မိုက်ကယ်ဂျက်ဆင်ပိုင်ဆိုင်သော ဧကပေါင်း ၂၇၀၀ ကျယ်ဝန်းသည့် နဲဗားလန်းယာတောခြံကြီးကို ကန်ဒေါ်လာ သန်း ၁၀၀ မှ ၃၁ သန်းအထိ လျှော့ချကာ အရောင်းဈေးကွက်တင်

မိုက်ကယ်ဂျက်ဆင်ပိုင်ဆိုင်သော ဧကပေါင်း ၂၇၀၀ ကျယ်ဝန်းသည့် နဲဗားလန်းယာတောခြံကြီးကို ကန်ဒေါ်လာ သန်း ၁၀၀ မှ ၃၁ သန်းအထိ လျှော့ချကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
8 Mar 2019 11:26 am တွင် တင်ခဲ့သည်
2694 ကြိမ် ကြည့်ရှု့ပြီး

King of Pop ဟု တင်စားကြသော ပေါ့ပ်ဂီတဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ကို ၁၉၅၈ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဂရေးအရပ်တွင် မွေးဖွားသည်။

မိဘများမှာ ဂျိုးဆက် ဝေါလ်တာ နှင့် ကက်သရင်းအက်စ်သာတို့ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် ခုနှစ်ယောက်မြောက်ဖြစ်သည်။ ငယ်မည်မှာ မိုက်ကယ် ဂျိုးဆက် ဂျက်ဆင် ဖြစ်သည်။ ညီမအငယ်ဆုံးမှာ ဂျက်နက်ဂျက်ဆင်ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် ညီအစ်ကိုများနှင့် အတူ The Jackson Five ကို ဖွဲ့စည်းကာ ကလေးဘဝကတည်းက အနုပညာခြေလှမ်းများ စတင်ခဲ့သည်။

နောက်ပိုင်းတွင် အဖွဲ့ကို The Jackson ဟု အမည်ပြောင်းလဲခဲ့သည်။ The Jackson နှင့်အတူ သီဆိုခဲ့သော I Want You Back (၁၉၆၉)၊ ABC (၁၉၇၀) နှင့် I’ll BeThere (၁၉၇၀) သီချင်းများ ထင်ရှားခဲ့သည်။

၁၉၇၂ ခုနှစ်တွင် တစ်ကိုယ်တော်တေးအယ်လ်ဘမ် Got to be There ထွက်ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဖျော်ဖြေပွဲ၌ ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး နှာခေါင်းရိုးကျိုးခဲ့ရာမှ အစပြုကာ မျက်နှာပြင် ခွဲစိတ်ကုသမှုများ စတင်ခဲ့သည်။

ထို့နောက် မျက်နှာခွဲစိတ်ကုသခြင်းကို ၁၉၈၄၊ ၁၉၈၅၊ ၁၉၈၇၊ ၁၉၉၁၊ ၁၉၉၃၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ နှင့် ၂၀၀၄ ခုနှစ်များတွင် ပြုလုပ်ခဲ့ရာ မျက်နှာကို မျက်နှာဖုံးစွပ်၍ သွားလာခဲ့ရသည်အထိ မျက်နှာအရေပြားများ ပျက်စီးခဲ့သည်။

၁၉၈၂ ခုနှစ်တွင် Thriller အယ်လ်ဘမ် ထွက်ရှိလာခဲ့ရာ ကမ္ဘာတစ်ဝန်း ချပ်ရေ ၁၀၉ သန်းကျော် ရောင်းချခဲ့ရပြီး အံ့ဖွယ် အောင်မြင်မှုဖြင့် သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့သည့်ပြင် ဂရမ်မီဆု (၈)ဆုလည်း ရရှိခဲ့ကာ billboard အရောင်းရဆုံး နံပါတ်တစ်နေရာတွင် ကိုးလကြာ ရပ်တည်ခဲ့သည်။

