ရန်ကုန်မြို့သစ်စီမံကိန်းတွင် တန်ဖိုးနည်းတိုက်ခန်း တစ်သိန်းခွဲ တည်ဆောက်ရန် တော်ဝင်မိသားစုကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက်တင်ပြထားဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်းတွင် တန်ဖိုးနည်းတိုက်ခန်း တစ်သိန်းခွဲ တည်ဆောက်ရန် တော်ဝင်မိသားစုကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက်တင်ပြထားဟုဆို - Property News in Myanmar from iMyanmarHouse.com
11 Mar 2019 11:59 am တွင် တင်ခဲ့သည်
11663 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့သစ်စီမံကိန်းတွင် တန်ဖိုးနည်းတိုက်ခန်း တစ်သိန်းခွဲ တည်ဆောက်ရန် တော်ဝင်မိသားစုကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ခွင့်ပြုချက်တင်ပြထား ကြောင်း သိရသည်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဖော်ဆောင်မည့် မြို့သစ်စီမံကိန်းတွင် ဧက ၄ဝဝ ကျော်ခန့် စီစဉ်ပေးရန် တင်ပြထားခြင်းဖြစ် ပြီး မြေရရှိပါက မုဒိတာ(၃) တန် ဖိုးနည်းအိမ်ရာ စီမံကိန်းကိုဖော် ဆောင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းနှင့်အတူ စက်မှုဇုန်အတွက် မြေဧက ၂ဝဝဝ ကို သတ်မှတ်ချက် နှင့်အညီ ပူးတွဲခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

တစ်နှစ်လျှင် တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းပေါင်းသုံးသောင်း ကျော် တည်ဆောက်၍ ငါးနှစ်စီမံ ကိန်းဖြင့် တိုက်ခန်းပေါင်း တစ်သိန်းခွဲ တည်ဆောက်ရန် တင်ပြထားခြင်းဖြစ်ကြောင်း တော်ဝင်မိသားစုကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက မတ် ၈ ရက်က တော်ဝင် ဂါးဒင်းဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

''ကျွန်တော်တင်လိုက်တာ နှစ်ရက် သုံးရက်အတွင်းပဲရှိသေး တော့ ဝန်ကြီးချုပ်ကလည်းအလုပ် များနေတော့ ခုထိတော့ခေါ်မတွေ့သေးဘူး။ ကျွန်တော်တစ်ယောက်တည်းကိုခေါ်ပြီး ကျွန်တော်တစ်ယောက်တည်း ညှိနှိုင်းပြီး ကျွန် တော်တစ်ယောက်တည်းကို ချထားပေးမယ့် ပရော့ဂျက်တော့ မဟုတ်ဘူး။ ကျန်တဲ့သူတွေနဲ့လည်း ညှိနှိုင်းဦးမှာဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ လပိုင်းလောက် တော့ကြာသွားနိုင်ပါတယ်။ မြေစီမံခန့်ခွဲမှုကို စီစဉ်တာကတော့ ပြည်ထောင်စုက စီမံခန့်ခွဲရမယ့် ကိစ္စဖြစ်နေပါတယ်။ မြေကိုပေးမယ်ဆိုရင် နေတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်တဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်း လုပ်မယ့်မြေရဲ့မြို့သစ်စီမံကိန်း က ဧကသောင်းနဲ့ သိန်းနဲ့ချီလုပ် မှာပါ။ ကျွန်တော်တောင်းထားတာ က ဧက ၄ဝဝ ကျော်ပါ။ တောင်းထားတဲ့ ဧက ၄ဝဝ ကျော်ရမယ်ဆိုရင် အခန်းတစ်သိန်းခွဲဆောက် လုပ်ရမယ်။ အဲဒါဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ ကျူးကျော်တွေအားလုံး ရော နေထိုင်ရေးခက်တဲ့သူတွေ အားလုံးအတွက်ပါ အဆင်ပြေအောင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ် ''ဟု ၄င်းကပြောသည်

တိုက်ခန်းဧရိယာ စတုရန်း ပေ ၃ဝဝ တွင် ရေချိုးခန်းအိမ်သာ၊ ပါကေးကြွေပြားခင်း၊ ဓာတ်လှေ ကားပါ ရေမီးအစုံတပ်ဆင်ပေး မည့် တိုက်ခန်း တစ်ခန်းအတွက် ကျပ်သိန်း ၈ဝ ဖြင့် ရောင်းချရန် လျာထားပြီး ဧရိယာ ပေ ၄၉ဝ တွင် အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်း အိမ်သာ နှစ်ခန်း၊ ပါကေး၊ ကြွေပြား အပြည့်ခင်း၊ ဓာတ်လှေကားပါ၊ ရေ မီးအစုံ၊ Kitchen Cabinet , Dining Table၊ ဆိုဖာဆက်တီ တစ်စုံ၊ ဗီရိုနှစ်လုံး၊ ခုတင် နှစ်လုံး၊ ဘိုထိုင်အိမ်သာ၊ လက်ဆေးခွက် များ ထည့်သွင်းတည်ဆောက်မည့် တိုက်ခန်းတစ်ခန်းအတွက် ကျပ် ၁၉၆ သိန်းဖြင့် ရောင်းချရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် Transformer လုပ်ငန်း၊ မိလ္လာအတွက် Treatment Plant၊ လမ်း၊ ရေ မြောင်း၊ ကလေးကစားကွင်း၊ ပန်း ခြံနှင့် လိုအပ်သော နေရာများတွင် လမ်းမီးတိုင်များပါဝင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဖြင့် ဈေး၊ နေ့ကလေးထိန်းကျောင်း၊ ဆေးခန်း၊ သင်တန်းကျောင်းနှင့် ကားပါကင်တို့ ပါဝင်မည်ဖြစ်ပြီး ဆေးရုံနှင့် အခြေခံကျောင်းများ ကို တည်ဆောက်လှူဒါန်းမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေတန်ဖိုး သုညဖြင့် ပေးမည်ဟု ပြောကြားထားမှုရှိပြီး ရေနှင့်လျှပ်စစ်မီး ဖြန့်ဖြူးမှု၊ ကုမ္ပဏီ မှ တပ်ဆင်ပေးသည့် စမ်းသပ်စစ် ဆေးပြီး ရေမီတာနှင့်လျှပ်စစ် Digital Meter များကို စစ်ဆေးခ ကင်း လွတ်ခွင့်ပြုရန်နှင့် ဝယ်ယူသူများ အတွက် အတိုးနှုန်းသက်သာသည့် ဘဏ်ချေးငွေရရှိရေးတို့ကို အစိုးရ က စီစဉ်ပေးရန်တင်ပြထားကြောင်း သိရသည်။

 

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service