း လေလံတင်ရောင်းခဲ့သည့် အိမ်ခြံမြေစုစုပေါင်း ၃၄ ခု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမူ ၄၄ ခု ရှိခဲ့သည်။ စုစုပေါင်းအိမ်ခြံမြေရောင်းအား စင်္ကာပူ ဒေါ်လာ ၅၄ ဒသမ ၁၂ သန်းတွင် ၈၃ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် စင်္ကာပူဒေါ်လာ ၄၅ ဒသမ ၂၇ သန်းဖိုးသည် လူနေအိမ်ခြံမြေများဖြစ်သည်။

လေလံတင်သည့် အိမ်ခြံမြေအရေအတွက် ၁၁၂၀ ရှိခဲ့ပြီး ၂၀၁၇ ကထက် ၄၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း လေလံအောင်သည့် အရေအတွက် (လေလံပွဲအတွင်း ရောင်းချရသည့် အရေအတွက်) မှာ ကျဆင်းခဲ့သည်။

အထူးသဖြင့် အပေါင်ခံသူများ (အပေါင်ဆိုင်လုပ်ငန်းများနှင့် ဘဏ်များ) မှ လေလံတင်သည့် အိမ်ခြံမြေအရေအတွက်မှာ ၁၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၉၁ ခု ရှိလာခဲ့သည်။ ယင်းအနက် ၂၁၉ ခုမှာ လူနေအိမ်ခြံမြေများဖြစ်ကြောင်း သိရသည်။

အကြွေးစနစ်ဖြင့် ရောင်းချထားခဲ့ပြီး အကြွေးပြန်မဆပ်နိုင်သဖြင့် ပြန်လည်သိမ်းယူရသော အိမ်ခြံမြေများ ဈေးကွက်ထဲသို့ ၂၀၁၉ ခုနှစ်အတွင်း ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ပမာဏအားဖြင့် ၂၀၁၈ ခုနှစ်ထက် ၂၀၁၉ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား များပြားလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီ JLL ၏ လေလံပွဲနှင့်ရောင်းအားကဏ္ဍဆိုင်ရာ ခေါင်းဆောင် Mok Sze Sze ကလည်း ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service