ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့သော စီမံကိန်းများ ကတိက၀တ်နှင့်မညီပါက ခွင့်ပြုချက်ရပ်ဆိုင်းရန်အဆို အတည်ပြု

ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့သော စီမံကိန်းများ ကတိက၀တ်နှင့်မညီပါက ခွင့်ပြုချက်ရပ်ဆိုင်းရန်အဆို အတည်ပြု - Property News in Myanmar from iMyanmarHouse.com
8 Mar 2019 10:49 am တွင် တင်ခဲ့သည်
748 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတော်ပိုင်မြေ ယာများ၊ အဆောက်အအုံများ နှင့်လုပ်ငန်းများအပေါ်အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်ခွင့် ပြုခဲ့သော စီမံကိန်းများပြန်လည် သုံးသပ်စစ်ဆေးကာ ကတိက၀တ်နှင့်မညီပါက ခွင့်ပြုချက်ရပ် ဆိုင်းရန်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ၀န်ကြီးဌာနက မှတ်တမ်းတင်ရန်လွှတ်တော်သို့ တင်ပြသော်လည်း ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးအတည် ပြုလိုက်သည်။

ပုလဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့်အဆိုကို ယမန် နေ့ (မတ်လ ၇ ရက်) ကကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။

နိုင်ငံတော်ပိုင် မြေယာများ၊ အဆောက်အအုံများ၊ လုပ်ငန်း များအပေါ်အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်ခွင့်ပြုခဲ့သော စီမံကိန်းများအား ပြန်လည်သုံးသပ်စစ်ဆေးကာ ကတိက၀တ်နှင့် မညီညွတ်ပါက ခွင့်ပြုချက်ရပ် ဆိုင်းခြင်း၊ ထိုက်သင့်သောအရေး ယူမှုများပြုလုပ်ခြင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၊ ဒေသခံပြည်သူ များ၊ လုပ်ငန်းရှင်များအတွက်အ ကျိုးရှိသော စီမံကိန်းသစ်များကို အကောင်အထည်ဖော်ခြင်းအား ဖြင့် နိုင်ငံပိုင်အရင်းအမြစ်များ အ တွက်အမှန်တကယ်အကျိုးရှိလာ စေရေးစီမံဆောင်ရွက်ပေးရန်အ ဆိုရှင်က အစိုးရအားတိုက်တွန်းသည်။

ဆွေးနွေးချက်များအပေါ် စီမံဘဏ္ဍာဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်းရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၂၀၁၁ မှ လက်ရှိ အချိန်အထိ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများအသုံးပြု၍ လုပ်ငန်းဆောင်ရွက်သည့် လုပ် ငန်း ၁၆၉ ခုခွင့်ပြုပေးခဲ့ကြောင်း ပြောသည်။

ယင်းလုင်ငန်းများသည် ပြည်တွင်းကုန်ကြမ်းများအပေါ် တန်ဖိုးမြှင့်ထုတ်လုပ်သည့်ကုန် ထုတ်လုပ်ငန်းများ၊ ပို့ကုန်မြှင့်တင် ၍သွင်းကုန်အစားထိုးသည့်ကုန် ထုတ်လုပ်ငန်းများ၊ လမ်းတံတား၊ ကုန်းတွင်း ဆိပ်ကမ်းများ၊ နိုင်ငံ တကာဆိပ်ကမ်းများနှင့် နိုင်ငံတ ကာလေဆိပ်များ၊ နိုင်ငံတကာအ ဆင့်မီဟိုတယ်များ၊ နိုင်ငံတကာ အဆင့်မီအိမ်ရာနှင့် ရုံးခန်းများ တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်းများ၊ ဈေးဝယ်စင်တာများနှင့် စူပါမားကက်များပါဝင်ကြောင်း ဒုဝန်ကြီးကရှင်းပြသည်။

ယင်းလုပ်ငန်းများသည်လုပ်ငန်းလည်ပတ်လျက်ရှိပြီး နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုလုပ် ငန်းများကို သိသာစွာအထောက် အကူပြုလျက်ရှိသကဲ့သို့ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနေကြောင်း၊ တစ်ဖက်တွင် လည်း နိုင်ငံတော်အတွက်အကျိုး ရှိစေမည့် လုပ်ငန်းတစ်စုံတစ်ရာ မရှိသောလုပ်ငန်းများကို ရပ်ဆိုင်း ခြင်း၊ ပြန်လည်လွှဲပြောင်းရယူခြင်း များပြုလုပ်ခဲ့သည်ဟုဆိုသည်။