ကွယ်လွန်သူ ရော့ခ်အင်ရိုးဂီတဘုရင်ကြီး အဲလ်ဗစ် ပရက်စလေ၏ သမီး လီဆာ ပရက်စလေ နှင့် လက်ထပ်ခဲ့သော်လည်း နောက်ပိုင်းတွင် လမ်းခွဲခဲ့ကြသည်။

အထင်ကရအရှိဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ Dangerous World Tour ခရီးစဉ် ဖြစ်ပြီး ၁၉၉၂ ဝန်းကျင်က ဖြစ်သည်။

လန်ဒန်မြို့ O2အားကစားကွင်းကြီးတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကြီးအတွက် အလွန်အားခဲထားပြီး အစမ်းလေ့ကျင့်မှု (၄၅)ကြိမ်မျှ ပြုလုပ်ထားခဲ့သော်လည်း ဖျော်ဖြေပွဲမတိုင်မီတစ်လခန့်အလို ၂၀၀၉-ခုနှစ်၊ ဇွန်လ(၂၅)ရက်၊ ကြာသပတေးနေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ဒေသစံတော်ချိန် ၃း ၁၅ အချိန်တွင် ကွယ်လွန်သွားခဲ့သည်။

ကွယ်လွန်ချိန်၌ အသက်(၅၀)ရှိပြီ ဖြစ်သည်။ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ကြောင်း သတင်းကို ကြားသိပြီးနောက် ဆေးရုံအပြင်တွင် ပရိသတ်များ ငြိမ်သက်တိတ်ဆိတ်စွာ လာရောက်စုရုံးနေခဲ့သည်။

အင်္ဂလန်တွင်လည်း အကွက်မြင်သောစီးပွားရေးသမားတို့ က မိုက်ကယ်ဂျက်ဆင် အမှတ်တရအင်္ကျီ၊ ရင်ထိုးတံဆိပ်နှင့် အမှတ်တရ ပစ္စည်းများ ထုတ်လုပ်ရောင်းချကြရာ ရောင်းမလောက်ဟုသိရသည်။

မိုက်ကယ်ဂျက်ဆင်က ပရိသတ်များအား ထိုးပေးသော အမှတ်တရလက်မှတ်သည်ပင်လျှင် တန်ကြေး ဒေါ်လာနှစ်သောင်းထိ ဈေးပေါက်သည် ဟုသိရသည်။

၁၉၉၄ ခုနှစ်က ဂျပန်တွင် မိုက်ကယ်ဂျက်ဆင်က ပရိသတ်တစ်ဦးအား လက်ဆောင်ပေးခဲ့သည့် ဦးထုပ်မှာ ဒေါ်လာ ၅၀၀၀၀ ဖြင့် ဝယ်မည့်သူများရှိနေသည်။

Julien’s Auctions လေလံအဖွဲ့သည် အင်္ကျီနောက်ကျောတွင် မိုက်ကယ်ဂျက်ဆင်ကိုယ်တိုင် ငွေရောင်မင်ဖြင့် လက်မှတ်ရေးထိုး ထားသည့် အနက်ရောင်ဂျာကင်အင်္ကျီတစ်ထည်ကို နယူးယောက်မြို့တွင် ကျင်းပသော လေလံပွဲ၌ ကန်ဒေါ်လာ တစ်သိန်းဖြင့် စတင်ဈေးဖွင့်ခဲ့ပြီး ၃ သိန်းနီးပါးဖြင့် ရောင်းထွက်ခဲ့သည်။

မိုက်ကယ်ဂျက်ဆင်က အဆိုပါဂျာကင်အင်္ကျီကို bad အမည်ရှိ ကမ္ဘာလှည့်တေးဂီတဖျော်ဖြေရေးခရီးစဉ်အတွင်း ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၂၀၁၁ ခုနှစ်အတွင်းကလည်း thriller ဂီတဗွီဒီယိုတွင် ဝတ်ဆင်ခဲ့သည့်ဂျာကင်ကို ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် ရောင်းထွက်ခဲ့ဖူးသည်။

