ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ဘယ်ကဏ္ဍတွေမှာ တိုးတက်မှု ရှိလာမလဲ ??

ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ဘယ်ကဏ္ဍတွေမှာ တိုးတက်မှု ရှိလာမလဲ ?? - Property News in Myanmar from iMyanmarHouse.com
11 Mar 2019 10:35 am တွင် တင်ခဲ့သည်
1128 ကြိမ် ကြည့်ရှု့ပြီး

မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ရေးလုပ်ငန်းများ တိုးတက်လာနေသည့်အတွက်၊ ရခိုင်ဒေသတွင် သဘာဝအခြေခံသော ခရီးသွားလုပ်ငန်းများကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲအခမ်းအနားမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်သည်။ ချိုဗာကျွန်း (Cheduba Island) ဟုလည်း လူသိများသည့်ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး ရမ်းဗြဲကျွန်းနှင့်နီးကပ်သည့် ကျွန်းဖြစ်သည်။ ကျွန်းပတ်လည်မှာ ၅၅ မိုင်ခန့်ရှိပြီး ကျွန်း၏စုစုပေါင်းဧရိယာမှာ ၂၀၂ ဒသ ၁၅ စတုရန်းမိုင်ရှိသည်။

မာန်အောင်ကျွန်းသည် ထူးခြားသည့် ရေမျက်နှာလွင်ပြင်များနှင့် သန့်ရှင်းပြီး ရှည်လျားသောပင်လယ်ကမ်းများရှိသော ကျွန်းဖြစ်သဖြင့် ဘာဝအခြေခံသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာကောင်းများရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လာရောက်ရနှီးမြှုပ်နှံရန် အဓိကဆောင်ရွက်လျက်ရှိသည့် စင်ကာပူ၊ ကိုရီးယား၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနက် လက်ရှိတွင် စင်ကာပူက အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

“ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက်ကတော့ စင်ကာပူနိုင်ငံကနေ အများဆုံးလာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာတွေ့ရပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို နှိုင်းယှဉ်ပါက စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်ထားခြင်းဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင်မူမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အများဆုံးဝင်ရောက်ထားခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit: The Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service