ချုပ်ဆိုပြီးစာချုပ်များကိုပြန် လည်စိစစ်ပြီး ပြန်လည်ညှိနှိုင်းရန် လိုအပ်သည့် အချက်များရှိပါက လည်းစာချုပ်တွင် ထည့်သွင်းရေး ဆွဲထားသည့်အချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများအတိုင်းပြန် လည်ညှိနှိုင်းပြင်ဆင်ရေးကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းပြောကြားသည်။

‘‘ထို့ကြောင့် ကိုယ်စားလှယ် တော်ကြီး ဒေါ်ခင်စန်းလှိုင်ရဲ့အဆို မှာဖော်ပြထားတဲ့အချက်များဟာ လက်ရှိဆောင်ရွက်နေတဲ့အချက် များဖြစ်ပြီးနောင်မှာလည်း ပိုမို ကောင်းမွန်အောင်စီမံချက်များချ မှတ်ဆောင်ရွက်လျက်ရှိတဲ့ အ ချက်များဖြစ်တဲ့အတွက်၎င်းအဆို ကို မှတ်တမ်းတင်ပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်လေးစားစွာတင်ပြအပ်ပါတယ်။ လွှတ်တော်ရဲ့အဆုံးအဖြတ်ကို နာခံမည်ဖြစ်ကြောင်းကို လည်းတင်ပြအပ်ပါတယ်’’ ဟု ဒု ၀န်ကြီး ဦးဆက်အောင်ကပြောသည်။

အဆိုရှင် ဒေါ်ခင်စန်းလှိုင်က မူ ‘‘ ဒီကနေ့ကျွန်မတို့ကိုယ်စားလှယ်တွေ ထောက်ခံဆွေးနွေး သွားတာတွေဟာ အမှားတွေကို ထောက်ပြ ဆွေးနွေးသွားတာမဟုတ်ဘဲနဲ့နိုင်ငံပိုင်အရင်းအမြစ် များတွေကို အမှန်တကယ်အကျိုး ရှိစေရန်အတွက် စီမံဆောင်ရွက်စေချင်လွန်းလို့မို့ သဘောထား ကြီးကြီးနဲ့မြေပြင်မှာ ဒီကနေ့ တကယ်ပကတိဖြစ်ပျက်နေတဲ့အခြေအနေတွေရဲ့အပေါ်မှာအားလုံးက၀ိုင်းဝန်းအကြံပြုပြောဆိုပြီး နိုင်ငံတော်အကျိုး၊ နိုင်ငံတော် မျက်နှာကိုမူပြီး ပြောဆိုသွားကြ တာပဲဖြစ်ပါတယ်’’ဟုပြောသည်။

ဒုဝန်ကြီးက ဆက်လက် အကောင်အထည်ဖော်နေသည် ဆိုခြင်းကို နားလည်လက်ခံသော် လည်းအကောင်အထည်ဖော်ရန် နှောင့်နှေးနေမှုများကြောင့်ပြဿ နာများစွာဖြစ်နေကြောင်း ဒေါ်ခင် စန်းလှိုင်ကပြောသည်။

‘‘အကြောက်တရားကင်း ကင်းခေါင်းကြီးကြီးနဲ့ စဉ်းစားမယ် ဆိုရင် ကျွန်မရဲ့အဆိုရဲ့စေတနာ ကို အားလုံးသိကြမှာပဲဖြစ်ပါ တယ်’’ ဟု ၎င်းကဆိုသည်။

ယခင်အစိုးရများမည်ကဲ့သို့ မှားယွင်းခဲ့သည်ဖြစ်စေ နောင် ဆက်ခံသည့် အစိုးရကထိန်း ကျောင်းတည့်မတ်ပေးရမည်ဖြစ် ကြောင်း ဒေါ်ခင်စန်းလှိုင်ကပြော ကြားပြီးအဆိုကို အတည်ပြုပေး ရန်လွှတ်တော်သို့တင်ပြသည်။

ဝန်ကြီးဌာနနှင့် အဆိုရှင် သဘောထားကွဲလွဲ၍ မဲခွဲဆုံးဖြတ် ရာအဆိုကို ထောက်ခံသူများ၍ လွှတ်တော်ကအတည်ပြုခဲ့သည်။ မဲပေးခွင့်ရှိသူ ၄၀၀ ရှိရာထောက် ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၁၁၇မဲ ကြားနေမဲ လေးမဲဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service