မိုက်ကယ်ဂျက်ဆင်အား နောက်ဆုံးနှုတ်ဆက်သည့် ဈာပနအခမ်းအနားကို လော့စ်အိန်ဂျလိစ်မြို့တော်ရှိ Staples စင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာကျော် အနုပညာရှင်များဖြစ်သော မာရိုင်ယာ ကာရေး၊ ဂျနီဖာဟတ်ဒ်ဆန်၊ လီယွန်နယ်လ်ရစ်ချီ၊ စတီဗီဝမ်းဒါး၊ ဂျွန်မေယာတို့က မိုက်ကယ်ဂျက်ဆင် ကြေကွဲအောက်မေ့ဖွယ် အခမ်းအနားတွင် ၎င်းတို့၏ အနုပညာဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။

သေဆုံးချိန်တွင် သား-ပရင့်စ်မိုက်ကယ်(၁)၊ပရင့်စ်မိုက်ကယ်(၂)၊ သမီး-ပဲရစ်ဂျက်ဆင် တို့ကျန်ရစ်ခဲ့သည်။

မိုက်ကယ်ဂျက်ဆင် မကွယ်လွန်မီတွင် ဧက ၂၇၀၀ ကျယ်ဝန်းသည့် ယခုခြံကြီးတွင် ၁၅ နှစ်ကြာနေထိုင်သွားခဲ့သည်။

ရောဘတ် အယ်လ်တီဗားစ်က ဒီဇိုင်းရေးဆွဲပေးထားပြီး အိပ်ခန်း ၆ ခန်း၊ ရေကူးကန်ဘေးနေအိမ်၊ အပြစ်ဆိုဖွယ်မရှိသော ပန်းဥယျာဉ်များ ပါဝင်သည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Compass ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော ဆူဇန်နီ ပါကင်စ်နှင့် ကိုင်လီ ဖော်ဆက်တို့ ဖြစ်ကြသည်။

“ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ သီးသန့်လွတ်လပ်မှုရှိပြီး ဧကပေါင်း ၂၇၀၀ ကျယ်ဝန်းတဲ့ ယာတောခြံကြီးတစ်ခုကို ပိုင်ဆိုင်နိုင်မယ့် တစ်သက်မှာ တစ်ကြိမ်သာကြုံရမယ့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်”ဟု ပါကင်စ်က ပြောကြားသည်။

“ဆန်တာဘာဘရာခရိုင်မှာ ကြီးမားတဲ့ မွေးမြူရေးခြံကြီးတွေ များစွာရောင်းချခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီခြံကတော့ ဘက်စုံက ထူးခြားတဲ့ခြံကြီးတစ်ခြံဖြစ်တယ်ဆိုတာ အထူးစဉ်းစားစရာမလိုဘဲ ပြောနိုင်ပါတယ်”ဟုလည်း ပါကင်စ်က ဆက်လက်ပြောကြားသည်။

မိုက်ကယ်ဂျက်ဆင်၏ ဘဝဇာတ်ကြောင်းကို အခြေခံသည့် တေးဂီတပြဇာတ်တစ်ခုကို Michael Jackson Estate နှင့် Columbia Live Stage တို့မှ ပူးပေါင်းထုတ်လုပ်သွားမည်ဖြစ်ပြီး ကွယ်လွန်သည့် ၁၁ နှစ်မြောက်ဖြစ်သည့် လာမည့် ၂၀၂၀ ခုနှစ်တွင် တင်ဆက်နိုင်ရန် စီစဉ်ထားသည်ဟုဆိုသည်။ ပြဇာတ်ကို ဘရော့ဒ်ဝေးတွင် ပြသနိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

မိုက်ကယ်ဂျက်ဆင်နှင့် စပ်လျဉ်းသည့် အိမ်ခြံမြေသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ယခင်ကလည်း ရေးသားတင်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက.......

(၁) https://www.imyanmarhouse.com/news/read/796823

(၂) https://www.imyanmarhouse.com/news/read/759663

(၃) https://www.imyanmarhouse.com/news/read/685205

(၄) https://www.imyanmarhouse.com/news/read/487643

 

အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service