ဗြိတိန်တွင် သင်္ချိုင်းကုန်းတစ်ခုအတွင်းဆောက်လုပ်ထားသည့် နေအိမ်တစ်လုံး ပေါင် ၅ သိန်းနီးပါး (မြန်မာငွေ သိန်းတစ်သောင်းခန့်) ဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်တွင် သင်္ချိုင်းကုန်းတစ်ခုအတွင်းဆောက်လုပ်ထားသည့် နေအိမ်တစ်လုံး ပေါင် ၅ သိန်းနီးပါး (မြန်မာငွေ သိန်းတစ်သောင်းခန့်) ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Mar 2019 11:12 am တွင် တင်ခဲ့သည်
1772 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်နိုင်ငံ အရှေ့တောင်ပိုင်း နော်ဖော့ခ် ခရိုင်တွင် သင်္ချိုင်းတစ်ခုအတွင်း ဆောက်လုပ်ထားသည့် နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။

အိပ်ခန်း ၃ ခန်းပါနေအိမ်ဖြစ်ပြီး ဝယ်ယူမည့်သူမရှိခြင်းကြောင့် ယခုအခါ ပေါင် ၁၀၅၀၀၀ အထိ ဈေးလျှော့ပေးလာသည်။

နော့သ် လိုဖန်အမည်ရှိ ကျေးရွာကလေးတွင် တည်ရှိပြီး မူလက မက်သဒစ်ဘုရားကျောင်းအဖြစ် အသုံးပြုခဲ့ဖူးသည်ဟု ဆိုသည်။

အဆိုပါ ဘုရားကျောင်းမှာ လာရောက်သူ တစထက်တစနည်းပါးလာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် ပိတ်သိမ်းလိုက်ကာ ယင်းနောက်ပိုင်းတွင် အိမ်ခြံမြေ developer တစ်ဦးက ဝယ်ယူသွားခဲ့သည်။

အဆောက်အအုံကို အပြည့်အဝ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားပြီးဖြစ်ကာ ရေချိုးခန်းသစ်များအပြင် မီးဖိုဆောင်သစ်တစ်ခုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါ developer သည် မူလက ကိုယ်တိုင်နေထိုင်ခဲ့ဖွယ်ရှိသော်လည်း နောက်ပိုင်းတွင် ကလေးများ၏ ကျောင်းနှင့် နီးစပ်သောနေရာတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ယင်းနောက်ပိုင်းကတည်းက အရောင်းဈေးကွက်သို့ ရောက်ရှိခဲ့ပြီး ရောင်းမထွက်သောကြောင့် ဈေးနှုန်း တစထက်တစ လျှော့ပေးခဲ့သည်။

ယခုခေါ်ဈေးမှာ ပေါင် ၄၉၅၀၀၀ ဖြစ်သည်။ (မြန်မာငွေ သိန်း ၉၈၀၀ ကျော်)

ယခုရောင်းချမှုတွင် သင်္ချိုင်းဂူများ မပါဝင်ဟုဆိုသည်။ သင်္ချိုင်းနေရာကို Church of England က ပိုင်ဆိုင်ထားသည်ဟု ဆို၏။

အင်မာဆန် ဒပ်တန်ဆိုသူက ပြောကြားရာတွင် “သင်္ချိုင်းကျောက်တိုင်တွေကြောင့် ဝယ်လက်တွေလက်တွန့်နေကြတာဆိုတာတော့ မှန်ပါတယ်။ ဒါက အရမ်းစတိုင်ကျတဲ့ အဆောက်အအုံတစ်ခုပါ။ ဒါပေမယ့် မျှော်လင့်ထားသလောက် အရောင်းအဝယ်လှုပ်ရှားမှု မရှိဘဲ အရမ်းနည်းနေတယ်။”

သင်္ချိုင်းရှိတယ်ဆိုတာနဲ့တင် လူတွေက အိမ်ကြည့်ဖို့ စုံစမ်းတာမျိုးတွေ ဆက်မလုပ်တော့တာလို့ ထင်ပါတယ်။

နေအိမ်ရှေ့ဘက်တွင် မူရင်းတံခါး ၂ ခုရှိသော်လည်း နောက်ဘက်မှ အဓိကဝင်ပေါက်ပြုလုပ်ထားသည်။

“ဒါက ဘာလဲဆိုတော့ လူတွေဟာ အုတ်ဂူတွေကြားကဖြတ်ပြီး နေအိမ်ဆီကို သွားစရာမလိုဘူးဆိုတာပါ။”

ထို့အပြင် အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံကြောင့် နေအိမ်အတွင်းတွင် နေထိုင်ချိန်အတွင်းတွင်လည်း အုတ်ဂူများကို တွေ့မြင်နေရမည်ကား မဟုတ်ချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service