သန်းကြွယ်သူဌေးတစ်ဦးက မိသားစုပုံတူများ ထွင်းထုရန်အတွက် တောင်တစ်လုံးဝယ်ယူရန် ရှာဖွေလျက်ရှိပြီး ပေါင် ၁၂ ပေးမည်ဟုဆို

သန်းကြွယ်သူဌေးတစ်ဦးက မိသားစုပုံတူများ ထွင်းထုရန်အတွက် တောင်တစ်လုံးဝယ်ယူရန် ရှာဖွေလျက်ရှိပြီး ပေါင် ၁၂ ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Mar 2019 11:47 am တွင် တင်ခဲ့သည်
807 ကြိမ် ကြည့်ရှု့ပြီး

အကယ်၍ သင်သာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်ခဲ့မည်ဆိုပါက မည်သည့်အရာများ လုပ်ဆောင်မည်နည်းဟု မေးလျှင် သင်ဖြေဖွယ်ရှိသည်မှာ မိဘများကို နေအိမ်ကောင်းကောင်းတစ်လုံးဝယ်ပေးမည်၊ တစ်သက်တွင် တစ်ကြိမ်သာကြုံရနိုင်သည့် ခရီးစဉ်မျိုး ထွက်မည်ဟု ဖြေဖွယ်ရာရှိသည်။

ယခုသန်းကြွယ်သူဌေးကြီးတစ်ဦးကား သူ၏ မိသားစုကို မည်သည့်အခါမျှ မမေ့ပျောက်သွားစေနိုင်မည့် ကျောက်ရုပ်တုများ ထွင်းထုထားရှိရန်အတွက် နေရာကောင်းရှာဖွေလျက်ရှိသည်။

ယင်းသူဌေးကြီးသည် HushHush.com အမည်ရှိ ဝက်ဘ်ဆိုက်တွင် လည်ဆွဲတစ်ခု ဝင်ရောက်ဝယ်ယူပြီးနောက်ကျောက်တောင်တစ်ခုခု ကို ပေါင် ၁၂ သန်းဖြင့် ဈေးပေးကာ ဝယ်ယူလိုကြောင်း ဝက်ဘ်ဆိုက်ထံ ဆက်သွယ်ခဲ့သည်။ သို့နှင့် သူဌေးကြီးက ဝက်ဘ်ဆိုက်မှ ဝန်ထမ်းတစ်ဦးထံ စာရေးသားပေးပို့ခဲ့၏။

“ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ဇနီးက ဒီလည်ဆွဲကို တော်တော်သဘောကျနေပါတယ်။ နောက်ထပ်တစ်ခုလောက် အကူအညီတောင်းစရာရှိပါတယ်။

အရောင်းဈေးကွက်ဝင်လာတဲ့ တောင်တစ်ခုများ ရှိလားဆိုတာ သိမလား မေးချင်လို့ပါ။ ဒီတောင်ကို ဝယ်ပြီးရင် ကျွန်တော်တို့ မိသားစုရဲ့ မျက်နှာပုံတွေကိုထွင်းထားချင်လို့ စုံစမ်းရတာပါ။ မိသားစုကို ထာဝရတည်တံ့နေအောင်လုပ်ရတာဟာ ပျော်စရာဖြစ်ပြီး တမူထူးခြားတဲ့ အလုပ်တစ်ခုပါ။ Mount Rushmore တောင်လိုမျိုးပေါ့။”

အဆိုပါသူဌေးကြီး ပြောကြားရာတွင် ပါဝင်သည့် Mount Rushmore တောင်ဟူသည်မှာ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်တွင် တည်ရှိသည်။

အဆိုပါတောင်၏ ကျောက်နံရံများတွင် ပန်းပုပညာရှင် ဂတ်ဇွန် ဘော်ဂလမ်က ၁၉၂၇ ခုနှစ်မှ ၁၉၄၁ ခုနှစ်အကြား သားဖြစ်သူ၏ အကူအညီဖြင့် အမေရိကန်သမ္မတကြီးများဖြစ်သော ဂျော့ခ်ျဝါရှင်တန်၊ သောမတ်စ် ဂျက်ဖာဆင်၊ သီအိုဒို ရုစဗဲ့နှင့် အေဗရာဟမ်လင်ကွန်းတို့၏ ရုပ်ပုံများကို ထွင်းထုထားခဲ့ခြင်း ဖြစ်သည်။

ပေါင် ၁၂ သန်းမှာ တောင်အတွက် ပေးမည့်ဈေးနှုန်းဖြစ်ပြီး ရုပ်ပုံများထွင်းထုရန်အတွက် ပညာရှင်များ ငှားရမ်းရဦးမည် ဖြစ်သည်။

တောင်ကုန်းမှာ သူဌေး၊ သူ၏ဇနီး၊ သားသမီး ၄ ဦးနှင့် ၎င်းတို့၏အိမ်မွေးခွေးများအားလုံးကို ထွင်းထုနိုင်ရန် ကြီးမားရမည်ဖြစ်သည်။

အဆိုပါသူဌေးမှာ လက်ရှိအချိန်ထိ လူသိမခံလိုသေးသောကြောင့် မည်သူဖြစ်သည်ကိုမူ မသိရသေးချေ။

လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း မိသားစုအတွက် ကျွန်းတစ်ကျွန်းဝယ်ယူလက်ဆောင်ပေးခဲ့ဖူးသည်။

အကယ်၍ သင့်တွင် တောင်တစ်လုံးလုံး ပိုင်ဆိုင်ထားသည်ဆိုပါက ပေါင် ၁၂ သန်းရရှိမည့် အခွင့်အရေးပင် ဖြစ်သည်။

သင်၏ တောင်ကုန်းကို ရောင်းချနိုင်ရန်အတွက် https://t2m.io/xykXYmJV အင်တာနက်လင့်ခ်တွင် ဝင်ရောက်လျှောက်ထား ရောင်းချနိုင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service