e-Government စနစ်ဖော်ဆောင်ရန် ပုဂ္ဂလိကဒေတာစင်တာ ငှားရမ်းသုံးစွဲမည်

e-Government စနစ်ဖော်ဆောင်ရန် ပုဂ္ဂလိကဒေတာစင်တာ ငှားရမ်းသုံးစွဲမည် - Property News in Myanmar from iMyanmarHouse.com
11 Mar 2019 10:51 am တွင် တင်ခဲ့သည်
757 ကြိမ် ကြည့်ရှု့ပြီး

e-Government စနစ် အကောင်အထည်ဖော်ဆောင်ရာ တွင် အသုံးပြုမည့် ဘက်စုံစုပေါင်း ဒေတာစင်တာကို တည်ဆောက်နိုင်ခြင်းမရှိသည့်ကာလ၌ ပုဂ္ဂလိက ဒေတာစင်တာတစ်ခု ငှားရမ်းသုံးစွဲမည်ဟု e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေကပြောသည်။

ပုဂ္ဂလိက ဒေတာစင်တာငှားရမ်း စိစစ်ရေးကော်မတီဖွဲ့စည်းမည်ဟု ယမန်နေ့ကပြုလုပ်သည့် e-Government ဦးဆောင် ကော်မတီ အစည်းအဝေးတွင် ဒုတိယသမ္မတက ပြောသည်။ ဘက်စုံစုပေါင်းဒေတာစင်တာသည် e-Government စနစ်ကိုအကောင်အထည်ဖော်ရာတွင် အဓိကအရေးပါသည့် အကြောင်းအရာဖြစ်သည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် e-Government ဘက်စုံစုပေါင်းဒေတာစင်တာကို ကိုရီးယားနိုင်ငံ Economic Development Cooperation Fund (EDCF)ချေး ငွေဖြင့် တည်ဆောက်မည်ဟုကြေ ညာထားသည်။

ချေးငွေ ၉၃ ဒသမ ၇၇၉ သန်းကို EDCF ထံမှရရှိရန် ညှိနှိုင်းဆဲဖြစ်သည်ဟု ဒုတိယသမ္မတ ကပြောသည်။

လက်ရှိအချိန်၌ e-Government ဘက်စုံစုပေါင်းဒေတာစင်တာ အကောင်အထည်ဖော်ရန် ၃ နှစ်ခန့်ကြာမြင့်နိုင်သည်ဟု၎င်းကပြောသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် e-Government ဘက်စုံစုပေါင်းဒေတာစင်တာ၏ သရုပ်ဖော်ဗီဒီဖိုင်ကို ၂၀၁၈ အောက်တိုဘာတွင် ထုတ်ဖော်ပြ သခဲ့သည်။

e-Government ဘက်စုံစု ပေါင်းဒေတာစင်တာသည် အစိုးရ၀န်ဆောင်မှုကွန်ရက်ကို မြန်နှုန်း မြင့် လုပ်ဆောင်ပေးမည့်အပြင် Cloud ၀န်ဆောင်မှုများ၊ Co Location ၀န်ဆောင်မှုများကို လည်း ပေးအပ်မည်ဟု သရုပ်ဖော် ဗီဒီယိုဖိုင်တွင် ဖော်ပြထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ကြေညာချက်၌အဓိက e-Government ဘက်စုံစုပေါင်းဒေတာစင်တာကို နေပြည်တော်တွင် တည်ဆောက်မည်ဖြစ်ပြီး အရန်ဒေတာစင်တာ ကို သန်လျင်၌ တည်ဆောက် မည်ဖြစ်သည်။ အဆိုပါဒေတာ စင်တာသည် အဆင့်သတ်မှတ် ချက် Tier 3 ရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service