ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရာတွင် ဗီယက်နမ်၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တည်းခိုခဲ့သော မီလီယာဟိုတယ်

ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရာတွင် ဗီယက်နမ်၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တည်းခိုခဲ့သော မီလီယာဟိုတယ် - Property News in Myanmar from iMyanmarHouse.com
8 Mar 2019 10:20 am တွင် တင်ခဲ့သည်
942 ကြိမ် ကြည့်ရှု့ပြီး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် မြောက်ကိုရီးယားမှ တရုတ်ပြည်ကို အထူးမီးရထားဖြင့် ဖြတ်သန်းကာ ဗီယက်နမ်သို့ ခရီးထွက်ခဲ့သည်။

ဗီယက်နမ်သို့ ရောက်သောအခါ ဟနွိုင်းရှိ မီလီယာဟိုတယ် Melia Hanoi တွင် တည်းခိုခဲ့သည်။

ဟနွိုင်းသည် မူလကပင် ကမ္ဘာလှည့်ခရီးသည်တို့အကြား ရေပန်းစားကျော်ကြားပြီးဖြစ်သည့် မြို့တော်ကြီးဖြစ်သော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လာရောက်တည်းခိုပြီးနောက်ပိုင်းတွင် ကမ္ဘာ့သတင်းမီဒီယာတို့အကြား တဟုန်ထိုး ထင်ရှားလာသည်။

ဟနွိုင်း၏ သမိုင်းဝင်ဗိသုကာများ၊ ယဉ်ကျေးမှုဆိုင်ရာ နေရာများ၊ အရသာထူးကဲသည့် စားသောက်ဖွယ်ရာတို့ကလည်း အဆိုပါ အခင်းအကျင်းကို အထောက်အပံ့ပြုနေသည့်အရာများ ဖြစ်ကြသည်။

သို့သော ဟနွိုင်းသို့ သွားရောက်လည်ပတ်ရန် လတ်တလောအစီအစဉ်ရှိနေသူတို့၏ စိတ်ထဲတွင် ရှိနေနိုင်သည့် မေးခွန်းတစ်ခုမှာ “ထရမ့်နှင့် ကင်ဂျုံအန်တို့ မည်သည့်နေရာများတွင် တည်းခိုခဲ့သနည်း”ဟူသော မေးခွန်းဖြစ်ဖွယ်ရှိသည်။

ကင်ဂျုံအန်သည် Melia Hanoi ဟိုတယ်တွင် တည်းခိုခဲ့သည်ဟု ယူဆရသည်။

သူ၏ ယာဉ်တန်းအုပ်စုက Melia Hanoi ဟိုတယ်သို့ ဖေဖော်ဝါရီ ၂၇ မနက်ပိုင်းတွင် ရောက်ရှိခဲ့ကြသည်။

ကင်ဂျုံအန်သည် မြောက်ကိုရီးယားမှ အထူးရထားဖြင့် တရုတ်ပြည်ကို ဖြတ်သန်းပြီး မိုင်ပေါင်း ၂၈၀၀ ကျော် ခရီးထွက်ခဲ့ရာတွင် ၂ ရက်ခွဲခန့် ကြာမြင့်ခဲ့သည်။

Melia Hanoi သည် စပိန်နိုင်ငံတွင် အခြေစိုက်သော Melia Hotels International ၏ ပိုင်ဆိုင်မှုအောက်တွင်ရှိပြီး လေထုံးကီယက်လမ်းပေါ်တွင် ၁၉၉၉ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည်။

ဟိုတယ်မှာ ၂၁ ထပ် အဆောက်အအုံဖြစ်ပြီး အခန်းပေါင်း ၃၀၆ ခန်း ပါဝင်ကာ ဟနွိုင်းမြို့လယ်တွင် တည်ရှိပြီး နာမည်ကျော် ဟွမ်ကီယန်ရေကန်ကြီးသို့ လမ်းလျှောက်သွားရုံဖြင့် အလွယ်တကူရောက်ရှိနိုင်သည့်အပြင် အစိုးရဧည့်ဂေဟာအိမ်တော်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။

ထို့အပြင် မြောက်ကိုရီးယားသံရုံးနှင့် တစ်မိုင်ပင် မကွာဝေးချေ။

Melia Hanoi တွင် အခန်းအမျိုးအစား အမျိုးမျိုးရှိရာ စတုရန်းမီတာ ၆၈ မီတာရှိသည့် "Level Suite" အမျိုးအစားမှသည် စတုရန်းမီတာ ၁၃၅ မီတာရှိသည့် Grand Suite ဟူသော အခန်းလည်း တစ်ခန်း ပါဝင်သည်။

သို့ရာတွင် ကင်ဂျုံအန် တည်းခိုခဲ့သည့်အခန်းမှာ အပေါ်ဆုံးအခန်းဖြစ်သော စတုရန်းမီတာ ၁၈၅ မီတာ ကျယ်ဝန်းသည့် Presidential Suite အခန်းဖြစ်ကြောင်း CNN က ခန့်မှန်းထားသည်။

အဆိုပါအခန်းသည် ၂၂ ထပ်မြောက်တွင် တည်ရှိပြီး master bedroom တစ်ခန်းအပြင် သီးခြားဧည့်ခန်း၊ ညစာစားခန်းနှင့် ရုံးခန်းနေရာတို့ ပါဝင်ကာ ဟွမ်ကီယန်ရေကန်ကြီးနှင့် မြစ်နီမြစ်တို့ကို စီးမိုးတွေ့မြင်နေရသည့် ရှုခင်းများ ပိုင်ဆိုင်ထားသည်။

Melia Hanoi တွင် အဓိကစားသောက်ဆိုင် ၂ ခုပါဝင်ပြီး El Patio Restaurant တွင် နိုင်ငံတကာပုံစံ ဘူဖေးရရှိနိုင်ပြီး နံနက်စာ၊ နေ့လယ်စာနှင့် ညစာတို့ ရရှိနိုင်ကာ El Oriental စားသောက်ဆိုင်တွင်မူ ဗီယက်နမ်နှင့် ထိုင်းအစားအစာများ ရရှိနိုင်သည်။

Melia Hanoi သည် ဟနွိုင်းရှိ ထိပ်တန်းကြယ်ငါးပွင့်အဆင့် ဟိုတယ်များတွင် အပါအဝင်ဖြစ်သော်လည်း ပြီးခဲ့သောနှစ်က စင်္ကာပူတွင် ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရမ့်တို့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ်ကာလအတွင်း ကင်ဂျုံအန်တည်းခိုခဲ့သည့် the St. Regis ဟိုတယ်လောက် အဆင့်မမြင့်လှချေ။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service