ကြင်စဦးမောင်နှံများနှင့် ပြည်ပအလုပ်သမားများအတွက် အိမ်ချေးငွေအစီအစဉ် သီရိလင်္ကာ မိတ်ဆက်

ကြင်စဦးမောင်နှံများနှင့် ပြည်ပအလုပ်သမားများအတွက် အိမ်ချေးငွေအစီအစဉ် သီရိလင်္ကာ မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
11 Mar 2019 11:09 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

သီရိလင်္ကာအစိုးရက အသစ်စက်စက်ဇနီးမောင်နှံများအတွက် အိမ်ချေးငွေပါဝင် သော ချေးငွေထောက်ပံ့မှု အစီအစဉ်များနှင့်အတူ ၎င်း၏ ၂၀၁၉ ဘတ်ဂျက်(အသုံးစရိတ်) အဆိုပြုချက်အား မတ် ၅ တွင် တင်ပြခဲ့သည်။

၂၀၁၉ ဘတ်ဂျက်ပါ ထို Home Sweet Home အစီအစဉ်အရ starter home (ပထမဆုံးအကြိမ်အိမ်ဝယ်ယူမည့် လူငယ်များ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် အထူးဒီဇိုင်းထွင်တည်ဆောက်ထားသည့် ကျစ်လျစ်သောအိမ် သို့မဟုတ် တိုက်ခန်း) များကို ဝယ်ယူခွင့်ရှိသော ဇနီးမောင်နှံများအတွက် တစ်စုံတွဲလျှင် သီရိလင်္ကာရူပီး ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၄၂,၀၀၀) တန် ချေးငွေများ ထုတ်ပေးမည် ဖြစ်ကြောင်း သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီး မန်ဂလာက မိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။ ချေးငွေအား အတိုးနှုန်း ၆ ရာခိုင်နှုန်းဖြင့် ၂၅ နှစ်အတွင်း ပေးဆပ်နိုင်ကာ သတ်မှတ်ချိန်ပြည့်မီသည်အထိ မကျေသေးပါက နှစ်နှစ်ကြာရွှေ့ဆိုင်းပေးမည်ဖြစ်သည်။

၂၀၁၉ ဘတ်ဂျက်တွင် Dream Home ဟူသော ချေးငွေအစီအစဉ်တစ်ရပ်လည်း ပါဝင်သည်။ တန်ဖိုးအလယ်အလတ်တိုက်ခန်းများနှင့် အိမ်များကို ရှာဖွေနေသော ပြည်ပအလုပ်သမားများအတွက် အကျိုးရှိစေမည့် ချေးငွေအစီအစဉ်ဖြစ်သည်။

၎င်းတို့အနေဖြင့် ချေးငွေ သီရိလင်္ကာရူပီး ၁၀ သန်း ရရှိနိုင်မည်ဖြစ်ပြီး ၁၅ နှစ်အတွင်း ပေးချေနိုင်ကာ သတ်မှတ်ချိန်ရွှေ့ဆိုင်းကာလမှာ နှစ်နှစ်ပင်ဖြစ်သည်။ ချေးငွေထုတ်ယူနိုင်သူများမှာ ပြည်ပအလုပ်သမားများအဖြစ် ပြည်ပအလုပ်သမား ငှားရမ်းခန့်အပ်မှုဌာနတွင် မှတ်ပုံတင်ထားသူများဖြစ်သည်။

GCE A Level စာမေးပွဲအောင်မြင်ထားသည့် ကျောင်းသားများအနေဖြင့်လည်း သူတို့၏ တတိယအဆင့်ပညာရေးအတွက် သီရိလင်္ကာရူပီး ၁ ဒသမ ၁ သန်း ချေးငွေထုတ်ယူနိုင်မည်ဖြစ်သည်။ ဤကျောင်းသားချေးငွေအစီအစဉ်ကို My Future ဟု အမည်ပေးထားပြီး ၁၂ နှစ်အတွင်း ပေးဆပ်နိုင်မည်ဖြစ်ကာ သတ်မှတ်ချိန်ရွှေ့ဆိုင်းကာလမှာ နှစ်နှစ်ပင်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး မန်ဂလာက ၂၀၁၉ ဘတ်ဂျက်သည် ထောက်ပံ့ကြေးနှင့် အခွန်ငွေ သီရိလင်္ကာရူပီး ၂,၄၆၄ ဘီလျံကိုမူတည်၍ စုစုပေါင်း သီရိလင်္ကာရူပီး ၃,၁၄၉ ဘီလျံ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service